ဘိလပ်မဟာတန်း ကျောင်းသား – ၇

0
937

နေမဝင်အင်ပါယာဟောင်းမှ ကျောတစ်ခင်းစာ

(က)

တစ်ရက်သားတွင် အိမ်အောက် ကုန်းအဆင်းက အာရပ်ဆိုင်တွင် ဝယ် စရာရှိသည်များ သွားဝယ်သည်။  ထိုင်း ဆန်၊ ဝိုင်တစ်လုံးနှင့် သရက်သီးဖျော်ရည် တစ်ဘူး ဖြစ်သည်။

ကောင်တာ ရှေ့တွင် ဗြိတိန်သူဖြစ်ဖို့ များသည့် အဖြူကောင်မလေးတစ်ဦး ငွေရှင်းနေသဖြင့် ကောင်တာတွင် ရပ် စောင့်နေလိုက်သည်။ သူက အိတ်ထဲမှ အကြွေတွေ ထုတ်ရေနေတာ မပြီးနိုင်တော့။

သို့ဖြင့် ငွေရှင်းကောင်တာမှ လူကြီး က ““မင်းဟာ အသင့်ဖြစ်ရင်ပေး”” ဆိုလိုက် သဖြင့် ကိုယ့်အလှည့်ရောက်သွားသည်။ ငွေပေးချေကတ်ဖြင့် ရှင်းသဖြင့် စက်္ကန့် ပိုင်းသာ ကြာလိုက်သည်။

ပစ္စည်းများကို ကျောပိုးအိတ်ထဲ ထည့်တုန်း စောနက ငွေရေနေသည့် ကောင်မလေးက ကောင်တာက လူကြီးကို ပြန်ပြောလိုက်သည်။ ““မယူတော့ဘူး ရပြီ””ဟု ဆိုပြီး ပေါင်မုန့်ထုပ်ကို ပြန်ပေး လိုက်သည်။

အဲဒီတော့မှ သတိထားမိသည်။ သူဝယ်သည့် ပေါင်မုန့်ထုပ်က ၁.၃၈ ပေါင်တန်၊ မြန်မာငွေဖြင့် ဆိုပါက ၂၈၀၀ ကျပ်သာ ရှိသည်။

အဲဒီတော့ ကောင်တာလူကြီးက ““နေဦး မင်းမှာ ဘယ်လောက်ပါလဲ ပြကြည့်”” ဆိုပြီး ကောင်မလေးကို မေးလိုက်သည်။

ထိုတော့မှ ကောင်မလေးက သူ့အိတ်ထဲ မှ အကြွေစေ့တွေ ကောင်တာပေါ်တင် ပြန်ထုတ်ရေတွက်သည်။ ကိုယ်ကလည်း ဘေးမှာ ရှိနေသဖြင့် ရပ်ကြည့်နေမိသည်။

ပထမတော့ တစ်ပေါင်တန် (ကျပ်နှစ်ထောင်နှင့် ညီမျှ) အကြွေစေ့ ထွက် လာသည်။ နောက်တော့ ကြေးနီရောင် တစ်ပဲနိ (ကျပ် နှစ်ဆယ်ခန့်) တန်တွေပဲ ထွက်လာတော့သည်။ အဲသည် တစ်ပဲနိ တန်တွေကို တစ်ခုချင်းထုတ်နေတာ ကြည့်ရင်း မမြင်ရက်တော့။

ထိုကြောင့် အင်္ကျီအနွေးထည်ဘေး အိတ်ထဲမှာ အကြွေစေ့တွေကို ထုတ်ပြီး ပေါင်ဝက် (ကျပ် ၁၀၀၀ ခန့်) တန် အကြွေစေ့ကို ကောင်တာပေါ် တင်ပေး ခဲ့သည်။ ကောင်တာက လူကြီးကိုလည်း ပြောခဲ့သည်။

““သူ့အတွက်””

စောနက သူ့မှာ ရှိသည့် တစ်ပေါင် တန်အကြွေနှင့် ကိုယ်ပေးခဲ့တဲ့ ပေါင်ဝက် တန်ဆို ၁.၅ ပေါင် ဖြစ်သွားပြီ။ သူဝယ် ချင်တဲ့ ပေါင်မုန့်ထုပ်လေး ၁.၃၈ ပေါင် တန်အတွက် လောက်သွားပြီ။

