ရေသန့်မှ သောက်မှာလား

0
665

သောက်ရေတစ်ခွက်ကို ရေအိုးထဲကနေ အိုးမှုတ်ခွက်နှင့် အားရပါးရ ခပ်သောက်ခွင့်ရတဲ့ခေတ် ကျော်ခဲ့ပါပြီ။ ယခုခေတ်တွင် မည်သည့်အိမ် မည်သည့်သောက်ရေအိုးစင်တွင်မှ မတွေ့ရတော့ပါ။ အိုးမှုတ်ခွက်ကို မဆိုထား
တစ်ချို့ အိမ်များ၊ ရေအိုးစင်များတွင်ဆိုလျှင်မြေ ရေအိုးပင် မထားတော့ပေ။ရေအိုးအစား နေရာယူလာသည်က
ဖြူဖြူ၀၀ ရေသန့်ဘူးကြီးများ။ အားရပါးရ ခပ်သောက်ရမည့်ရေအိုးအစား ဂေါက်
က ခံသောက်ရသည့် ရေသန့်ဘူး၊ ရေသန့်ရေအေးစက်များက အိမ်များ၊ ရုံးများ၊
ဘုန်းတော်ကြီးကျောင်းများတွင်ပင် နေရာယူလာကြပါပြီ။အထူးသဖြင့် တနင်္သာရီတိုင်း၏
မြို့ပြများတွင် ၂၀၀၀ ခုနှစ်ဝန်းကျင်မှစရေသန့်ဘူးယဉ်ကျေးမှု စတင်ထွန်းကား
လာခဲ့သည်။ ယခင်က တစ်လီတာဝင်ရေသန့်ဘူးများသာ စပေါ်စဉ်က တိုင်းသူ
တိုင်းသားတို့က ရေသန့်ဆိုသည်မှာ အမှုမဲ့အမှတ်မဲ့သာ။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှစ တိုင်းအတွင်း ရေသန့်စက်ရုံများ အလျှိုလျှိုပေါ်လာကာ ၂၀ လီတာဝင် ရေသန့်ဘူးကြီးများ အိမ်တိုင်ရာရောက် ဖြန့်ဝေရောင်းချကြသည်မှစ မြို့ပြလူတန်းစားတို့ ရေသန့်ဘူး ကြိုက်တတ်လာကြသည်။ ယခုကားမြို့ပြနေသူ အားလုံးနီး ပါးက ရေသန့်မှရေသန့်။
“ရိုးရိုးရေ မသောက်ချင်ဘူး၊ သောက်လို့မဝင်ဘူးဖြစ်နေတယ်။ ရိုးရိုးရေက
ကြည်ပေမဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေရှိနိုင်တယ်။ ဝမ်းပျက်ဝမ်းလျောလည်း ဖြစ်မှာယခုမြို့ပြများတွင် တွင်းရေအစားစက်ရုံထွက် သောက်ရေသန့်များသာသောက်သုံးလာကြသည်မှာ မြို့ပြရေတို့မကြည်တော့၏လော။

ငယ်စဉ်ကတည်းက ထားဝယ်တွင်းရေကိုသာ သောက်သုံးကြီးပြင်းခဲ့သော
ထားဝယ်သား ရေပညာရှင်တစ်ဦးဖြစ်ဖြစ်သည် စာရေးဆရာ ဦးကျော်ဦးကမူ
ထားဝယ်မြို့၏ နေရာ အတော်များများမှရေများမှာ သောက်သုံးရန် အဆင့်မီသော
ရေများဖြစ်ကြောင်း ပြောပါသည်။”ဒို့ငယ်ငယ်တုန်းက တွင်းရေပဲသောက်ခဲ့တာ၊ တွင်းရေပဲ သောက်ပြီးကြီးလာတာပဲ၊ ခုမှ ထားဝယ်တွင်းရေတွေကထူးခြား(ပြောင်းလဲ)သွားတာ မဟုတ်ပေ
မဲ့ မြန်မာတပြည်လုံးက ရေသန့် ရေသန့်ကြောက်တယ်။ ရေသန့်က သန့်စင်ပြီး
ဖြစ်လို့ ပိုးမွှားကင်းစင်တယ်။ စိတ်ချလက်ချ သောက်ရတယ်”ဟု မြိတ်မြို့၊
မြို့သစ်ရပ်နေ အသက် ၄၀ ရှိ ဒေါ်စံစံကပြောသည်။ထိုရေသန့်ယဉ်ကျေးမှု၊ အိမ်တွင်၊အများနှင့်သက်ဆိုင်သောနေရာများတွင်
ရေသန့်ဘူးကြီးထား မြို့ပြမှသည် မြို့ပြနှင့် အလှမ်းနီးသော ကျေးရွာအချို့ထိပင်ကူးစက်လာပါပြီ။
အရင်က ခရီးသွားလျှင် ရေဘူးလေးများထဲသို့ ရေတွင်းထဲက သောက်ရေခပ်ထည့်သယ်သွားလေ့ရှိသည်ဆိုသော ထားဝယ်မြို့
တိုးချဲ့မြို့သစ်ရပ်ကွက် နေမဇာဇာသည်လည်း အခုနောက်ပိုင်းခရီးသွားလျှင် လမ်းတွင် ရေသန့်သာဝယ်သောက်တော့သည်ဟု ဆိုပါသည်။

