ကော့သောင်းနယ်စပ်မှ ထိုင်းသို့ ပြန်ဝင်လမ်းကြောင်းများ ပိတ်ဆို့စစ်ဆေး

0
527

မြန်မာ-ထိုင်းနယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြန်မာပြည်တောင်ပိုင်း ကော့
သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ဝင်
ရောက်နေသည့် နယ်စပ်ထွက်ပေါက်များရှိရာ လမ်းကြောင်းတစ်လျှောက်ကို ပိတ်
ဆို့ ရှာဖွေစစ်ဆေးမူများ ပြုလုပ်လျက်ရှိကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများ နယ်စပ်ထွက်ပေါက်များရှိရာ ခမောက်ကြီးမြို့
နယ်အပိုင် ဒေသအခေါ် ရှမ်းကိုးရွာများဘက်သွားသည့် လမ်းကြောင်းများ၏
အဝင်လမ်းများကို အဓိကထားကာ စောင့်ကြည့်ပြီး ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်
နေခြင်းဖြစ်ကြောင်း ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့ ရဲမှူးမျိုးထွန်းဦးက ဆိုသည်။
ထိုင်းဘက်သို့ တရားမဝင် လမ်းကြောင်းများမှတဆင့် ဝင်ရောက်သည့်
အတွက် ထိုင်းဘက်တွင် မြန်မာအလုပ်ကော့သောင်း ၊ ဒီဇင်ဘာ ၁၅သမားများ မကြာခဏ အဖမ်းခံရပြီး
ဖမ်းမိကာ မြန်မာဘက် ပြန်ပို့ခံရသည့်မြန်မာအလုပ်သမားများသည်နယ်စပ်ဂိတ်များမှတဆင်ထိုင်းသို ပြန်ဝင်နေသည့်
အတက် ယင်းသို့ ပိတ်ဆိုစစ်ဆေးခြင်း ဖြစ်ကြောင်း ရဲမှူးမျိုးထွန်းဦးက ရှင်းပြသည်။

“ဒီဇင်ဘာလ ကတည်းကစပြီး
မနက်ပိုင်းတွေမှာ ဖြန့်ကျက်ပိတ်ဆို့ရှာဖွေမူတွေ လုပ်နေတာပါ။ ဆက်ပြီးလည်း
လုပ်နေဦးမှာပါ”ဟု ၎င်းက ပြောသည်။ဒီဇင်ဘာ ၁၄ ရက် မနက်ကလည်း
ထိုင်းသို့သွားမည့် မြန်မာအလုပ်သမား၁၆ ဦးကို လုံးဖောကျေးရွာ အဝင်လမ်း
တွင်စစ်ဆေးတွေရှိခဲ့ကြောင်း သိရသည်။

ထိုင်းက နေရပ်ပြန်ပို့သည့် မြန်မာအလုပ်သမားများအား မြ၀တီနယ်စပ်
ဂိတ်က လက်မခံတော့သည့်နောက်ပိုင်းတွင် ဖမ်းဆီးခံ မြန်မာအလုပ်သမားများကို ကော့သောင်းနယ်စပ်ကနေ နေရပ်
ပြန်ပို့မူ ဒီဇင်ဘာလအတွင်း ခပ်စိပ်စိပ်ဖြစ်လာကြောင်း ကော့သောင်းမြို့နယ်
အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ဒီဇင်ဘာလအတွင်း နေရပ်ပြန်ပို့မြန်မာအလုပ်သမားများကိုလက်ခံနေသည်မှာ ၃ ကြိမ်ရှိနေပြီး လူဦးရေ ၃၀၀
နီးပါး ရှိနေပြီ ဖြစ်ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနထံမှ သိရသည်။