ဆယ်ကျော်သက်အလှမယ်ပြိုင်ပွဲ ဝေဒီသူ Winner ဆုရ

0
769
ဆယ်ကျော်အသက်အလှမယ် မသန္ဒာဆွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ထက်အောင်လင်း

တနင်္သာရီတိုင်းတွင် ပထမဆုံးကျင်းပသည့် ဆယ်ကျော်သက်အလှမယ် Miss Teen Universe Tanintharyi 2019 ပြိုင်ပွဲတွင် Winner ဆုကို လောင်းလုံး မြို့နယ် ဝေဒီကျေးရွာမှ မသန္တာဆွေ ရရှိခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူထံမှ သိရသည်။

ဆယ်ကျော်သက်အလှမယ် Grand Final (နောက်ဆုံးအဆင့်) ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်က DDPC Royal Palace ခန်းမတွင် ကျင်းပခဲ့ပြီး 1st Runner Up နှင့် 2nd Runner Up ဆုတို့ကို ထားဝယ် မြို့မှ မအိအိဖြူနှင့် မဆုသက်မှူးစံတို့က ရရှိခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူ ကိုသက်ပိုင်စိုးက ပြောသည်။

“အစကတော့ ကိုယ်ဒီလိုမျိုးရမယ်လို့ တော့ မထင်ထားဘူး။ ကိုယ့် သူငယ်ချင်း တွေကိုပဲ မှန်းထားတာလေ။ ကိုယ့်နာမည်ကို ခေါ်လိုက်တော့လေ အရမ်းပျော်ပြီးတော့ စိတ်လည်း လှုပ်ရှားတာပေါ။့ ဒီပွဲ  ပထမဆုံး ၀င်ပြိုင်ဖူးတာ”ဟု  Winner ဆုရရှိခဲ့သည့် မသန္တာဆွေက ပြောသည်။

Winner ဆုရသူကို ပုလဲဖြင့် ပြုလုပ်ထားသည့် ကျပ် ၂၅ သိန်း တန်ဖိုးရှိသရဖူနှင့် ငွေကျပ်သုံးသိန်း၊ 1st Runner Up ဆုရသူကို ငွေကျပ် ၂ သိန်း နှင့် 2nd Runner Up ဆုရသူကို ငွေကျပ် ၁ သိန်း   ချီးမြှင့်ခဲ့ကြောင်း ကိုသက်ပိုင်စိုးက ပြော သည်။

Winner ဆုရရှိခဲ့သည့် မသန္တာဆွေသည် နေပြည်တော်တွင် ကျင်းပမည့် မြန်မာနိုင်ငံ ဆယ်ကျော်သက်အလှမယ် ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။

 

                   မိုးမြင့်