မော်လမြိုင်ဆေးရုံတွင် ခွေးရူးပြန် ကာကွယ်ဆေးပြတ်လပ်၊ လူမှုအဖွဲ့ အစည်းက လှူသည့် ဆေးဖြင့်ထိုးပေးနေ

0
530

မွန်ပြည်နယ်၊ မော်လမြိုင်ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေးပြတ်လပ်လျက်ရှိပြီး လက်ရှိတွင် လူမှုအဖွဲ့
အစည်းကလှူဒါန်းပေးသည့်ဆေးဖြင့်
ထိုးပေးလျက်ရှိကြောင်း မော်လမြိုင် ဆေးရုံအုပ်ကြီးထံမှ သိရသည်။မွန်ပြည်နယ်တွင် မော်လမြိုင်ဆေးရုံ
ကြီး အပါအဝင် မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင် အခမဲ့ထိုးပေးနေသည့် ခွေးရူး
ပြန်ကာကွယ်ဆေးများ နိုဝင်ဘာလကုန်ခန့်မှ ပြတ်လပ်သွားခဲ့ပြီးနောက် မော်လမြိုင်ဆေးရုံကြီးတွင်ကရုဏာစမ်း ရေ လူမှုရေးအဖွဲ့အစည်းမှ လှူဒါန်းပေးသည့်ဆေးဖြင့်အရေးပေါ်ထိုးပေးလျက်ရှိကြောင်းမော်လမြိုင်ဆေးရုံအုပ် ဒေါက်တာကျော်မြင့်
က ပြောသည်။

“ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကထောက်ပံ့ပေးတဲ့ ဆေးတွေက ကုန်သွား
တောမြိုနယ်တွေနဲ့တိုက်နယ်ဆေးရုံတွေမှာ ဆေးတွေက ကုန်သွားပြီ၊ မော်လမြိုင်
ဆးရုံမှာကကရုဏာစမ်း   ရေက လာလှူတဲ့ဆေးနဲ့ ထိုးပေးနေတယ်”ဟု
ဒေါက်တာကျော်မြင့်က ပြောသည်။ကရုဏာစမ်းရေအဖွဲ့က ဒီဇင်ဘာလ
ပထမအပတ်တွင် ခွေးရူးဆေး အလုံး၁၀၀ လာရောက်လှူဒါန်းထားပြီး လိုအပ်
ပါက ထပ်မံလှူဒါန်းမည်ဟု ပြောဆိုထားကြောင်း ဒေါက်တာကျော်မြင့်ကဆိုသည်။

ခွေးကိုက်ခံရမှုကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေးလာရောက်ထိုးနှံသူ တစ်နေ့လျှင်အယောက် ၄၀ မှ ၅၀ အထိ ရှိသည်ဟု၎င်းက ပြောသည်။ဆေးရုံကြီးများတွင် ခွေးရူးပြန်ကာကွယ်ဆေးပြတ်လပ်နေသော်လည်း
အပြင်ဆေးရုံ ဆေးခန်းများတွင် ခွေးရူးပြန်ကာကွယ်ဆေးကို တစ်လုံး ကျပ်၁၀၀၀၀ ကျော်ပေါက်ဈေးဖြင့် ထိုးနိုင်ကြောင်း ဒေါက်တာကျော်မြင့်က ဆိုသည်။”ခွေးရုးကိုက်ခံရတုန်းက ပထမဆေးတစ်လုံးကို ဆေးရုံက အခမဲ့ ထိုးပေး
တယ်၊ နောက်တစ်ကြိမ် သွားထိုးတော့ဆေးရုံမှာ ဆေးကုန်သွားတော့ အပြင်မှာဝယ်ပြီး သွားထိုးရတယ်၊ ဆေးက တစ်လုံး
တသောင်း ပေးရတယ။် သုးကြိမ်ထိုးရတယ်”ဟု ပေါင်မြို့မှ ခွေးရူးကိုက်ခံရဖူးသူ ဒေါ်သန်းက ပြောသည်။

ပြည်နယ်အတွင်း များပြားလာသည့် ခွေးလေခွေးလွင့်များကို စည်ပင်သာယာရေးအဖွဲ့က အဆိပ်ကျွေးနည်းဖြင့်နှိမ်နင်းလျက်ရှိသော်လည်း နှိမ်နင်းရန်အတွက် ခွေးနှိမ်နင်းသည့်ဆေး (အဆိပ်)လည်း အခက်အခဲရှိနေကြောင်း မွန်ပြည်
နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ခွေးလေခွေးလွင့်များပြားလာသည့်အတွက်ခွေးကိုက်ခံရမှု၊ခွေးရှူးကိုက်ခံရသူများလာပြီးရသူများလာပြီး စက်တင်ဘာလ အတွင်း
၌ပင် မော်လမြိုင်တွင် ဘုန်းကြီးတစ်ပါးခွေးရူးရောဂါဖြင့် ပျံလွန်ခဲ့ သည့်အပြင်ပေါင်မြို့နယ်တွင်လည်း ကလေးတစ်ဦး
အပါအဝင် လူ ၁၅ ဦး တစ်ပြိုင်နက်တည်းခွေးရူးကိုက်ခံရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးသည်။