ထားဝယ်တွင် အဝေးသင်တက္ကသိုလ် ကျောင်းသားများထံမှWY ဆေးပြားများ ဖမ်းမိ

0
593

ထားဝယ်တွင် ဒီဇင်ဘာလ နောက်ဆုံးအပတ်က မတူညီသည့် အမှုနှစ်ခုတွင် အဝေးသင်တက္ကသိုလ်ကျောင်းသား နှစ်ဦးထံမှ WY စိတ်ကြွဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက် ည ၁၁ နာရီခန့် တွင် မောင်းမကန်ကမ်းခြေရှိ KTV တစ် ခုတွင် မူးယစ်ဆေးသတင်းအရ စောင့်ဆိုင်း နေရာ ထားဝယ်မြို့တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ်ရှိ အဝေးသင် တတိယနှစ်ကျောင်းသားတစ်ဦး ဆိုင်ကယ် ဖြင့် ၀င်ရောက်လာကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

အဆိုပါ ကျောင်းသားအား ရှာဖွေရာ ဂျင်းဘောင်းဘီအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁၃ ပြားကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

၎င်းအပြင် ဒီဇင်ဘာလ ၂၇ ရက်ည ၇ နာရီခန့်က ထားဝယ်လေယာဉ်ကွင်းလမ်း တွင် သရက်ချောင်းမြို့နယ်နေ အသက် ၂၀ နှစ်အရွယ်ရှိ အဝေးသင် ပထမနှစ် ကျောင်းသားတစ်ဦးနှင့် အသက် ၂၄ နှစ် အရွယ်ရှိ အခြားအမျိုးသားတစ်ဦးတို့ကို အတူတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို ရှာဖွေရာ အဝေးသင်ကျောင်းသားထံမှ WY စိတ်ကြွဆေးပြား ၅ ပြားဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မောင်းမကန်ကမ်းခြေရှိ ဆိုင်တွင် မူးယစ်ဆေးနှင့်အတူ ဖမ်းမိသည့် အဝေး သင်ကျောင်းသားနှင့် ထားဝယ်လေယာဉ် ကွင်းလမ်းတွင်ဖမ်းမိသူနှစ်ဦးကို မူးယစ် ဆေးဝါးဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch