ကျွန်းစုတွင် လင်မယားစကားများပြီး ငါးဖမ်းပိုက်မီးရှို့ရာမှ နေအိမ်မီးလောင်

0
698

ကျွန်းစုမြို့နယ်တွင် လင်မယားနှစ် ယောက်ရန်ဖြစ်ပြီး ငါးဖမ်းပိုက်ကို မီးရှို့ရာမှ နေအိမ် မီးလောင်ကျွမ်းခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်က ချောင်းကြီးဝရွာနေ အသက် ၃၅ နှစ်အရွယ် အမျိုးသားက ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး အိမ်ပေါ်ရှိ ငါးဖမ်းပိုက်အား မီးရှို့ရာမှ နေအိမ်ကို လောင်ကျွမ်းသွားကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

မီးလောင်မှုကြောင့် ငါးဖမ်းပိုက်များ နှင့် နေအိမ်၏နေရာအချို့ကို မီးလောင်ကျွမ်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၄၃၆ (အိမ်ကိုဖျက်ဆီးရန် ကြံရွယ်၍ မီးဖြင့် အကျိုး ဖျက်ဆီးမှု) ဖြင့် ကံမော်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အထက်ပါပုဒ်မကို ဖောက်ဖျက်ပါ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ် နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

                        ကိုဇော်