ပင်လယ်ပြင်ထွက်မည့် ရေလုပ်သားများ လူကုန်ကူး မခံရရေး အသိပညာပေး ဟောပြော

0
585
ရေလုပ်သားများအား လူကုန်ကူးမခံရရေး အသိပညာပေးဟောပြောပွဲ

ကော့သောင်းခရိုင်းအတွင်းရှိ ပင်လယ် ပြင်ထွက်မည့် ကမ်းဝေးရေလုပ်သားများ လူကုန်ကူးမူမခံရအောင် အသိပညာပေး ဟောပြောခြင်းကို ဒီဇင်ဘာ ၂၃ရက်က ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနနှင့် လူကုန်ကူးမူ တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်း ကာ ရွှေဝက်ဝံတံတားတွင် ပြုလုပ်ခဲ့ကြသည်။

ရေလုပ်သားများ၊ ပဲ့နင်းကြီးများ၊ ကုမ္မဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လူကုန်ကူးမှု မဖြစ်ပွားရေးနှင့် တားဆီး ကာကွယ်ရေးကိစ်္စရပ်များ၊ ပင်လယ်ပြင် ဘေးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ ကိစ်္စရပ်များ၊ ဌာန၏ ညွန်ကြားချက်များမှ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား ပညာပေး ဟောပြောခဲ့ကြောင်း ကော့သောင်း ခရိုင် ငါးဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇင်က ဆိုသည်။

“အရင်ကလည်း လုပ်ပါတယ်၊ အခုက လုပ်ငန်းခွင်ထဲအထိ လိုက်ပြီး  အနီးကပ်ပညာပေးတာပါ”ဟု ဦးသန့်ဇင်က ဆိုသည်။

ကမ်းဝေးရေလုပ်သားများသည် ပင်လယ်ပြင်တွင် ရက်ရှည်လများ နေထိုင် ကြရသည့်အတွက် ယခုကဲ့သို့ အသိပညာ ပေး ဟောပြောခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ထိုင်းဘက်က တောင်းတဲ့ ထောက်ခံ ချက်လက်မှတ်ထဲမှာ  ငါးဖမ်းရေယာဉ်ပေါ်ပါတဲ့ ရေလုပ်သားတွေကို တရားဝင်ခိုင်း စေမှုရှိရဲ့လား ဆိုတဲ့အချက်ပါတော့ အခုလိုလုပ်ပေးတာ လှေရှင်တွေအတွက် အဆင် ပြေပါတယ်”ဟု ကမ်းဝေး ရေလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ရေလုပ်သားများအား ငါးလုပ်ငန်း ဦးစီးဌာနနှင့် လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးအဖွဲ့တို့က ပညာပေးလက်ကမ်း စာစောင်များလည်း ဖြန့်ဝေခဲ့ကြသည်။

                       မိုးအိ