ကျွန်းစုတွင် အောင်ဘာလေထီလက်မှတ် ဆယ်စောင်တွဲကို သုံးသောင်းကျပ်ဖြင့် ရောင်းသူအား ဖမ်းဆီး

0
870

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင် အောင်ဘာလေထီလက်မှတ် ဆယ်စောင်တွဲတစ်တွဲလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ရောင်းချခဲ့သည့် အမျိုးသားတစ်ဦးအား ဒီဇင်ဘာလ ၂၃ ရက်က ဖမ်းဆီးခဲ့ သည်။

အဆိုပါ အမျိုးသားမှာ ကျွန်းစုမြို့နယ် အတွင်းရှိ တီးပု၊ မော်တုံးကြီး၊ ကဘင်းချောင်းနှင့် တောင်သုံးကျေးရွာ စသည့် ကျေးရွာတို့တွင် ထီလက်မှတ် ၁၀ စောင် တစ်တွဲအား ကျပ်သုံးသောင်းနှုန်းဖြင့် ရောင်းချခဲ့ကြောင်း ကျွန်းစုမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းသောင်းက ပြောသည်။

၎င်းလိုက်လံရောင်းချခဲ့သည့် ကျေးရွာ တစ်ရွာမှ ထီလက်မှတ်များအား ငွေဆယ် သိန်းဖြင့် ၀ယ်ယူခဲ့သည့် အမျိုးသမီး၏ ခင်ပွန်းက ကျွန်းစုမြို့မရဲစခန်းအား အသိပေး အကြောင်းကြားခဲ့ကြောင်း ဦးဝင်းသောင်း က ဆိုသည်။

“အမြန်ရေယာဉ်ဆိပ်ကမ်းမှာ စောင့် ဖမ်းခဲ့တာ”ဟု ၎င်းက ဆိုသည်။

ထီလက်မှတ်များ ရောင်းချခဲ့သည့် အမျိုးသားအား ကျေးရွာများရှိ ထီဖိုးငွေ အကြွေးကျန်များအား လာရောက်တောင်းယူစဉ် ကျွန်းစုမြို့အ၀င် ဆိပ်ကမ်းတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့များမှာ ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အောင်ဘာလေထီလက်မှတ်အား ဆယ်စောင်တွဲတစ်တွဲလျှင် ကျပ်သုံး သောင်းဖြင့် ရောင်းချခဲ့သည့် ဦးမျိုးမင်းနိုင် ဆိုသူအား ကျွန်းစုမြို့မရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း အောင်ဘာလေ ထီလက်မှတ်များကို မတန်တဆဈေး ဖြင့် လိုက်လံရောင်းချမှုများရှိနေပြီး ထီ လက်မှတ်မှ ကံစမ်းမဲပေါက်သည်ဟုဆို ကာ ငွေလိမ်မှုများလည်း ဖြစ်ပွားခဲ့ဖူးသည်။

Dawei Watch