သီတဂူဆေးရုံတွင် အထွေထွေရောဂါအပြင် သွားနှင့် စိတ်ရောဂါပါ အခမဲ့ကုသပေးမည်

0
462

ထားဝယ်မြို့၊ သီတဂူ အာရောဂျဒါန ဆေးရုံတော်၏ အထွေထွေရောဂါစမ်းသပ် ကုသပေးမည့် အစီအစဉ်တွင် သွားနှင့် စိတ်ရောဂါကိုပါ အခမဲ့ စမ်းသပ်ကုသ ပေးသွားမည်ဖြစ်ကြောင်း သီတဂူအကျိုး တော်ဆောင်အဖွဲ့ထံမှ သိရသည်။

အထွေထွေရောဂါများဖြစ်သည့် မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အဖုအကျိတ် အလုံးများ၊ လည်ပင်းကြီး၊ အူကျ၊ မုတ်၊ လိပ်ခေါင်း၊ အူအတက်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှလုံး၊ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ် ရောဂါများ၊ မီးယပ်သားဖွား ရောဂါများနှင့် အမျိုးသမီးရောဂါများ အပြင် စိတ်ရောဂါ၊ သွားနှင့်ပတ်သက် သော ရောဂါများကိုပါ အခမဲ့ စမ်းသပ်ကုသ ပေးမည်ဖြစ်ကြောင်း သီတဂူဆေးရုံတော် အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

ရောဂါများကို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ စမ်းသပ်ကုသပေး သွားမည်ဖြစ်ပြီး ခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သီတဂူ အကျိုးတော်ဆောင်အဖွဲ့ထံမှ ဒုဥက္ကဋ္ဌ  ဦးဇော်လင်းက ပြောသည်။

“စိတ်ရောဂါကုက အရင်နှစ်က ပါပေ မယ့် အရင်တုန်းက မကြေညာဘဲနေတော့ ရောဂါသည် မလာဘူး၊ အခုနှစ်ကတော့ သူသီးသန့် ဆင်းပေးမယ်၊ နည်းနည်း ကြေညာပေးပါဆိုတော့ အခုက သီးသန့် ကြေညာပေးလိုက်တာ”ဟု ၎င်းင်းက ဆို သည်။

အထွေထွေရောဂါ စမ်းသပ်ခွဲစိတ် ကုသလိုသူများအနေဖြင့် ဘုမေ်္မ်ာရပ်ကွက် ရှိ သီတဂူ အာရောဂျဒါန ဆေးရုံတော်တွင် ဒီဇင်ဘာလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်အထိ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း ဦးဇော်လင်းက ဆိုသည်။

အဆိုပါ အစီအစဉ်တွင် စစ်ကိုင်း သီတဂူ ဇီဝိတဒါနဆေးရုံအုပ်ကြီး၊ ဒေါက်တာ ခင်မောင်ဇော်၊ ခွဲစိတ်သမား တော်ကြီး ဒေါက်တာ မြသိန်းဟန်အဖွဲ့နှင့် အမေရိကန်နိုင်ငံ Aloha Medical Mission အဖွဲ့မှ ခွဲစိတ်သမားတော်ကြီးများ ဦးဆောင်သော ၁၇ ဦးပါ ခွဲစိတ်အဖွဲ့တို့ က ထားဝယ်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များနှင့် ပူးပေါင်းကာ စမ်းသပ်ခွဲစိတ် ပေးကုသပေးမည်ဖြစ် ကြောင်း သီတဂူဆေးရုံတော် အကျိုးတော် ဆောင်အဖွဲ့ထံမှ သိရသည်။

 

မိုးမြင့်