ခရစ်နှစ်သစ်ကူးသူများ

0
609
၂၀၁၉ခုနှစ် Happy New Year ည မြင်ကွင်း

မြန်မာ နှစ်သစ်ကူးပွဲတော်က တန်ခူးလ သင်္ကြန်ပွဲတော် ဖြစ်ပါသည်။

သို့သော် ခရစ်နှစ်သစ်ကူး ဒီဇင်ဘာ ၃၁ ညတွင်လည်း နှစ်သစ်ကူးပွဲတော် ကျင်းပလာကြပြီ ဖြစ်သည်။

တနင်္သာရီတိုင်းတွင်လည်း ယခင် က မြို့ပြလူတန်းစားတစ်ချို့သာ၊ ခရစ်နှစ်သစ်ကူးကြသော်လည်း ယခုအခါ ကျေးလက်များတွင်ပါ ခရစ်နှစ်သစ် ကူးနေ ကြပါပြီ။

၁၀ . .

၉ . .

၈ . .

၇ . .

၆ . .

၅ . .

၎ . .

၃ . .

၂ . .

၁ . .

ဟဲပီးနယူးရီးယား . . . . . ဟု နှစ်ဟောင်း ၏ နောက်ဆုံး စက်္ကန့်များကို အော်ဟစ် ရေတွက်သူတို့ တစ်နှစ်ထက် တစ်နှစ် များလာပါပြီ။

ယင်းသို့ အော်ဟစ်ပြီးပါက အများစုကတော့ မီးရှူးများ ကောင်းကင် ယံပေါ် ပစ်လွှတ်ကာ နှစ်သစ်ကို ကြိုဆို ကြပါသည်။

မြိတ်၊ ကျွဲကူးတံတားပေါ်တွင်ကာ လူအများ စုဝေးကြကာ နှစ်ဟောင်း၏ နောက်ဆုံး ၁၀ စက္ကန့်ကို ပြိုင်တူ ရေတွက်ကြ၊ ဟဲပီးနယူးရီးယားဟု တစ်ပြိုင်တည်း အော်ဟစ်ကြသည်။

“မီးရှူးမီးပန်းတွေ ဗျောက်အိုးတွေ ဖောက်ကြနဲ့ ကောင်းကင်ကြီးက အရမ်းလှပြီး ပျော်စရာလည်း အရမ်းကောင်းတယ်”ဟု မြိတ်မြို့၊ မြို့သစ်ရပ်နေ မမိုးမိုးက ပြောသည်။

ထားဝယ်မြို့နယ်၊ မေတ်္တာမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင်မူ မီးရှူး အစား ရှိရာသေနတ်ကို ပစ်ဖောက်ကြ ကြောင်း ယင်းဒေသသား စောဂျိုးကပ်က ပြောသည်။

“ဒီလိုနှစ်ကူးပြီးတဲ့ အချိန်အပိုင်း အခြား စက္ကန့်ပိုင်းလေးမှာ ရှိတဲ့သေနတ် တွေ ဖောက်ကြတာပေါ့။ စက်သေနတ်ရှိ တဲ့လူကလည်း စက်သေနတ်ဖောက်ကြ တာပေါ့နော့်။ တူမီးသေနတ်ရှိတဲ့သူ ကလည်း တူမီးသေနတ်ဖောက်ကြတာပေါ့။ တစ်ဗုံးဗုံး တစ်ဗုံးဗုံးနဲ့” ဟု စောဂျိုးကပ်က ပြောသည်။

တနင်္သာရီတိုင်းအတွင်း နှစ်သစ်ကူး

၂၀၁၈ခုနှစ် Happy New Year ညမြင်ကွင်း

ပွဲ ဆင်နွှဲသူအများစုက လူငယ်များဖြစ်ကြ သော်လည်း နောက်ပိုင်းတွင် လူကြီးများ ပါ ပါဝင်ဆင်နွှဲလာကြသည်။

