မြိတ်တောင်ရပ်ကွက်တွင် မြေဂရန် ပြုလုပ်ပေးမည်

0
363

လာမည့် ၂၀၁၉ခုနှစ် ဇန်န၀ါရီလမှ စတင်၍ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက် အတွင်း နေထိုင်သူများအား မြေဂရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်က တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် အပါအ၀င် တိုင်းအစိုးရအဖွဲ့နှင့် ပြည်သူ လူထု မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ တွေ့ဆုံစဉ် မြေဂရန်မရရှိသေးကြောင်း ပြည်သူတစ်ဦးက တင်ပြတောင်းဆိုခဲ့ခြင်းအပေါ် ၀န်ကြီးချုပ်က အမြန်ပြုလုပ်ပေးရန် ညွန်ကြားခဲ့ပြီးနောက် ယင်းသို့ စီစဉ်လာခြင်း ဖြစ်သည်။

မြေဂရန်ပြုလုပ်ပေးရန်အတွက် လက်ရှိအချိန်၌ ဂရန်မရရှိသေးသည့် နေအိမ်များ၏ စာရင်းများကို ပြုစုနေပြီး စာရင်းများပြုစုပြီးပါက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အမြန်ဆုံး တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဗိုလ်ဝင်းက ပြောသည်။

“မြေပေးမိန့်(မြေချလက်မှတ်)ရှိသူ တွေက ဂရန်ကို အမြန်ဆုံးရနိုင်တယ်”ဟု ၎င်းက ပြောသည်။

မြေဂရန်လျှောက်ရာ၌ လျှောက်ထား သူ၏ လက်ဝယ်တွင် မြေပေးမိန့်ပျောက် သွားခြင်း၊ ပျက်စီးသွားခြင်းမျိုး ရှိပါက မြေပေးမိန့် (မြေချလက်မှတ်)အသစ်ပြန် လည်လျှောက်ထားရမည်ဖြစ်ပြီး အိမ်(သို့ မဟုတ်) အဆောက်အအုံ တစ်စုံတစ်ရာ မဆောက်လုပ်ထား သူများအား ဂရန်ထုတ် ပေးမည်မဟုတ်ကြောင်း ဦးအောင်ဗိုလ်ဝင်းက ဆိုသည်။

မြိတ်တွင် မြို့ပေါ်ရပ်ကွက်အများစုတွင် နေထိုင်သူများမှာ မြေဂရန်ရှိသူများ ဖြစ်ကြသည့်အတွက် မြေဂရမ်မရှိသူများ သည့် မြိတ်တောင်ရပ်ကွက်ကို ဦးစားပေး ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြိတ်တောင်ရပ်ကွက်တွင် နှစ် ၃၀ မြေဂရန်မရသေးသည့် ကွင်းပေါင်း ၈ ခုရှိ ပြီး ၎င်းင်းတို့အနက် ကွင်း ၅ ခုကို ဦးစားပေးပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးစားပေးပြုလုပ်မည့် ကွင်း ၅ ကွင်းသည် မြေယာအထောက်အထားခိုင်မာမှုရှိ ပြီး ကျန် ၃ ကွင်းမှာ ပြန်လည်တိုင်းတာ ရမည့်မြေဖြစ်ကြောင်း ဦးအောင်ဗိုလ်ဝင်းက ဆိုသည်။

အထောက်အထား ခိုင်မာမှုများအ ပေါ်မူတည်၍ မြေဂရမ်ပြုလုပ်ပေးသည့်လုပ်ငန်းမှာ အများဆုံး နှစ်နှစ်ခန့်အထိ ကြာမြင့်နိုင်ကြောင်း ၎င်းင်းက ပြောသည်။

မြေဂရန်ပြုလုပ်ပေးမည့်ကိစ္စနှင့် ပတ်သက်ပြီး မြို့နယ်လယ်ယာမြေစီမံခန့် ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက တင်ပြ လာသည့်အပေါ် သက်ဆိုင်ရာဌာနများနှင့် အစည်းအဝေးခေါ်ယူ၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြိတ်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။

မြိတ်တောင်ရပ်ကွက်တွင် အိမ်ခြေ ၆၀၂၈ အိမ်ရှိပြီး အိမ်ခြေ ၂၃၀၀ ခန့်မှာနှစ် ၃၀ မြေဂရန် လက်ဝယ်ရှိပြီး အိမ်ခြေ ၃၇၀၀ ကျော်မှာ မြေပုံကြမ်းကိုင်၍ နေထိုင် နေကြကြောင်း မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှုး ထံမှသိရသည်။

“နိုင်ငံအခွန်လည်းရ ပြည်သူတွေ လည်းစိတ်ချမ်းသာမယ့် နှစ် ၃၀ ဂရန် ပြုလုပ်ပေးမယ်ဆိုရင် ရပ်ကွက်နေပြည် သူတွေ ၀မ်းသာကြမှာပါ”ဟု မြိတ်တောင် ရပ်ကွက်နေ ဒေါ်မာမာလွှင်က ပြောသည်။

မြိတ်တောင်ရပ်ကွက် ရပ်ကွက်ခွဲ ပေါင်း ၂၀ခန့် ရှိကြောင်း မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

ကိုဆန်း