တိုင်းလွှတ်တော်အစည်းအဝေး ရက်ရွှေ့

0
531

တနင်္သာရီတိုင်းဒေသကြီးလွှတ် တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကို လာမည့် ဇန်န၀ါရီလ ၈ ရက်တွင် ကျင်းပရန် လျာထားခဲ့သော်လည်း ဖေဖော်ဝါရီလမှ ကျင်းပရန် ရက်ရွှေ့လိုက် ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက်္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

တိုင်းအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဖြည့်စွက် ရန်ပုံငွေ(RE) လုပ်ငန်းလျာထား စာရင်းများကို တပြိုင်နက်တည်း အတည်ပြုနိုင်ရန် ယင်းသို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း ဦးကြည်စိုးက ဆိုသည်။

“ဖေဖော်ဝါရီလလယ်လောက်မှာ ဖြစ်မယ်၊ ဒုတိယအပတ်မှာ စဉ်းစားထား တယ်”ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

တိုင်းအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဖြည့်စွက် ရန်ပုံငွေ(RE) လုပ်ငန်းလျာထား စာရင်းများအတွက်  လွှတ်တော်အစည်း အဝေးတစ်ရပ် ထပ်မံခေါ်ယူနေရမည်ဖြစ် သောကြောင့် ရက်ရွှေ့လိုက်ကြောင်း ဦးခင်မောင်အေးက ဆိုသည်။

လာမည့် လွှတ်တော်အစည်းအဝေးကို  ၄ ရက်ကြာ ကျင်းပရန် လျာထားကြောင်း ၎င်းင်းက ပြောသည်။

ယင်းလွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်းတစ်ခုကို အတည်ပြုရန် ရှိပြီး မြိတ်၊ မောတောင်တို့၏ မြို့ပြအစီအစဉ် များကို အတည်ပြုရန် လွှတ်တော်၏ သဘောတူညီမှု ရယူခြင်းနှင့် မေးခွန်းနှင့် အဆိုများ ဆွေးနွေးကြမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ထံမှ သိရသည်။

ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ် တော် ဒဿမ ပုံမှန်အစည်းအဝေးကို ၂၀၁၈ခုနှစ် စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည်။

 ကိုဇော်