(ခ)

ရိုဝီတစ်ယောက် မျက်ရည်ဖြိုင် ဖြိုင်ကျကာ ပြောနေသည်။

““ငါဘာလုပ်ရမှာလဲ။ ငါဘယ်သွား နေရမှာလဲ”” တကယ်တော့ ရိုဝီသည် ဗြိတိန်နိုင်ငံအတွက်၊ ဘုရင်မကြီးအတွက် အသက်ပေးတိုက်ခဲ့သော စစ်သားဟောင်း ကြီးတစ်ဦးဖြစ်သည်။ ဟောင်ကောင်နှင့် အိုင်ယာလန် စစ်မြေပြင်တွင် အမှုထမ်းခဲ့ သူဖြစ်သည်။ ယခု အသက်အရွယ်ရလာ တော့ နေစရာမရှိတော့။ အိမ်ခြေရာမဲ့ ဘဝရောက်သွားသည်။

ရိုဝီက သတင်းဌာနတစ်ခုကို ပြောဆို ချက်အရ လမ်းပေါ် အိပ်နေရသူ သူ့လို စစ်သားဟောင်းတွေ အများကြီးဟုဆို သည်။ တိုင်းပြည်ခေါင်းဆောင်တွေကို သူ နာကြည်းနေပုံရသည်။ သူတို့လိုလူ တွေအတွက် ထိုထက်ပို၍ များစွာ လုပ်နိုင် သည်ဟု သူယုံသည်။

အခုတော့ နိုင်ငံခေါင်းဆောင်တွေမှာ မြနထငအ (ဗြိတိန်ဥရောပမှ ခွဲထွက်ရေး) ဖြင့် သာ အလုပ်များနေသည်။ သူတို့ကို လှည့်မကြည့်ဟု ရိုဝီက ဆိုသည်။ သူတို့ မှာ လမ်းဘေး ပလက်ဖောင်းများပေါ်တွင် ရွက်ဖျင်တဲငယ်များ၊ စက်္ကူပုံးများကို အိပ်ရာလုပ် အိပ်နေရသည်။

““ငါတို့ကို ဘယ်လို အသက်ရှင်အောင် နေရမယ်ဆိုတာကို လေ့ကျင့်ပေးခဲ့တယ်။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ်၊ ရှင်သန်ရပ် တည်အောင် နေနိုင်တယ်””ဟု ရိုဝီက မျက် ရည်စက်လက်ဖြင့် သတင်းဌာနကို ဖြေကြား နေသည်။

ဒါပေမဲ့ ငါတို့ ဝေေ၀ဝါးဝါး (အနာဂတ် တွေနဲ့) အသက်ဆက်မရှင်နိုင်ဘူး၊ ဒါပေမဲ့ ငါတို့ အထီးကျန်ဆန်ဆန် အသက်ဆက်မရှင်နိုင်ဘူး

(ဂ)

အထက်ပါ ဖြစ်ရပ်နှစ်ခုတွင် ပထမတစ်ခုမှာ ကိုယ်တိုင်ကြုံဖြစ်သည်။ ဒုတိယတစ်ခုမှာ ရုပ်သံသတင်းတို တစ်ခု မှ ထုတ်နုတ်ထားခြင်းဖြစ်သည်။

ကမာ်္ဘပေါ်ရှိ လူအများစုလာလည်ချင် ကြသော၊ တနည်းအားဖြင့် တစ်ကြိမ် လောက်တော့ ဖြစ်ရင် ရောက်ဖူးချင်ကြ သော၊ ပြီးခဲ့သည့် ရာစုနှစ်ခန့်က ကမာ်္ဘကြီး ကို စိုးမိုးခဲ့သော၊ နေမဝင်အင်ပါယာကြီးဟု ပင် ခေါ်ထွင်ခဲ့သော ဗြိတိန်မှ အဖြစ်အပျက် ဖြစ်သည်။