အိမ်ရှေ့တွင် မိသားစုလိုက် မုန့်လုပ်၊ ငါးကင် စသဖြင့် ညဦးကတည်းက ပျော်ရွှင်စွာ စုရုံးဆင်နွှဲလာကြသည်။

နှစ်သစ်ကူးညအတွက် ညနေ ၄ နာရီ အချိန်မှစ၍ ပုဇွန်သားငါး ဟင်းသီးဟင်း ရွက်များ ၀ယ်ကာ ညဦးပိုင်းအချိန် ပြင် ဆင်ထားပြီး ည ၁၂ နာရီအချိန်ကျော်မှ သားငါးများကင်ကာ စတင်စားသောက် ကြကြောင်း မမိုးမိုးက ပြောသည်။

လူငယ်အချို့ကမူ သူငယ်ချင်းများ စုကာ မုန့်လုပ်၊ ဂီတာတီး၊ ကမ်းခြေတစ်ခုခုသို့ သွားကြသည်။

နှစ်သစ်ကူးည ခေတ်စားလာသည် မှာ အနည်းဆုံး အနှစ် ၂၀ နီးပါး  ရှိနေပြီ ဖြစ်ပြီး ဂလိုဘယ်ဇေးရှင်း ယဉ်ကျေးမှု ကူးစက်လာသည်ဟု    ထင်ကြောင်း မြိတ်မြို့၊ ဇေယျာသီရိရပ်နေ အငြိမ်းစားကျောင်းဆရာ      ကြီး    ဦးအောင်သန်းက ဆိုသည်။

“အမှန်က အင်္ဂလိပ်ဖြစ်ဖြစ် မြန်မာ ဖြစ်ဖြစ် နှစ်သစ်ကူးတိုင်းက ယဉ်ကျေးပြီး ချစ်စရာ ပျော်စရာ ကောင်းတယ်။ အဲဒါတွေကို သရုပ်ပျက်အောင် အကျည်းတန်အောင် လုပ်နေတာက လူပဲ”ဟု ဦးအောင်သန်းက ပြောသည်။

ဟုတ်ပါသည်။

တစ်ချို့ အမျိုးသား၊ အမျိုးသမီးတို့ က နှစ်သစ်ကူးကို အကြောင်းပြုကာ အရက်၊ ဘီယာ၊ ၀ိုင်သောက်ကြသည်။ သောက်သည်က အကြောင်းမဟုတ် သော်လည်း လူငယ်တစ်ချို့က မူးယစ် အပျော်လွန်ကာ ရန်ဖြစ်ကြသည်။ ယာဉ် တိုက်မှု ဖြစ်ကြသည်။

“ကိုယ်တွေလည်း နှစ်သစ်ကူးညမှာ ပျော်တုန်းရွင်တုန်း သောက်တုန်းစား တုန်းပဲ၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကစာရင် ခု က ရန်ပွဲတွေ ပိုများလာ ယာဉ်တိုက်မှုတွေ ပိုများလာတာပဲ ပိုသွားတယ်။ လူငယ်တွေ ကို ပျော်ရွင်အေးချမ်းစွာနဲ့ နှစ်သစ်ကူးည ကို ဖြတ်ကျော်စေချင်တယ်”ဟု မြိတ်မြို့ ခံတစ်ဦးဖြစ်သည့် ကိုနိုင်က ပြောသည်။

မည်သို့ဆိုစေ ခရစ်နှစ်သစ်ကို ကြိုဆိုသူ တနင်္သာရီတိုင်းသား တစ်နှစ်ထက် တစ်နှစ် များလာနေဦးမည်သာ။

“ကျွန်တော်စိတ်ထဲမှာတော့ ပြီးခဲ့ တဲ့နှစ်အတွက် အသက်ရှင်ခွင့်ပေးတဲ့ ဘုရားကို ကျေးဇူးတင်တယ်ပေါ့နော်”ဟု စောဂျိုးကပ်က ပြောသည်။

 

တနင်္သာရီသတင်းအဖွဲ့