ဇင်းဘာချောင်းတွင် တရားမဝင် ရွှေတူးဖော်မှုကြောင့် ချောင်းရေ ညစ်ညမ်းမည်ကို ဒေသခံအချို့ စိုးရိမ်

0
412

ရေဖြူမြို့နယ်ရှိ ဇင်းဘာချောင်းရိုးတစ်လျှောက်တွင် တရားမဝင် ရွှေတူး
ဖော်နေမှုကြောင့် ချောင်းရေညစ်ညမ်းပြီးအသုံးပြု၍ မရတော့မည်ကို ဒေသခံ
အချို့က စိုးရိမ်နေကြသည်။ဇင်းဘာချောင်းမှာ ကလိန်အောင်
မြို့ အရှေ့ဘက် ထိုင်း- မြန်မာနယ်စပ်တနင်္သာရီရိုးမတောင်တန်းများတွင် မြစ်
ဖျားခံကာ ကလိန်အောင်မြို့အနီးမှထားဝယ်မြစ်အတွင်းသို့ စီးဝင်သည်။

ချောင်းရေကို ဒေသခံများကအဓိက အသုံးပြုနေရပြီး ချောင်းရိုးတစ်
လျှောက်တွင် တရားမဝင်ရွှေတူးဖော်သည့် ရေဆိုင်း၊ ကုန်းဆိုင်း ၆၀ ကျော်
ရှိကြောင်း ကလိန်အောင်ဒေသခံအချို့ကပြောသည်။
ချောင်းရေမှာ အမြဲတမ်းနောက်ကျိနေခြင်းမျိုး မရှိသော်လည်း ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဓာတုဆေးဝါးများ
ရေထဲတွင် ပါလာပြီး လူ၊ တိရစ္ဆာန်နှင့်သစ်ပင်တို့ကို ဆိုးကျိုးဖြစ်ပေါ်စေမည်ကို
ဒေသခံတို့က စိုးရိမ်နေကြသည်။

“ချောင်းရိုးတစ်လျှောက်က လူတွေခုထိတော့ ဒီချောင်းရေကို ကြောက်
ကြောက်နဲ့ သုံးနေကြတုန်းပဲ” ဟုကလိန်အောင် ဒေသခံတစ်ဦးက ပြော
သည်။ရွှေတူးဖော်များမှာ ဒေသခံများမဟုတ်ဘဲ ချင်း၊ ကချင်၊ ရှမ်းဘာသာစကားပြောသူများဖြစ်ကြကြောင်း
၎င်းက ဆိုသည်။ယင်းချောင်းတစ်လျှောက်တွင်တရားမဝင် ရွှေတူးဖော်မှုကိစ္စအား ကွင်း
ဆင်းစစ်ဆေးနိုင်ရေး လမ်းညွှန်မှုပေးနိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့
သို့ ယခုဒီဇင်ဘာလဆန်းတွင် တင်ပြထားကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း
တိုင်းမန်နေဂျာက ပြောသည်။သို့သော် လက်ရှိအချိန်အထိ တိုင်းအစိုးရအဖွဲ့မှ ပြန်လည် ညွှန်ကြားလာခြင်း
မရှိသေးဟု တိုင်းမန်နေဂျာက ဆိုသည်။ယင်းချောင်းတစ်လျှောက် နယ်မြေများမှာ တိုင်းရင်သားလက်နက်ကိုင်အ
ဖွဲ့များ၏ နယ်မြေများဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။