ထားဝယ်နည်းပညာတက္ကသိုလ် အချိန်စာရင်းတွင် ကျောင်းသားများ ဝါသနာပါရာ လေ့လာခွင့်အချိန် ထည့်သွင်း

0
1121

နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် ယခုပညာသင်နှစ်မှ စတင်ပြီး သင်
ကြားရေး အချိန်စာရင်းတွင် ကျောင်းသူ၊ကျောင်းသားများ ဝါသနာပါရာ လေ့လာ
လှုပ်ရှားသည့်အချိန် (Activities Time)ကို ထည့်သွင်း ရေးဆွဲထားကြောင်း ယင်း
တက္ကသိုလ်ကျောင်းအုပ် ဒေါက်တာအောင်နိုင်မြင့်က ပြောသည်။
Activities Time  ကို အပတ်စဉ်ဗုဒ္ဓဟူးနေ့ ညနေပိုင်း နေ့တစ်ဝက်အဖြစ်သတ်မှတ်ထားပြီး ယင်းအချိန်အတွင်း
ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့်စာပေ၊ ဂီတ၊ အားကစား စသည့် ဝါသ
နာပါရာကို လေ့လာနိုင်မည်ဖြစ်သည်။

သို့သော် ကျောင်းသားများအနေဖြင့် ယင်း Activities Time  အချိန်တွင်
ပါဝင်ခြင်းမရှိဘဲ မကြာခဏပျက်ကွက်ပါက ယင်းအချိန်ကို စာသင်ချိန်ဖြင့် ပြန်လည်အစားထိုးမည်ဖြစ်ကြောင်း
ဒေါက်တာအောင်နိုင်မြင့်က ပြောသည်။”ဒါလေးက တက္ကသိုလ်မှာ ရှိသင့်
တယ်၊ လုပ်သင့်တယ်လို့ ထင်တဲ့ အတွက်သူ( ကျောင်း သာ၊ ကျောင်း သ)တို့၇ဲ့ကိုယ်ပိုင်အချိန်လေးအဖြင့် သတ်မှတ်ပေးလိုက်
တာ” ဟု ၎င်းကဆိုသည်။

နည်းပညာ တက္ကသိုလ်(ထားဝယ်)ကျောင်းစီမံခန့်ခွဲရေးအဖွဲ့၊ ဆရာများ သမဂ္ဂနှင့်
ကျောင်းသားများသမဂ္ဂတို့ အစည်း အဝေးတွင်ယင်း Activities Time   ကိုထည့်သွင်း
ရန် ကျောင်းသားများ သမဂ္ဂမှ အဆိုတင်သွင်းလာခြင်းကြောင့် ထည့်သွင်းဖြစ်
ကြောင်း ၎င်းကပြောသည်။Activities Time   တွင် ကျောင်းသားများ စိတ်ဝင်စားနိုင်မည့် ဘောလုံးကလပ်၊ ဂီတာကလပ်၊ ဓာတ်ပုံကလပ်စသည့်ကလပ် ၁၁ ခု ကိုဖွင့်လှစ်ကာ စည်းရုံးလုပ်ဆောင်နေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်သူရိန်က ပြောသည်။

“ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာမထိတွေ့၊ မခံစားရဖူးတဲ့ ပျော်စရာကောင်းပြီး အသိပညာကြွယ်ဝမှုပေးနိုင်တဲ့
University Campus Life  (တက္ကသိုလ်
ကျောင်းသားဘ၀) ကို ရစေချင်တယ်”ဟု ၎င်းက ဆိုသည်။

Activities Time   တွင် ကျောင်းသူ၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်
နေခြင်း ရှိမရှိကို ကျောင်းစီမံခန့်ခွဲရေးအဖွဲ့နှင့် ကျောင်းသားများ သမဂ္ဂတို့က
ပူးပေါင်းပြီး စီစစ်မည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ်ထံမှ သိရသည်။