တစ်နိုင်ငံလုံးတွင်တနင်္သာရီ DICA ပထမချိတ်

0
544

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA ရုံးများ၏ လုပ်ငန်းဆောင် ရွက်မှုများကို အကဲဖြတ်စနစ်ဖြင့် အမှတ်ပေးရာတွင် တနင်္သာရီတိုင်းရုံးက အမှတ် အများဆုံးရရှိခဲ့သည်။

အတည်ပြုမိန့်ချပေးမှု၊ ကွင်းဆင်းစစ်ဆေးမှုနှင့် ၀န်ထမ်းများ၏ စွမ်းဆောင်ရည် အစရှိသည့် အချက်များအပေါ် အခြေခံကာ လစဉ်အမှတ်ပေးစနစ်ဖြင့် အကဲဖြတ်ကြောင်း DICA ဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွက် အကဲဖြတ်ရာတွင် တနင်္သာရီတိုင်းရုံးက ၇ မှတ်ဖြင့် ပထမနေရာ ရရှိခဲ့ကြောင်း ဒေါက်တာထွန်းထွန်းက ပြောသည်။

ထိုကဲ့သို့ အမှတ်ပေးစနစ်ဖြင့် အကဲ ဖြတ်ခြင်းကို ပြီးခဲ့သည့် ငါးလခန့်က စတင် လုပ်ဆောင်ခဲ့ပြီး ယခု နိုဝင်ဘာလတွင် အမှတ်အများဆုံးရရှိခဲ့ခြင်းကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။

“အရင်ကဆို ကျွန်တော်တို့တိုင်းက အောက်ကရေရင် ဒုတိယမြောက်ပေါ့”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလတွင်မူ ရန်ကုန်တိုင်းက ၆ မှတ်၊ မန်္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်း၊ ကချင်၊ ဧရာဝတီ၊ မကွေးတိုင်းနှင့် ပြည်နယ်တို့က ၄ မှတ်စီ၊  ကယား၊ ကရင် နှင့် ချင်းပြည်နယ်က ၃ မှတ်စီ၊ မွန်ပြည် နယ်က ၂ မှတ်၊ ရခိုင်နှင့် နေပြည်တော်ဦးစီး မှူးရုံးတို့က ၁ မှတ်စီ ရရှိကြောင်း အထက်ပါရုံး ထံမှ သိရသည်။

ယခင်က ရန်ကုန်တိုင်းက အမြဲတမ်း ဦးဆောင်လေ့ရှိကြောင်း သိရသည်။

                        ကိုဇော်