“ခရီရှည်သွားရင် ရေသန့်ဝယ်
သောက်တာက ဝန်ထုတ်ဝန်ပိုး မဖြစ်တော့
ဘူး။ ရေကို သန့်သန့်ရှင်းရှင်း သောက်ရတယ်လို့လည်း ခံစားရတယ်လေ”ဟုမဇာဇာက ပြောသည်။ရေသန့်မပေါ်မီက တွင်းရေကိုသာတွင်တွင် သောက်ခဲ့သူတို့အခုအချိန်တွင် သောက်ရေအတွက် နေ့စဉ် ငွေပိုသုံးနေကြရလေပြီ။
“ရေကြည်ရာ မြက်နုရာ”ဟူသည့်
စကားပုံ ရှိပါသည်။လူတို့သည် ဟိုးယခင်ကတည်းက
ရေကြည်ရာ၊ သောက်သုံးရေ အဆင်ပြေသည့်နေရာများတွင်သာ အခြေချနေထိုင်ခြင်း၊ မြို့ရွာတည်ဆောင်ခြင်းတို့ ပြုတတ်ကြပါသည်ယခုမြို့ပြများတွင် တွင်းရေအစားစက်ရုံထွက် သောက်ရေသန့်များသာ
သောက်သုံးလာကြသည်မှာ မြို့ပြရေတို့မကြည်တော့၏လော။
ငယ်စဉ်ကတည်းက ထားဝယ်တွင်းရေကိုသာ သောက်သုံးကြီးပြင်းခဲ့သော
ထားဝယ်သား ရေပညာရှင်တစ်ဦးဖြစ်ဖြစ်သည် စာရေးဆရာ ဦးကျော်ဦးကမူ
ထားဝယ်မြို့၏ နေရာ အတော်များများမှရေများမှာ သောက်သုံးရန် အဆင့်မီသောရေများဖြစ်ကြောင်း ပြောပါသည်။
“ဒို့ငယ်ငယ်တုန်းက တွင်းရေပဲ
သောက်ခဲ့တာ၊ တွင်းရေပဲ သောက်ပြီးကြီး
လာတာပဲ၊ ခုမှ ထားဝယ်တွင်းရေတွေက
ထူးခြား(ပြောင်းလဲ)သွားတာ မဟုတ်ပေ
မဲ့ မြန်မာတပြည်လုံးက ရေသန့် ရေသန့်။ဖြစ်နေတာကိုး”ဟု ဦးကျော်ဦးက ပြောသည်။
ရေသန့်ဆိုလျှင် ဏ့၇ မှဟု လူအများက ထင်မြင်ယူဆနေကြပြီး ၎င်းမှာလွဲမှားနေကာ ဏ့ ဆိုသည်မှာ အက်စစ်
ဓာတ် အနည်းအများ တိုင်းတာသည့်ယူနစ်တစ်ခုသာဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်း
မာရေးအဖွဲ့(WHဥ) ၏ စံသတ်မှတ်ချက်အရ ဏ့ ၆.၅ နှင့် ဏ့ ၈.၅ အကြားရှိသည့်ရေကို ရေသန့်စံမီသည်ဟု သတ်မှတ်ထားကြောင်း ဦးကျော်ဦးက ပြောသည်။သောက်သုံးရန်သင့်သည့်ရေမှာဏ့ တန်ဖိုးတစ်ခုတည်း မဟုတ်ဘဲဘက်တီးရီးယား၊ ဓာတုဓါတ်ပစ္စည်းများမပါဝင်ရဟု WHဥ မှ စံသတ်မှတ်ထားပြီးယင်းသို့သောရေမျိုးဆိုက စက်ရုံထုတ်ရေ
ရေသန့်မှ သောက်မှာလားသန့်ဖြစ်စေ၊ တွင်းရေဖြစ်စေ၊ တခြားနေ
ရာတစ်ခုခုက ရသည့်ရေဖြစ်စေ အန္တရာယ်ကင်းစွာ စိတ်ချလက်ချ သောက်သုံးနိုင်ကြောင်း ဦးကျော်ဦးက ပြောသည်။”ရေသန့်မှ ရေသန့်လို့ တယူသန်
ဖြစ်ဖို့တော့ မကောင်းဘူးပေါ့၊ ဒါအရေးတနင်္သာရီသတင်းအဖွဲ့ Àကြီးတယ်၊ ရေသန့်စက်ရုံက ထုတ်လိုက်
တိုင်း စံနဲ့မညီတဲ့ စက်ရုံအနည်းအကျဉ်းလည်း ရadS နတာကးkd ” ဟ k ၎င်းက ပြောသည။်
တနင်္သာရီတိုင်းအတွင်းမှ ရေသန့်ဘူးတို့ မည်သို့ ရှိလေသနည်း။

