မြိတ်တွင် ကျွန်းခရီးစဉ် အမြန်ရေယာဉ် တိမ်းမှောက်၊ အမျိုးသမီး ၂ ဦး သေဆုံး

0
442

မြိတ်တွင် ထူးထက်ရှိန် ကုမ္ပဏီက ကျွန်းခရီးစဉ်ပို့ဆောင်သည့် အမြန်ရေ ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ခရီးသည် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ် ရာ ရရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန(မြိတ်ရုံးခွဲ)မှ သိရ သည်။

ဒီဇင်ဘာလ ၂၃ ရက်က မြိတ်မြို့မှ ကျွန်းခရီးစဉ်များသို့ သွားရောက်ရာမှ အပြန် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု လအဲကျွန်း နေကြာအော် ရှေ့၌ ရေစီးနှင့်အတူ မျောပါလာသည့် ရေမြှုပ် သစ်တုံးအား တိုက်မိခဲ့ပြီး လှိမ့်မှောက်ခဲ့ခြင်းဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးနိုင်လင်းဇော်ထံမှ သိရသည်။

လှေမှောက်၍ သေဆုံးခဲ့သူ ၂ ဦးမှာ မန်္တလေးမြို့မှ ဒေါ်ကြင်စု(ခ)ဒေါ်ခင်ချို (အသက် ၆၆ နှစ်)နှင့် ရန်ကုန်တိုင်း၊ စမ်း ချောင်းမြို့နယ်မှ ဒေါ်ခင်သောင်းတင်(၆၈ နှစ်)တို့ဖြစ်ကြောင်း အထက်ပါ ဌာနမှ သိရသည်။

တိမ်းမှောက်ခဲ့သည့် အမြန်ရေယာဉ် တွင် ခရီးသည် အမျိုးသား ၁၀ ဦး၊ အမျိုး သမီး ၇ ဦး၊ လှေဦးစီးနှင့် လှေသား ၂ ဦး စုစုပေါင်း လူဦးရေ ၂၀ လိုက်ပါခဲ့ကြောင်း အထက်ပါ ဌာနမှ သိရသည်။

ခရီးစဉ်အတွင်း ခရီးသည်အားလုံးမှာ အသက်ကယ် အင်္ကျီများ ၀တ်ဆင်ထားကြ ပြီး သေဆုံးသူ ၂ ဦးမှာ လှေဝမ်းအောက်၌ ပိတ်မိနေပြီး ရှာဖွေကယ်ဆယ်ရန် ခက်ခဲ သွားသည်အတွက် သေဆုံးခဲ့ရခြင်းဖြစ် သည်ဟု သိရှိရကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်လင်းဇော်က ဆို သည်။

“ထိခိုက်နစ်နာမှုတွေအတွက် ခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် ဆောင်ရွက်ပေး သွား မယ်”ဟု ၎င်းင်းက ပြောသည်။

လှေတိမ်းမှောက်စဉ် နေကြာအော် ကျေးရွာမှ ရာအိမ်မှူးနှင့် ရွာမှလှေငယ် များ လာရောက် ကယ်ဆယ်ခဲ့ကြောင်း ခရီးသွား ကုမ်္ပဏီများထံမှ သိရသည်။

လှေမှောက် သေဆုံးမှုနှင့်ပတ်သက် ပြီး ကျွန်းစုမြို့နယ်ရဲစခန်းမှ ယင်းလှေဦး စီး(ပဲ့နင်း)နှင့် ခရီးသွားကုမ်္ပဏီအား သေမှု သေခင်းဖွင့်၍  အရေးယူနိုင်ရန် ဆောင် ရွက်နေကြောင်း သိရသည်။

မြိတ်ခရိုင်အတွင်း ခရီးသွားဝန် ဆောင်မှု ကုမ်္ပဏီ ၃၂ ခုနှင့် အသုံးပြုနေ သည့် အမြန်ရေယာဉ် ၃၀ ခန့်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန မြိတ်ရုံးခွဲမှ သိရသည်။

 

 

                                                              ကိုဆန်း