ဘောလုံးသမားတစ်ဦးကို ပျမ်းမျှ ရက်သတ်္တပတ် တစ်ပတ်စာ လုပ်ခ ပေါင် ငါးသောင်း (မြန်မာငွေ သိန်းတစ်ထောင်) ပေးနိုင်သော ကမာ်္ဘကျော် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲရှိရာ နိုင်ငံတွင် ဖြစ်နေပုံ ဖြစ်သည်။

အိမ်ခြေရာမဲ့ ပြဿနာနှင့် ဆင်းရဲ ခြင်းသည် ဗြိတိန်တွင် ရုပ်သံသတင်းများ တွင်သာ မြင်နိုင်သော ပြဿနာ မဟုတ်ပါ။ ဘရစ်္စတိုမြို့လယ်သို့ ဆင်းသွားလျှင် လူဖြတ်တံတားများအောက်တွင်၊ လမ်း ဘေးပလက်ဖောင်းများ အောက်တွင်၊ နေအိမ်အဆောက်အအုံ အမိုးစွန်းများ အောက်တွင် ဖြစ်သလို နေထိုင် အိပ်စက် နေသော လူဖြူများကို မမြင်ချင်မှ အဆုံး ဖြစ်သည်။ ၂၄ နာရီ ဖွင့်ထားသော လေဆိပ် တွင်လည်း တွေ့ဖူးသည်။

ဘရစ်္စတိုမြို့တွင်းတွင် ညပိုင်းလမ်း လျှောက်ပါက ပိုသိသာသည်။ လမ်းတစ် လျှောက် ဂွမ်းစောင်ထူထူများ၊ စက်္ကူပုံး ထူထူများခင်းကာ အိပ်စက်နေသူများကို ဟိုဟိုသည်သည် တွေ့နိုင်သည်။ လူပြတ် သော နေရာများတွင် သူတို့ကို တွေ့လျှင် ခပ်လန့်လန့်၊ သို့သော် တစ်ခါမှတော့ အန်္တရာယ် မပြုဖူး။

ထိုမျှ အမြင်အားဖြင့် အိမ်ခြေရာမဲ့ များစွာတွေ့သည့်တိုင် ဘရစ်္စတိုမှာ ဗြိတိန် တွင် အိမ်ခြေရာမဲ့ ကိန်းဂဏန်း ထိပ်တန်း တွင် ရှိသည့် မြို့မဟုတ်ပါ။

ဗြိတိန်တွင် လန်ဒန်၊ ဘာမင်ဂန်၊ ဘရိုင်တန်၊ လူတန် စသည့်မြို့များတွင် အိမ်ခြေရာမဲ့ ဦးရေက ဗိုလ်စွဲနေသည်။

လန်ဒန်မြို့တော်တွင်၊ ပါရီမြို့တော် တွင်တော့ ရထားဘူတာများ၊ ရထားဘူတာ သို့ သွားသော မြေအောက်လမ်းများတွင် အများဆုံး တွေ့ရတတ်သည်။ တစ်ခါတစ်ရံ ခွေးအဖော်များနှင့် အတူလည်း အိပ်နေ တတ်ကြသေးသည်။

ဂါးဒီးယန်း သတင်းဌာန၏ ဖော်ပြ ချက်အရ ဗြိတိန်တွင် အိမ်ခြေရာမဲ့ ၃၂၀၀၀၀ ကျော် ရှိသည်ဟု ဆိုသည်။ ထားဝယ်မြို့ လူဦးရေထက်ပင် နှစ်ဆ ကျော်များသေးသည်။ လူ ၂၀၀ တွင် တစ်ဦးမှာ အိမ်ခြေရာမဲ့ဟုဆိုသည်။

ထိုသို့ အိမခြှရောမဲ့ ဖှဈရခှငြးတှငြ အကှောငြးရငြး မွားစှာရှိနိုငသြညြ။ ခွုပြ ပှောရပါက ပှူနာ နှဈမွိုးကှောင့ဟြုဆို သညြ။ ဗှိတိနြ၏ အိမခြှရောမဲ့အဖှဲ့ (ံသာနူနွ ူငညု) အဖှဲ့၏ အဆိုအရ တဈဦးခငွြး ပှူနာလညြး ရှိသလို၊ တိုငြးပှညြ အခှအနေကှေောင့လြညြး ပါသညဟြုဆိုသညြ။

