တရားရုံးဝန်ဆောင်မှု စိတ်ကျေနပ်မှုရှိ/မရှိ ဒုတိယအကြိမ် စစ်တမ်းကောက်မည်

0
399

ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ် မြို့နယ်တရားရုံးတို့တွင် တရားရုံးအသုံး ပြုသူများ၏ စိတ်ကျေနပ်မှုရှိ/မရှိ သိနိုင် ရန် ဒုတိယအကြိမ်စစ်တမ်း ထပ်ကောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။

အဆိုပါတရားရုံးများတွင် စစ်ဆေး ပြီး၊ စစ်ဆေးဆဲအမှုများတွင် တရားလို၊ တရားခံ၊ ရှေ့နေ၊ သက်သေ၊ ရဲတပ်ဖွဲ့၊ တရား ရုံး ၀န်ထမ်းများ(တရားသူကြီးမပါ) ကို စိတ်ကျေနပ်မှုရှိ/မရှိ ဇန်န၀ါရီလ ၈ ရက် တွင် စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွဋ်အောင်က ဆိုသည်။

ပထမအကြိမ် စစ်တမ်းကို ယခုနှစ် ဇွန်လအတွင်းက လူဦးရေ ၈၀ ခန့်ကို ကောက်ခံခဲ့ပြီး လက်ရှိတွင် ယင်းပမာဏ ထက် ပိုများနိုင်ကြောင်း ၎င်းက ပြောသည်။

“စစ်တမ်းအဖြေမှာ တစ်ခုခုလိုအပ် နေတဲ့ဟာတွေကို ပိုကောင်းအောင်လုပ် နိုင်ဖို့အတွက်ပါ”ဟု ဦးဝင်းထွဋ်အောင်က ဆိုသည်။

စစ်တမ်းရလဒ်အရ အားနည်းချက် အားသာချက်များကို ကြည့်ကာ ပြုပြင်မှု များလုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။

စစ်တမ်းကို အလုပ်သင်ရှေ့နေများ၊ ဥပဒေကျောင်းသားများက ကောက်ယူ မည်ဖြစ်ပြီး ဇန်န၀ါရီလ ၈ ရက် တစ်ရက်တည်းသာ ကောက်ယူမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။

ပထမအကြိမ် ကောက်ယူခဲ့သည့် စစ်တမ်းရလဒ်အချို့ကို ယခုနှစ် ဇူလိုင်လ အတွင်းက ထုတ်ပြန်ခဲ့သည်။

 

ကိုဇော်