မြိတ်မြို့နယ်တွင် ရေသန့်စက်ရုံသုံးပုံတစ်ပုံခန့်မှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန(FDA)ကထုတ်ပေးသည့် အစားအသောက် ထုတ်လုပ်ရောင်းချခွင့် ထောက်ခံချက် မရှိသေးကြောင်း ရေသန့်စက်ရုံလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုလာသည်။လက်ရှိ မြိတ်မြို့နယ်အတွင်းရေသန့်စက်ရုံ ၈ ခုရှိပြီး စက်ရုံ ၅ ခု
သာ FDA ကျပြီးဖြစ်ကာ ကျန်စက်ရုံ၃ ခုမှာ လျှောက်ထားဆဲ သာဖြစ်ကြောင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု
ဦးစီးဌာန၊ မြိတ်ခရိုင်ရုံးခွဲက ယခုလတွင်ပြောလာသည်။ ရေသန့်ကတော့
တိုင်းသူတိုင်းသားများကြား အရောင်းအဝယ်မပျက်ပေ။

“ရေသန့်ဗူးသောက်တာ များလာတဲ့အခါ တွင်းရေက တစ်မျိုးဖြစ်သွားတယ်၊စိတ်ကြောင့်လဲ ဖြစ်မှာပါ၊ မသန့်သလို
ခံစားရပြီး ရေသန့်ပဲအလွယ်ဝယ်သုံး
တော့တယ်၊ ခုဆိုဘုန်းကြီးကျောင်းကအစရေသန့်ပဲ၊ အလှူလုပ်လည်း အဲ့လိုပဲ”ဟု
ကော့သောင်းမြို့ အောင်သုခရပ်ကွက်မှဦးဝင်းမြင့်က ပြောသည်။
တစ်ချို့က ရေသန့်စက်ရုံများကိုမယုံ။ သို့ကြောင့် မလွှဲသာမှ သောက်သည်။
သို့သော် ဧည်သည်များကိုမူ ရေသန့်ဖြင့်တည်ခင်းသည်။
“အိမ်မှာ ဆို လုံးဝကိုမသောက်ဘူး။ဧည့်သည်တွေ လာရင်တော့ ရေသန့်ဗူးပဲ
ဧည့်ခံပေး လုကိ တ် ယ” လောင်းလးkH မြို့နယ၊်စမ်း လမှ ;f ကျေးရွာမှ ဦးညိုအေးက ပြော
သည်။ထို သောက်သုံးပြီးသား ရေသန့်ဘူး
ခွံတို့ကို တိုင်းတွင်းသားတို့ မည်သို့စီရင်ကြပါသနည်း။၂၀ လီတာဗူးကြီးတို့က ရေကုန်
လျှင် ပြန်လဲသည်။တစ်လီတာနှင့်အောက် ဗူးငယ်တို့
ကိုမူ တစ်ချို့က တစ်နေရာရာတွင် ပြန်သုံးသည်ဖြေကြသည်။

တစ်ချို့က မီးရှို့သည်ဟု ဆိုကြသည်။
အများအားဖြင့်မူ အမှိုက်ပုံးတွင်၊တစ်နေရာရာတွင် လွှင့်ပစ်သည်ဟု ဆို
ကြပါသည်။ထိုရေသန့်ဘူးခွံတို့သည် ချေဖျက်
ရန် ဆယ်စုနှစ်ချီကြာမြင့်ကာ ချောင်းမြောင်း
များ၊ လမ်းဘေးများတွင် မမြင်ချင်မှ
အဆုံး တွေ့နေရပါသည်။မေးမိသည့် တိုင်းတွင်းသားအများစု
က ရေသန့်ကို အကြောင်းအမျိုးမျိုးကြောင့်ဆက်သောက်ကြဦးမည်ဟု ဆိုကြသည်။မြိတ်မြို့ ဇေယျာသီရိရပ်ကွက်နေ
အသက် ၇၅ နှစ်အရွယ် ဒေါ်အေးကြည်ကမူ ဘယ်ရေသောက်သောက် ပြဿနာမရှိဟု ဆိုသည်။
“ရေသန့်ဆိုတာ ခုမှ၊ တစ်သက်လုံးရိုးရိုးပဲသောက်လာတာ ဘာမှမဖြစ်ဘူး”ဟု ဒေါ်အေးကြည်က ပြောသည်။