တစ်ဦးချင်းပြဿနာများတွင်း စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး မကောင်းခြင်း၊ အရက်မူးယစ်ဆေးစွဲနေ ခြင်း၊ မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုး ရင်းချာ မရှိသဖြင့် ပူးတွဲနေထိုင်စရာ မရှိခြင်း၊ အချို့ကလည်း မိသားစု ပြဿနာ ကြောင့် အိမ်ပေါ်မှ ဆင်းလာရခြင်း တို့ ဖြစ်နိုင်သည်။ သတင်းတစ်ပုဒ်တွင် ဗြိတိန်ရှိ ပါကစ်္စတန်ဖွား မိဘနှစ်ပါးက ပါကစ်္စတန်ပြန်ကာ မိန်းမယူခိုင်းသဖြင့် ကတောက်ကဆဖြစ်ကာ အိမ်ပေါ်မှ ဆင်းလာသည့် လူငယ်လေးတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းကို ကြည့်ရှုမိလိုက် သေးသည်။ သူ အိမ်ရာမဲ့ဖြစ်နေသည်မှာ လေးနှစ်ရှိပြီ ဟူသတတ်။ ထိုသို့သော နှလုံးသားရေးရာနှင့် ရှေးထုံးအစဉ်အလာများ ကလည်း အိမ်ခြေရာမဲ့ ဖြစ်စေရခြင်း၏ အကြောင်းရင်း တစ်ရပ်အဖြစ် မှတ်ယူ လိုက်ရသေးသည်။

တိုင်းပြည်ပြဿနာများတွင် နိုင်ငံသား များကို ဈေးသင့်တင့်သော အများပြည်သူ အိမ်ရာများ လုံလောက်အောင် မဖန်တီး ပေးနိုင်ခြင်း၊ ဆင်းရဲချမ်းသာ မညီမျှခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း နှင့် အစိုးရ၏ လူမှုဖူလုံရေးစနစ် ညံ့ဖျင်းခြင်းတို့ပါ ဝင် သည်။

တစ်ရက်သားတွင် ဘရစ်္စတိုမြို့မှ မိတ်ဆွေ ရှေ့နေကြီးတစ်ဦး ဖြစ်သူ စတီဗင်နှင့် အိမ်ခြေရာမဲ့ ကိစ်္စ စကားပြော ဖြစ်တော့ အိမ်ခြံမြေဈေး ခေါင်ခိုက်နေ သည့်အကြောင်း ရောက်သွားသည်။ နိုင်ငံခြားသားများကို ဗြိတိန်တွင် နေထိုင် သည်ဖြစ်စေ မနေထိုင်သည်ဖြစ်စေ အိမ်ဝယ်ခွင့် ပြုလိုက်သည့်အချိန်မှ စ၍ အိမ်ခြံမြေဈေးများ သိသာစွာ ခုန်တက် သွားကြောင်း သူက ဆိုသည်။

အာရပ်သူဌေးများ၊ တရုတ်သူဌေး များမှာ အိမ်ခန်းများကို ဈေးကြီးပေးဝယ် ကာ ငှားရမ်းစားတော့သည်ဟု ဆိုသည်။ ဗြိတိန်မှာ သာမန်လူတန်းစားများမှာ အိမ်မဝယ်နိုင်ကြတော့။ ငှားသာနေနိုင် ကြရတော့သည်။ ထိုသို့ဖြင့် ရန်ကုန်တွင် သာမန်လခစားများ အငှားသံသရာလည် နေသကဲ့သို့ ဗြိတိန်တွင်လည်း ထိုသို့ သော လူတန်းစားဒုနှင့်ဒေး ရှိလာသည် ဟုဆိုသည်။

အလုပ်အကိုင်အသင့်အတင့်လည်း ကောင်းကောင်းရှိသည်၊ လူရိုသေ ရှင်ရိုသေ လစာရှိသည်၊ စားနိုင်သွားနိုင်လည်း ရှိသည်၊ သို့သော် တစ်သက် တာလုံး အိမ်ပိုင်ယာပိုင်မရှိသည့် လူတန်း စားများ မြို့ပြတွင် သိသိသာသာတိုးလာ နေသည်။ ထိုအခါ မြို့ပြဆင်းရခြင်းကို အဓိပ်္ပာယ်ဖွင့်ရာတွင် ဝင်ငွေတစ်ခုတည်း ဖြင့် မလုံလောက်တော့။

