တန်ဖိုးနည်းအခွန်တံဆိပ် ကပ်ထားသည့် GLAN MASTER အရက်ပုလင်း တစ်ထောင်နီးပါး ဖျက်ဆီး

0
623

ကျသင့်တန်ဖိုးထက် လျော့နည်းသည့် အခွန်အမှတ်တံဆိပ် ကပ်ထားသည့် ဂလန်းမာစတာ (GLAN MASTER)
အရက်ပုလင်း တစ်ထောင်နီးပါးကို ဒီဇင်ဘာ၁၂ရက်က ဖျက်ဆီးပစ်ခဲံကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်
တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။Kingdom  ဝီစကီတွင် ကပ်နှိပ်ရ
မည့် တန်ဖိုးနည်းအခွန်အမှတ်တံဆိပ်ကိုGLAN MASTER ဝီစကီတွင် ကပ်နှိပ်ထားခြင်းကြောင့် တနင်္သာရီတိုင်းအတွင်း ဈေးကွက်အတွင်းရှိ GLAN MASTER  အရက်ပုလင်းများကို သိမ်းဆည်းကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းပြည်တွင်းအခွန်များဦးစီးဌာန တိုင်းဒေသ
ကြီးဦးစီးမှူး ဦးကျော်ရဲထွန်းက ဆိုသည်။

Kingdom  ဝီစကီနှင့် GLAN MASTER ဝီစကီ နှစ်မျိုးစလုံးကို
Central Manufacturing  ကုမ္ပဏီမှထုတ်လုပ်ထားခြင်း ဖြစ်သည်။ထားဝယ်ခရိုင်အတွင်းGLAN MASTER အမှတ်တံဆိပ်ပါ အရက်ပုလင်း ၈၇၁ လုံး၊ မြိတ်ခရိုင်တွင် ၂၅ လုံးနှင့် ကော့သောင်းခရိုင် တွင် ၆၆ လုံးကိုသိမ်းဆည်းပြီး ထားဝယ်မြို့တွင် ဖျက်
ဆီးခဲ့သည်။ထုတ်လုပ်သည့် အရက်ပုလင်းတန်
ဖိုးအပေါ် တွက်ချက်ပြီး အခွန်အမှတ်တံဆိပ် ထုတ်ပေးခြင်းဖြစ်ကာGLAN MASTER  အမှတ်တံဆိပ်အရက်တွင်၅၇၆ ကျပ်တန် အခွန်အမှတ်တံဆိပ်
ကပ်ရမည်ဖြစ်ပြီးKingdom  အရက်တွင်၃၂၀ ကျပ်တန် အခွန်အမှတ်တံဆိပ်ကို
ကပ်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။လက်ရှိသိမ်းဆည်းဖျက်ဆီးခဲ့သည့် GLAN MASTER အရက်ပုလင်းများ
တွင် ကျပ် ၃၂၀ တန် အခွန်အမှတ်တံဆိပ်များကို ကပ်နှိပ်ထားကြောင်း ဦးကျော်ရဲထွန်းက ဆိုသည်။

“ဒီတစ်ပုလင်းကို မှားပြီးတော့ကပ်လိုက်တိုင်းမှာ နိုင်ငံတော်က ပုလင်း
တိုင်းမှာ ၂၅၆ ကျပ် နစ်နာသွားတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ထားဝယ်ဒေသခံ အရက်ဖြန့်ဖြူး
ရောင်းချနေသည့် လုပ်ငန်းရှင်အများစုကမူ ဈေးကွက်အတွင်း ဖမ်းဆီးကာ
သိမ်းဆည်း ဖျက်ဆီးခြင်းထက် ထုတ်လုပ်သည့် ကုမ္ပဏီကို တိုက်ရိုက်အရေးယူစေလိုကြောင်း ပြောကြသည်။သို့သော် ပြည်တွင်းအခွန်များဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးဦးကျော်ရဲထွန်းကမူ ယင်းသို့သော အရက်ပုလင်းများကို ဈေးကွက်အတွင်းဖမ်းဆီးမှသာ ဖမ်းမိနိုင်သည်ဟု ဆိုသည်။

“မှားယွင်းသည့် အခွန်အမှတ်တံဆိပ်ကပ်ထားတယ်၊ အထူးကုန်စည်ခွန်စစ်ဆေးရေးအဖွဲ့ကို ပြတာက ဂိုဒေါင်
တစ်ခု သူသိမ်းထားထားတာက တစ်နေရာ ပြီးမှ တိတ်တိတ်လေး ဖြန့်မယ်ဆိုရင်ဈေးကွက်ထဲမှာပဲ ဖမ်းမိနိုင်တယ်၊ဈေးကွက်ထဲကလွဲရင် ရွေးစရာမရှိဘူး”ဟု ဦးကျော်ရဲထွန်းက ပြောသည်။အထူးကုန်စည်ခွန်ဥပဒေအရ အရက်
ပုလင်းများတွင် အခွန်အမှတ်တံဆိပ်မပါခြင်း၊ လွဲမှားနေခြင်းများရှိပါက
လက်ဝယ်တွေ့ရှိသူကို ပစ္စည်းတန်ဖိုး၏၁၀၀ ရာခိုင်နှုန်းနှင့် ပင်ရင်းထုတ်လုပ်သည့် ကုမ္ပဏီကို ၅၀ ရာခိုင်နှုန်း ဒဏ်တပ်ရိုက်ကြောင်း ၎င်းက ဆို သည်။ယခုနှစ် အောက်တိုဘာလ ၄ ရက်ကလည်း အခွန်အမှတ်တံဆိပ် အတုကပ်ထားသည့် “ထန်း” အရက်ပုလင်း၈၀၀ နီးပါးကို ဖျက်ဆီးခဲ့သည်။