ကဘူတောင် သာသနာ့မြေမှ ဖယ်ပေးရန် နေရာအခက်အခဲရှိဟုဆို

0
606
လောင်းလုံးမြို့နယ် ကဘူကျေးရွာမှ ကဘူတောင်ပေါ်ရှိအိမ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး

လောင်းလုံးမြို့နယ်၊ ကမြောကြီး ကျေးရွာအုပ်စု၊ ကဘူကျေးရွာရှိ ကဘူ တောင် သာသနာ့မြေမှ ဖယ်ရှားပေးရန် မြေနေရာနှင့် ငွေကြေးအခက်အခဲရှိကြောင်း ယင်းနေရာတွင် နေထိုင်သူများက ပြောသည်။

ကဘူတောင် သာသနာ့မြေပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်ခြောက်လုံး ရှိပြီး သာသနာ့မြေမှန်းမသိဘဲ ဘိုးဘွား၊ မိဘလက်ထက်ကတည်းက နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနေအိမ်များကို ဖယ်ရှားပေးရန် ကဘူတောင် ဘုရားဂေါပကအဖွဲ့က လောင်းလုံးမြို့နယ် မြေယာကိစ်္စများ အထူး စိစစ်ရေးကော်မတီသို့ ယမန်နှစ် နှစ်ဆန်းပိုင်းက တိုင်ကြားထားသည်။

ယင်းတိုင်ကြားထားမှုကို ဒီဇင်ဘာလ ၂၄ ရက်က တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးမြင့်စန်း အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ် မြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့သည်။

တိုင်ကြားခံရသည့် ဒေသခံများကမူ ၎င်းင်းတို့အနေဖြင့် ယင်းမြေပေါ်တွင် ဘိုးဘွား၊ မိဘများ လက်ထက်ကတည်းက နေထိုင် လာခဲ့ခြင်းဖြစ်ပြီး အခြားနေရာကို ပြောင်းရွှေ့ ပေးရန်လည်း ငွေကြေးမတတ်နိုင်သောကြောင့် ပြောင်းရွှေ့ပေးမည်မဟုတ်ကြောင်း ပြောသည်။

“ဒီအိမ်တစ်လုံးဆောက်ဖို့တောင် ကျွန်မသမီးလေးယောက် ထိုင်းမှာလေးငါးနှစ် ကျွန်ခံပြီး ဆောက်ထားရတာ။ အခုခေတ် မြေဈေးနဲ့ ကျွန်မတို့ မ၀ယ်နိုင်ဘူး။ မြေ ပေးမယ်၊ အိမ်ဆောက်ပေးမယ်ဆိုရင်တော့ ပြောင်းပေးမယ်”ဟု အသက် ၅၈ နှစ် အရွယ် ဒေါ်သန်းစိုးက ဆိုသည်။

ကွင်းဆင်းစစ်ဆေးရာတွင်ပါဝင် သည့် လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူကမူ လက်ရှိတွင် ယင်းနေရာ ကို စိစစ်ဆဲ အဆင့်တွင်သာရှိသေးပြီး အပြီး သတ်ဆုံးဖြတ်ချက်ကို တိုင်းအစိုးရအဖွဲ့ ကသာ ဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးဦးမြင့်စန်းနှင့်အဖွဲ့ လာရောက် ကွင်းဆင်းစစ်ဆေးစဉ်က အဆင်ပြေ အောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ပြီး မည်ကဲ့သို့ ဆောင်ရွက်ပေးမည် ဆိုသည့်အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ယင်းနေရာတွင် နေထိုင်သူများက ပြောသည်။

ကျော်သူစိုး