နိုင်ငံတကာတွင် သတ်မှတ်ထား သော စံနှုန်းအရ တစ်ရက်လျှင် ၁.၉ ဒေါ်လာ (မြန်မာငွေ ၂၉၀၀)  အောက် ဝင်ငွေရှိသူကို ဆင်းရဲသူဟု သတ်မှတ် သည်။ သို့သော် မြို့ပြနေသူများအတွက် ထိုဝင်ငွေမျှဖြင့် စားဝတ်နေ အရေးများ အတွက် မလွယ်လှ။ ထိုကြောင့် နောက်ပိုင်း သုတေသီများက ပိုမိုအမျိုးအစားစုံ လင် သော စံသတ်မှတ်ချက်များဖြင့် ချဉ်းကပ် လုပ် ဆောင်လာသည်။ ဝင်ငွေ တစ်ခုတည်း အပေါ်တွင် မတည်တော့။

ဥပမာ သုတေသနတစ်ခုတွင် ကမော်္ဘဒီးယား၊ ထိုင်း၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ နှင့် ဗီယက်နမ်နိုင်ငံတို့မှ မြို့ပြဆင်းရဲခြင်းကို တိုင်းတာရာတွင် ဝင်ငွေတစ်ခုတည်းမပေါ် မတည်တော့ဘဲ အခြား စံသတ်မှတ်ချက် ရှစ်ခုကိုလည်း ထည့်သွင်းစဉ်းစားသည်ကို တွေ့ရသည်။ ယင်းတို့မှာ ကောင်းမွန်သောဝန်းကျင်ရှိ သည့် အလုပ်အကိုင်၊ ဝန်းကျင်ကောင်း တွင် နေထိုင်ရမှု၊ အစာအဟာရပြည့်မီစွာ စားသုံးရမှု၊ ကလေးငယ်နှင့် လူငယ်တို့၏ ပညာသင်အခွင့်အလမ်း၊ ဥပဒေအရ အကာအကွယ်ရရှိမှု၊ သယ်ယူပို့ဆောင် ရေး စနစ်ကောင်း၊ စိတ်ချလုံခြုံရသော (မကြာခဏ ဟိုပြောင်းသည်ရွှေ့ နေထိုင် ရခြင်း မရှိသော) မြေအိမ်ရာ နှင့် နောက်ဆုံး နိုင်ငံရေးအရ မည်မျှ ပြောရေးဆိုခွင့်ရှိ သည်တို့ပါ ပါဝင်သည်။

ဗြိတိန်တွင် အိမ်ခြေရာမဲ့များကို ကူညီပေးနေသော အဖွဲ့များ ရှိသလောက် ရှိပါသည်။ ရန်ကုန်မြို့လှိုင်သာယာတွင် ကျူးကျော်များကို ကူညီပေးနေသော မြန်မာတစ်ဦး ဘရစ်္စတိုသို့ အလည်ရောက် လာသဖြင့် ဘရစ်္စတိုတွင် အိမ်ခြေရာမဲ့ များကို အကူအညီပေးနေသော နေရာဆီ ခေတ်္တလေ့လာရေးခရီးရောက်လိုက်သေး သည်။

ယင်းအဖွဲ့မှာ ပိုင်ရှင်က မသုံးဖြစ် သေးသော မြေကွက်လပ်တစ်ခုတွင် ကွန်တိန်နာများ၊ ဘတ်စ်ကား ဟောင်း များကို အိပ်စရာနေရာအဖြစ် အသွင် ပြောင်းထားသည်။ ကွန်တိန်နာတစ်လုံး တွင် ကုတင်တစ်လုံး၊ ရေချိုးခန်းနှင့် မီးဖို ခန်း တစ်ခန်းစီတော့ ရသည်။ အချို့ ကွန်တိန်နာများကို စုပေါင်း အိပ်ခန်း လုပ်ထားသည်၊ အချို့ကွန်တိန်နာများကို စုပေါင်း ရေချိုးခန်း လုပ်ထားသည်။ နှစ်ထပ် ဘတ်စ်ကားတစ်စီးကိုတော့ အမျိုးသမီးများအတွက် အိပ်ရာများ ဖန်တီးထားသည်။ စုစုပေါင်း အိပ်ရာ ၁၅ ခုခန့်ရှိမည် ထင်သည်။

အလုပ်ရှာမတွေ့၊ နေစရာ ရှာမ တွေ့သေးသော အိမ်ခြေရာမဲ့များကို ယင်းစင်တာတွင် လက်ခံသည်။ ခြောက်လ အတွင်း နေစရာ၊ အလုပ်အကိုင် တွေ့အောင် ရှာရမည်ဖြစ်သည်။ သို့သော် ယင်းစင်တာ သည်လည်း ကြာကြာခံမည် မဟုတ်ပါ။ နောက်နှစ် ဧပြီတွင် မြေနေရာတွင် ဆောက်လုပ်ရေး လုပ်ငန်းစတော့မည် ဆိုသဖြင့် အခြားနေရာသို့ ပြောင်းပေးရ တော့မည်။

အစိုးရက ဝန်ဆောင်မှု ပေးနေသော နေရာလည်း ရှိသည်။ ဟိုဟို သည်သည် လိုက်ရှာရင်း ဘရစ်္စတိုမြို့တော်ကောင်စီ ၏ အိမ်ခြေရာမဲ့တို့ အတွက် အကူအညီ ပေးရေး ဆိုင်ရာ အင်တာနက် စာမျက်နှာ ကို သွားဖတ်မိသည်။ နေစရာ၊ အိပ်စရာ မရှိသူများ နိုင်ငံသားဝန်ဆောင်မှု ဌာန (Citizen Serice Point ) သို့ ရုံးချိန်အတွင်း လာရောက်စုံစမ်းနိုင် ကြောင်း ယင်းစာမျက်နှာတွင်ကြေညာ ထားသည်။

သို့သော် လူတိုင်း နေစရာ၊ အိပ်စရာ ရမည်ဟု အာမမခံ။ သတ်မှတ် စံချိန်စံ နှုန်းနှင့် ညီမှသာ ရမည်ဟုဆိုသည်။

ရိုဝီတို့လို စစ်သားဟောင်းကြီးတွေ အတွက်တော့ ယင်းတို့က ခံပျင်းစရာ ဖြစ်ပေလိမ့်မည်။ သူတို့ တပ်ထဲမှာ ကျမ်းသစ်္စာဆိုစဉ်က ထိုသို့သော စံချိန်စံ နှုန်းများ မကြားဖူးပါဟုဆိုသည်။ ယခု နေစရာ မရှိတော့မှ စံချိန်စံညွှန်းတဲ့လေ။ ဘာပဲ ဖြစ်ဖြစ် တိုင်းပြည်အတွက် ပေး ဆပ်ခဲ့သော သူတို့အတွက် ထိုသို့ နေရ သည်မှာ မတန်ဟု ရိုဝီယူဆရင်း ထိုသို့ ဆိုလိုက်သည်။

“ကျောခင်းစရာ တစ်နေရာပေးပါ”

ဖစု

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ်္စတိုမြို့ရှိ ဘရစ်္စတိုတက်္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒမဟာဘွဲ့  (MSc Public Police) အတန်း တက်ရောက် သင်ယူနေသော ထားဝယ်ဒေသခံ တစ်ဦးဖြစ်သည်။ နိုင်ငံတကာတွင် ကျင့်သုံးနေသော တက်္ကသိုလ်ပညာရေး ပုံစံကို တို့ထိ မြည်းစမ်းနိုင်ရန်လည်း ကောင်း၊ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံ ရေး၊ ယဉ်ကျေးမှု ထုံးထမ်းဓလေ့များကို တစ်စိတ်တစ်ပိုင်း နားလည် သင်ခန်းစာ ယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ်ကြိမ် သို့မဟုတ် နှစ်ပတ် တစ်ကြိမ် ကဲ့သို့) အလျင်းသင့်သလို ဖော်ပြလျက်ရှိသည်။