ထားဝယ်မြို့လယ်တွင် တုတ်၊ ဓား၊ ပုဆိန်ကိုင်ဆောင်ပြီး ရိုက်နှက်သူ ၁၁ ဦး ဖမ်းမိ၊ ရိုက်နှက်သူနှင့် ခံရသူအပြန်အလှန် အမှုဖွင့်

0
571

ထားဝယ်မြို့၊ အာဇာနည်လမ်းပေါ်ရှိ ဈေးကြီးအနီးတွင် ဖြစ်ပွားခဲ့သည့် တုတ်၊ ဓား၊ ပုဆိန်များကိုဆောင်ကာ ရိုက်နှက်ခဲ့ သည့် ဖြစ်စဉ်မှ ကျူးလွန်သည်ဟု သံသယ ရှိသူ ၁၁ ဦးကို ဖမ်းမိထားကြောင်း ထားဝယ်မြို့ မရဲစခန်းထံမှ သိရသည်။

ယင်းအမှုမှာ ဒီဇင်ဘာလ ၂၄ ရက် ည ၈ နာရီခွဲက တုတ်၊ ဓား၊ ပုဆိန်များ ကိုင်ဆောင်ထားသည့် လူငယ် ၁၅ ဦးခန့်က အခြားလူငယ် နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို ကန်လှဲကာ ရိုက်နှက်ခဲ့သည့်အမှု ဖြစ်သည်။

ယင်းကဲ့သို့ စီးနင်းနေသည့် ဆိုင်ကယ် ကို ကန်လှဲကာ ရိုက်နှက်ခဲ့သည့်အတွက် အသက် ၁၅ နှစ်အရွယ်ခန့်ရှိသည့် လူငယ် တစ်ဦးကို ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရသည်။

သူငယ်ချင်း ၆ ဦး ဆိုင်ကယ်သုံးစီး ဖြင့် အိုးလုပ်ရပ်ကွက်မှ နိဗ်္ဗာန်လမ်းသို့ ထွက်လာစဉ် လက်နက်ကိုင် လူငယ်အုပ်စု ကို လမ်းတွင်တွေ့ရပြီး ၎င်းင်းတို့နောက်သို့ လိုက်လာခဲ့သည်ဟု ဆေးရုံတင်လိုက်ရ သည့် လူငယ်၏ ဖခင်ဖြစ်သူ ဦးသန့်ဇင် အောင်က သားဖြစ်သူ၏ ပြောဆိုချက်ကို ကိုးကား၍ တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

အရိုက်ခံရသည့် လူငယ်များနောက် သို့ အထက်ပါ လက်နက်ကိုင် လူငယ်အုပ်စုက လိုက်လာသည့်အတွက် မောင်းပြေး လာရာ  နောက်ဆုံး ကျန်ခဲ့သည့် ၎င်းသားနှင့် အခြားလူငယ်တစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို အာဇာနည်လမ်းပေါ်တွင် ကန်လှဲခဲ့ကြောင်း ဦးသန့်ဇင်အောင်က ဆိုသည်။

ဆိုင်ကယ်လဲသွားချိန်တွင် ထပြေး ရာ လက်နက်များ ကိုင်ဆောင်ထားသည့် လူငယ်အုပ်စုက နံချပ်ကူဖြင့် လိုက်ရိုက်ခဲ့ကြောင်း ၎င်းင်းက ပြောပြသည်။

“မြို့ရဲ့ လုံခြုံရေးက နည်းနည်း အားနည်း တယ်လို့မြင်တယ်၊ ပြေးလို့ တော်သေးတယ်၊ မပြေးနိုင်ဘူးဆိုရင် သေမယ်ဆို သေသွားနိုင်တယ်”ဟု ဦးသန့်ဇင်အောင်က ဆိုသည်။

လဲကျသွားသည့် ဆိုင်ကယ်ကို မောင်းနှင်သည့် လူငယ်က အနီးဝန်းကျင်ရှိ မုန့်ဆိုင်အတွင်း ဝင်ပြေးသွားသဖြင့် လွတ် မြောက်သွားကြောင်း ၎င်းက ပြောသည်။

