ဆယ်တန်းကျောင်းသားလေးဦး အရိုက်ခံရသည့်ကိစ္စ သကျက်တောရဲစခန်းရှေ့ လူစု၊ လူဝေးဖြစ်

0
734

ဆယ်တန်းကျောင်းသား လေးဦး အရိုက်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး လောင်းလုံးမြို့နယ် သကျက်တော ရဲကင်း စခန်း အရှေ့တွင် ဒီဇင်ဘာလ ၂၇ ရက် ည ၇ နာရီခန့်က ကျေးရွာသား ၂၀၀ ခန့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း ယင်းကျေးရွာသား အချို့ထံမှ သိရသည်။

ယင်းည ၆ နာရီခွဲခန့်က ဘော်ဒါဆောင်တွင် စာကျက်နေသည့် ဆယ်တန်းကျောင်းသားလေးဦးကို သကျက်တော ရဲကင်းစခန်းတွင် နေထိုင်သည့် လူငယ် နှစ်ဦးက စက်ဘီး၊ ဆိုင်ကယ်တို့တွင် အသုံးပြုသည့် ချိန်းကြိုးဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း သကျက်တော ကျေးရွာသားအချို့က ဆိုသည်။

ကျောင်းသားများကို ရိုက်နက်ခဲ့သည့် လူငယ်နှစ်ဦးမှာ သကျက်တော ရဲကင်းစခန်းမှ စခန်းမှူး၏ သားနှင့် တပ် ကြပ်၏ သားများဖြစ်ကြောင်း လောင်းလုံးမြို့မရဲစခန်းနှင့် ယင်းကျေးရွာသားအချို့ထံမှ သိရသည်။

ယင်းကဲ့သို့ရိုက်နက်ပြီး သကျက် တော ရဲကင်းစခန်းထဲ ဝင်ပြေးသွားခြင်းကြောင့် ယင်းလူငယ်နှစ်ဦးကို ထုတ်ပေး ရန် ရွာသားများက သွားရောက်တောင်းဆိုခဲ့ သဖြင့် အဆိုပါ ရဲကင်းစခန်းအရှေ့တွင် မိနစ်သုံးဆယ်ခန့် လူစု၊ လူဝေးဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ကျွန်မတို့ ရဲစခန်းနယ်မြေထဲကိုတော့ မဝင်ဘူး။ အပြင်ကနေပြီး အခုဝင် ပြေးသွားတဲ့ လူနှစ်ယောက်ကို ထုတ်ပေး ဆိုပြီး ကျွန်မတို့ရွာက လူငယ်တွေက သွားပြောတယ်”ဟု ယင်းရဲစခန်းအရှေ့အထိ လိုက်ပါခဲ့သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

လူစုလူဝေး ဖြစ်ပေါ်နေသည့်အချိန် တွင် လောင်းလုံးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်များရောက်လာပြီး ကာယကံရှင် ကျောင်းသားများနှင့် ဘော်ဒါဆောင်ပိုင် ရှင်တို့ထံတွေ့ဆုံကာ ညှိနှိုင်းပေးမည်ဟု ပြောဆိုခဲ့သည့်အတွက် လူစုခွဲခဲ့ကြောင်း ကျေးရွာသားအချို့ထံမှ သိရသည်။

ယင်းကဲ့သို့ ရဲတပ်ဖွဲ့ဝင်၏ မိသားစုဝင် လူငယ်နှစ်ဦးက ကျောင်းသားများကို ဘော်ဒါဆောင်အတွင်းအထိ ၀င်ရောက် ရိုက်နက်ခဲ့မှုကို ကျေးရွာသားများအကြား ဝေဖန်မှု မြင့်တက်လျက်ရှိကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူ့အဖေက စခန်းမှူးဆိုတော့ ဂရု မစိုက်ဘူးဆိုတဲ့သဘော၊ လုပ်ချင်တိုင်း လုပ်လို့ ရတယ်ဆိုပြီး ဝင်လုပ်သွားတယ် လို့ပဲ ထင်တယ်”ဟု ယင်းအမျိုးသားက ဆိုသည်။

လောင်းလုံးမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းလွင်ကမူ ယင်းကိစ္စသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် မသက်ဆိုင်ဘဲ လူငယ် အချင်း ချင်းကြားတွင် ဖြစ်ပွားသည့် ပြဿနာတစ်ခုသာဖြစ်ကြောင်း ပြောသည်။

“တပ်ဖွဲ့ဝင်ရဲ့မိသားစုဖြစ်လို့ အနိုင် ထက်ပြုလုပ်တာမျိုး မဟုတ်ပါဘူး။ တကယ် လို့ မကျေနပ်လို့ အမှုဖွင့်မယ်ဆိုလည်း အရေးယူ ဆောင်ရွက်ပေးမယ်လို့ ဘော်ဒါ ဆောင်က အုပ်ချုပ်သူကိုရော၊ (အရိုက်ခံရတဲ့) ကလေးတွေကို သွားပြောထားတယ်”ဟု ဒုရဲမှူး ဝင်းလွင်က ဆိုသည်။

ကျောင်းသားများကို ၀င်ရောက်ရိုက် နက်ခဲ့သော လူငယ်နှစ်ဦး၏ ဖခင်များဖြစ် သည့် သကျက်တော ရဲကင်းစခန်းမှူးနှင့် တပ်ကြပ်တို့ကို ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးထံသို့  ယာယီပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခိုင်းထားပြီး ရိုက်နှက်မှုကျူး လွန်ခဲ့သူ လူငယ်နှစ်ဦးကိုမူ လောင်းလုံးမြို့ မရဲစခန်းတွင် ခေါ်ယူထားကြောင်း ဒုရဲမှူး ဝင်းလွင်က ပြောသည်။

အရိုက်ခံရသည့် ကျောင်းသားလေးဦး တို့တွင် ဦးခေါင်း၊ လက်၊ ခြေထောက် တို့တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသခံများနှင့် လောင်းလုံးမြို့မရဲစခန်းထံမှ သိရသည်။

Dawei Watch