၃၁-၁၂-၂၀၁၈ မှ ၆-၁-၂၀၁၉ အထိ
တနင်္ဂနွေ
ဘာပဲလုပ်လုပ် အဆင်ပြေမည်။ ကုမ္ပဏီ၊ အင်တာဗျူးဖြေဆိုမည့်သူများ အခြေအနေကောင်းများ ရမည်။ ဥစ္စာဓနတိုးပွားမည်။ ကျန်းမာရေး အညံ့မရှိပါ။ ငွေကြေးက ၀င်လိုက်ထွက်လိုက် ဖြစ်နေမည်။ မေတ္တာရေးသည်ကား စိုးရိမ်မှုက သင့်ကို ဒုက္ခပေးနေတတ်သည်။
အကျိုးပေးသော အရောင် – ပန်းရောင်၊ လိမေ်္မ်ာရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – ပန်းသီး(၂)လုံးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။
တနင်္လာ
စက်ပစ္စည်းများ ဒုက်္ခပေးတတ်သည်။ ရွှေထည်ပစ်္စည်းများ ၀င်မည်။ ကွဲကွာနေသော မိသားစု၊ မောင်နှမများနှင့် ဆုံစည်းရမည်။ ခရီးဝေးများ သွားရမည်။ အရိုးအကြောကျန်းမာရေး ဂရုစိုက်ပါ။ ပညာရေးကောင်း၏။ မေတ္တာရေးသည်ကား စိတ်ညစ်ခဏဖြစ်၍ ပျော်စရာ ထာဝရ ဖြစ်နေမည်။
အကျိုးပေးသော အရောင် – ပြောက်ကျားရောင်၊ ကြက်သွေးရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အ၀ါရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – နှင်းဆီ (၇) ပွင့် ဘုရားပန်းကပ်လှူပါ။
အင်္ဂါ
မင်္ဂလာသတင်းစကားများ ကြားရမည်။ ငွေကြေး အလုံးအရင်းဝင်မည်။ အရေးတကြီး ပြောဆိုရမည့်ကိစ်္စများ အဆင်ပြေမည်။ ပညာရေးကောင်းပါမည်။ လုပ်ငန်းနှင့် ပတ်သက်၍ အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူထံမှ အဖြေရမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ ပန်းရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ ပြောက်ကျားရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – ဗောဓိညောင်ပင်ကို ရေသက်စေ့လောင်းလှူပါ။
ဗုဒ္ဓဟူး
မြေဝင်မည်။ ပစ်္စည်းများဥစ္စာများ စုမိဆောင်းမိမည်။ အိပ်မက်ကောင်းများ မက်မည်။ မိမိ၏ ဆန္ဒတစ်ခုအား သွေးမတော်သားမစပ်သူတစ်ဦးက ကူညီပါလိမ့်မည်။ လူကြီးသူမများ အထင် မြင်လွဲမှု ခံရတတ်သည်။ မေတ္တာရေးသည်ကား အစစအရာရာ အဆင်ပြေပါမည်။
အကျိုးပေးသော အရောင် – ပြောက်ကျားရာင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ အ၀ါရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – မုန့်ဟင်းခါးတစ်ချိုင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ဆက်ကပ်လှူဒါန်းပါ။
ကြာသပတေး
ဘုရားဖူး ခရီးများ သွားရမည်။ ကုန်ကျထားသော ငွေများ ဆတိုးပြန်ဝင်မည်။ ပညာရေးကိစ်္စ များ အဆင်ပြေမည်။ လုပ်ငန်းနှင့် ပတ်သက်၍ အစစအရာရာ အဆင်ပြေမည့်ကာလ ဖြစ်သည်။ မတော်တဆ ထိခိုက်မှု ကြုံရတတ်သည်။ မေတ္တာရေးသည်ကား သင့်အတွက် ကံကောင်းသော ကာလကို ဖြတ်ကျော်ရလိမ့်မည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – ပန်းသစ်တော်သီးနှစ်လုံးအား ခွဲခြမ်းစိတ်ဖြာပြီး ဘုရားကပ်လှူပါ။
သောကြာ
သင့်အတွက် ဘာလုပ်လုပ် အဆင်ပြမည့်ကာလ ဖြစ်သည်။ အရေးတကြီး ပြောဆိုရမည့် ကိစ္စများ အဆင်ပြေမည်။ အိုးအိမ်များ ပြုပြင်ရတတ်သည်။ အလှူအတန်းများ ပြုရတတ်သည်။ မေတ္တာရေးသည်ကား အဆင်ပြေချောမွေ့မည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – ပြောက်ကျားရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသာ အရောင် – ပန်းရောင်၊အနီရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – နှင်းဆီ (၇)ပွင့် ဘုရားကပ်လှူပါ။
စနေ
ပညာရေးကိစ်္စများ အထူးကောင်းမွန်မည်။ ဘုရားဖူးခရီးများ သွားရမည်။ ဘာလုပ်ငန်းလုပ်လုပ် အဆင်ပြေချောမွေ့မည်။ ခါးနာခြင်း သတိထားပါ။ မေတ္တာရေးသည်ကား သင့်အတွက် ချိုမြိန်ပါလိမ့်မည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ အ၀ါရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – ပူတင်းမုန့် ဘုရားကပ်လှူပါ။
လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ် (Geology)
ဝေဒလက္ခဏသုတေသီ