ထားဝယ်တွင် သန့်ရှင်းရေးဝန်ထမ်းများကို ဂုဏ်ပြုမည်

0
608
ထားဝယ်မြို့ပေါ်တွင် အမှုက်သိမ်းသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်မြို့ရှိ သန့်ရှင်းရေးဝန်ထမ်း များကို အခမ်းအနားဖြင့် ဂုဏ်ပြုပွဲကျင်းပမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။

ထားဝယ်မြို့နယ်အတွင်း စည်ပင် သာယာရေးအဖွဲ့၏သန့်ရှင်းရေးဝန်ထမ်း များနှင့် ပုဂ်္ဂလိက အမှိုက်သိမ်းလုပ်ငန်း များတွင် လုပ်ကိုင်နေကြသည့် သန့်ရှင်းရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနား ကို ဇန်န၀ါရီလ ၁ ရက် ညနေ ၆ နာရီ တွင် ဆိပ်ကမ်းသာပန်းခြံ၌ ကျင်းပမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

အဆိုပါဂုဏ်ပြုပွဲတွင် အစားအသောက် များဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး သန့်ရှင်းရေးဝန်ထမ်းတစ်ဦးလျှင် အင်္ကျီတစ်ထည်စီ လက်ဆောင်ပေးမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။

သန့်ရှင်းရေးဝန်ထမ်း အလုပ်ကို ရှက်စရာဟု မမြင်ဘဲ လူငယ်အချို့က ၀င်ရောက်လုပ်ကိုင်နေကြပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဂုဏ်ပြုသည့်အနေ ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။

“သူတို့တွေရဲ့ စိတ်ဓာတ်တွေကို လေးစားတဲ့အနေနဲ့ ဂုဏ်ပြုပေးတာ”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ထားဝယ်မြို့တွင် စည်ပင်သာယာ ရေးအဖွဲ့နှင့် ပုဂ်္ဂလိကအမှိုက်သိမ်းလုပ်ငန်း များ၌ အလုပ်လုပ်နေကြသည့် သန့်ရှင်း ရေးဝန်ထမ်း စုစုပေါင်း ၇၂ ဦးရှိကြောင်း အထက်ပါကော်မတီထံမှ သိရသည်။

လမ်း၊ ဈေး၊ အမှိုက်သိမ်းလုပ်ငန်း အစရှိသည့် သန့်ရှင်းရေးအလုပ်လုပ်နေ သည့် ၀န်ထမ်းများ ပါဝင်သည်။

ယခင်က ထိုကဲ့သို့ အသိအမှတ်ပြုခံ ရခြင်း လုံးဝမရှိဘဲ ယခုကဲ့သို့ ဂုဏ်ပြု မည်ဆိုပါက ၀မ်းသာရမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေလင်းယုန်ပုဂ်္ဂလိက အမှိုက်သိမ်းလုပ်ငန်းတွင် လုပ်ကိုင်နေ သည့် အမှိုက်သိမ်းဝန်ထမ်း ကိုညီညီက ဆိုသည်။

“ဒီလို အသိအမှတ်ပြု ခံရတာ တစ်ခါ မှ မရှိခဲ့ဖူးဘူး”ဟု ကိုညီညီက ပြောသည်။

ယင်းအခမ်းအနားတွင် သန့်ရှင်းရေး ၀န်ထမ်းများကို ဂုဏ်ပြုမည့်အပြင် စည်ပင် အဖွဲ့က လုပ်ဆောင်နေသည့် လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်းခဲ့သူများကိုလည်း ဂုဏ်ပြု ရန် စီစဉ်နေကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရ သည်။

ကိုဇော်