ဘုတ်ဖတ် ပန်းကန်ယောက်ခွက် အမှာများ၍ လက်မလည်

0
5317
ဘုတ်ဖတ်ပန်းကန်ယောက်ခွက်များကို တွေ့ရစဉ်။ ဓာတ်ပုံ - မြင့်မိုရ် (မြိတ်)

ဒေသအခေါ် ဘုတ်ဖတ်ဟု ခေါ်သည့် ကွမ်းသီးပင်ဖက်ကို အသုံးပြု၍ ထုတ်လုပ် ထားသော အစားအသောက်ဆိုင်ရာ ပစ်္စည်းများဖြစ်သည့် ပန်းကန်ယောက်ခွက် အော်ဒါမှာယူသူ များပြားလျက်ရှိကြောင်း ယင်းကုန်ပစ္စည်းများ ထုတ်လုပ်သူထံမှ သိရသည်။

ဘုတ်ဖတ်ကို အသုံးပြု၍ တစ်ခါသုံး ထမင်းဘူး၊ ဇွန်း၊ ခရင်း၊ ဟင်းခွက်၊ ကော်ဖီခွက်၊ ပန်းကန်ပြား စသည့် ပစ်္စည်း ၆ မျိုးခန့်ကို မြိတ်မြို့တွင် နေထိုင်သူတစ်ဦး ဖြစ်သူ ဦးသန်းဇော်ဦးက ယခုနှစ် အောက် တိုဘာလမှ စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ် သည်။

“အော်ဒါတွေ များလွန်းလို့ တစ်လလောက် ဆိုင်းငံထားတာတွေတောင် ရှိနေတယ်””ဟု ဦးသန်းဇော်ဦးက ပြော သည်။

မှာယူသူများသဖြင့် အချိန်ကာလ တစ်ခု(ဥပမာ- တစ်လ) စောင့်ဆိုင်းရန် မေတ်္တာရပ်ခံထားရကြောင်း ၎င်းင်းက ဆိုသည်။

အော်ဒါမှာယူထားသူ အများစုမှာ ရန်ကုန်၊ မန်္တလေး၊ အင်းလေး၊ နေပြည်တော် တို့ဘက်မှဖြစ်ကြပြီး မြိတ်တွင်လည်း ခရီး သွားလုပ်ငန်းတစ်ချို့တို့၏ ကမ်းလှမ်းမှု လည်းရှိနေကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။

လက်ရှိတွင် တစ်နေ့လျှင် ပစ်္စည်း အခုရေ ပျမ်းမျှ ၂၀၀ ခုခန့်ထွက်ရှိသည့် စက် ၄ လုံးသာ ရှိသေးသည့်အတွက် အော်ဒါများကို ဆိုင်းငံထားရခြင်းဖြစ်ပြီး ကျန်သည့် စက်ပစ်္စည်းများအား တပ်ဆင် နေဆဲဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

အော်ဒါများကို ပစ်္စည်းအရေအတွက် သောင်းဂဏန်းအထိ မှာယူထားမှုများရှိ နေပြီး စက်များတပ်ဆင်ပြီးစီးပါက ဆိုင်းငံ့ ထားရသည့် အော်ဒါမှာပစ်္စည်းများအား စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

အဆိုပါပစ်္စည်းများကို ထုတ်လုပ် နိုင်ရန်နှင့် စက်များ တပ်ဆင်ရန်အတွက် နည်းပညာကို အချိန်တစ်နှစ်ခန့်ယူကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လေ့လာ သင်ယူထားရပြီး လိုအပ်သည့်စက်များကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

လက်ရှိ ထုတ်လုပ်နေသည့် ပစ်္စည်း ၆ မျိုးအပြင် အခြားပစ်္စည်းများကိုလည်း  ထပ်မံထုတ်လုပ်သွားမည်ဖြစ်ပြီး စက်ရုံကို ရန်ကုန်မြို့တွင် အခြေစိုက်ကာ ပြည်တွင်း နှင့် ပြည်ပအထိ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချသွားရန် စီစဉ်နေကြောင်း ၎င်းင်းက ဆို သည်။

ပစ်္စည်းထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းဖြစ်သည့် ကွမ်းပင်ဘုတ်ဖတ်များ ကိုလည်း ဦးသန်းဇော်ဦး ဖုန်း- ၀၉၄၅၁ ၂၉၀၂၁၃ ထံဆက်သွယ်ပြီး လာရောက် ရောင်းချနိုင်ကြောင်း သိရသည်။

                   မြင့်မိုရ်(မြိတ်)