မြိတ်တွင် ကျင်းပမည့် ဒေသတွင်း ထွက်ကုန် ပြပွဲ၊ ပြိုင်ပွဲ ဝင်ပြိုင်လိုက စာရင်းပေးနိုင်

0
469

မြိတ်မြို့တွင် ကျင်းပမည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ(MSME)  ဒေသတွင်းထွက်ကုန် ပြပွဲ၊
ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုပါကစာရင်းပေးသွင်းနိုင်ကြောင်း စက်မှုကြီး
ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး
ဦးညွန့်နွယ်က ပြောသည်။ဒေသထွက်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ
ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး(MSME) ဒေသတွင်း ထုတ်ကုန်ပြပွဲ၊
ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုပါကသက်ဆိုင်ရာ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ရုံးများသို့ ဆက်
သွယ်နိုင်ကြောင်း ဦးညွန့်နွယ်က ပြောသည်။

“ပြိုင်ချင်တဲ့ လုပ်ငန်းရှင်တွေကကျွန်တော်တို့ဆီကို ပွဲမတိုင်ခင် ရက်နှစ်
ဆယ်လောက်အတွင်း လာပြီး နောက်ဆုံးထားပြီး ဖိတ်ခေါ်ပါမယ်”ဟု ၎င်းက ဆို
သည်။အခြားတိုင်းနှင့် ပြည်နယ်များမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ
ကိုမူ ပြိုင်ပွဲဝင်ခွင့်ပြုမည် မဟုတ်ဘဲပြသခွင့်ပေးမည် ဖြစ်ကြောင်း ဦးညွှန့်နွယ်
က ပြောသည်။မြိတ်တွင် ပြုလုပ်မည့် ဒေသထွက်ကုန်များ ပြပွဲနှင့် ပြိုင်ပွဲတွင် ကျွန်းစုမြို့နယ် ကျေးလက်သစ်တောအသုံးပြုသူ
များအသင်းမှ ဝါးဖြင့် ပြုလုပ်သည့်အသုံးအဆောင်ပစ္စည်းများ ထည့်သွင်း
ပြသနိုင်ရန် ပြင်ဆင်နေကြောင်း ယင်းအသင်း ဥက္ကဋ္ဌဦးလေးမင်းက ပြောသည်။တိုင်းအတွင်း(MSME) လုပ်ငန်းပေါင်း သုံးသောင်းခန့်ရှိပြီး ယင်းပြပွဲပြိုင်ပွဲတွင် ဒေသထုတ်ကုန်းများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ CITY MART  ကဲ့သို့
ဈေးဝယ်စင်တာများတွင် တင်ပြီးရောင်းချနိုင်ရန် ဈေးဝယ်စင်တာများမှ ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးမည့် အစီ
အစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့သော ဒေသတွင်းထုတ်ကုန်ပြိုင်ပွဲ၊ ပြပွဲများ လုပ်ဆောင်ခြင်းကဒေသတွင်းထုတ်ကုန်များ လူသိများလာ
သကဲ့သို့ ဈေးကွက်လည်း ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း ထားဝယ်မြို့မှ “လှ”
တံဆိပ် သီဟိုစေ့လုပ်ငန်းပိုင်ရှင် ဦးသူရက ပြောသည်။
“ဒီလိုပွဲမျိုးတွေ ပုံမှန်ကို လုပ်သင့်တယ်”ဟု ဦးသူရက ဆိုသည်။
ဆိုင်ခန်းပေါင်း ၁၈၀ ခန့် ပါဝင်မည်ဖြစ်ပြီး ဆိုင်ခန်းခနှုန်းထားကို ထိုက်သင့်သည့်နှုန်းဖြစ်စေရန် ဆွေးနွေးနေဆဲ
ဖြစ်ကြောင်း ဦးညွှန့်နွယ်က ပြောသည်။