ဆိုင်ကယ်ကို ကန်လှဲပြီး လူကို လိုက်ရိုက်သည့်အပြင် လဲနေသည့် ဆိုင် ကယ်ကိုလည်း ရိုက်နှက်ဖျက်ဆီးခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ညတွင် သံသယ ရှိသူ လူငယ် ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက်တွင် ၅ ဦးနှင့် ဒီဇင်ဘာလ ၂၆ ရက်တွင် ၂ ဦး ထပ်မံ ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ လူငယ် ၁၁ ဦးအနက် အသက် ၁၆ နှစ်အောက် အသက်အရွယ် ရှိသူ နှစ်ဦးပါဝင်ပြီး ၁၈ နှစ်ဝန်းကျင်ရှိ လူငယ်များက အများစုဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ဆိုသည်။

“ရန်ငြိုးကြီးကြီးနဲ့ လုပ်တာတော့ မဟုတ်ပါဘူး၊ အုပ်စုဖွဲ့ပြီး သွေးကြွလာတဲ့ သဘောပါ”ဟု ၎င်းက ဆိုသည်။

တုတ်၊ ဓား၊ ပုဆိန်များ ကိုင်ဆောင်ကာ ဆိုင်ကယ်အားကန်လှဲပြီး လူကိုရိုက် နှက်ခဲ့သူများကို ခံရသည့် လူငယ်၏ ဖခင်က တရားလိုပြုလုပ်ကာ ရာဇသတ် ကြီးပုဒ်မ- ၄၄၀ (သေစေမှု သို့မဟုတ် နာကျင်စေမှု အတွက်ပြင်ဆင်ပြီး ကျူး လွန်မှု)/ ၃၂၅ (အပြင်းအထန်နာကျင်စေ မှု)/၁၁၄(အားပေးကူညီမှု) တို့ဖြင့် ထားဝယ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါအမှုတွင် အရိုက်ခံရသည့် လူငယ်များနှင့် ရိုက်နှက်သည့်လူငယ်များသည် ဒီဇင်ဘာလ ၂၃ ရက်က ထားဝယ် လေယာဉ်ကွင်းလမ်းတွင် ခိုက်ရန်ဖြစ်ပွားခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

လေယာဉ်ကွင်းလမ်း ရန်ပွဲတွင် ပုဆိန်ဖြင့် ခုတ်ခဲ့သည့်အတွက် လူငယ် တစ်ဦးတွင် လက်ကောက်ဝတ်ပြတ်ရှသည့် ဒဏ်ရာနှင့် နောက်ကျောတွင် ပွန်းခြစ်မိသည့် ဒဏ်ရာများရရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထားဝယ်ဈေးကြီးအနီးတွင် ဆိုင်ကယ် ကို ကန်လှဲရိုက်နှက်ခဲ့သူများမှာ လေယာဉ် ကွင်းလမ်းရန်ပွဲတွင် ပုဆိန်အခုတ်ခံရ၍ လက်ကောက်ဝတ်ပြတ်ရှခဲ့သူနှင့် အပေါင်း အပါများဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ၏ မှတ်တမ်းများအရ သိရသည်။

လေယာဉ်ကွင်းလမ်း ရန်ပွဲတွင် ပုဆိန်ဖြင့် ခုတ်ခဲ့သည့် လူငယ်များကို ပုဆိန်ခုတ် ခံရသည့်လူငယ်က တရားလို ပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ- ၃၂၄ (ဘေးဖြစ်စေ တတ်သောလက်နက်ဖြင့် နာကျင်စေမှု)/၁၁၄ (အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အာဇာနည်လမ်းတွင် ရိုက်နှက်ခံရ သူ၏ဖခင်က ဒီဇင်ဘာလ ၂၅ ရက်တွင် အမှုဖွင့်ခဲ့ပြီး လေယာဉ်ကွင်းလမ်းတွင် ပုဆိန်ဖြင့် အခုတ်ခံရသူက ဒီဇင်ဘာလ ၂၇ ရက်တွင် အပြန်အလှန် အမှုဖွင့်ထား ခြင်းဖြစ်သည်။

Dawei Watch