အမှိုက်ကားပေါ်မှ အမှိုက် လမ်းမပေါ်ကျကျန်နေသည့်အပေါ် မြို့ခံတချို့ ဝေဖန်

0
656

ထားဝယ်မြိုတွင်အမှိုက်သိမ်းကားများပေါ်မှ အမှိုက်များ လမ်းမပေါ်ကျကျန်
နေသည့်အပေါ် ထားဝယ်မြို့ခံတချို့ ကဝေဖန်ပြောဆိုသည်။အမှိုက်သိမ်းနေချိန်နှင့် အမှိုက်ကန်သို့ သွားရောက်စွန့်ပစ်ချိန်များတွင် အမှိုက်
အလွန်အကျွံတင်ထားသည့် အမှိုက်ကားပေါ်မှအမှိုက် များ လမ်း မပေါ်ကျကျန်နေကြောင်း ၎င်းတို့က ဆိုသည်။
အမှိုက်သိမ်းချိန်တွင် အမှိုက်များလမ်းမပေါ်ကျကျန်ကာ နေအိမ်ပတ်ဝန်း
ကျင်တွင် ညစ်ညမ်းသွားသည့်အတွက်အမှိုက်ဝင်ဆန့် နိုင်သမျှသာ တင်ဆောင်
စေလိုကြောင်း ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်နေ ဒေါ်ငြိမ်းငြိမ်းက ဆိုသည်။

“အလွန်အကျွံ တင်တော့ ပတ်ဝန်းကျင်ညစ်ပတ်ပြီး ကျန်ခဲ့တော့ အမြင်မကောင်း
ဘူးပေါ့”ဟု ဒေါ်ငြိမ်းငြိမ်းက ပြောသည်။အမှိုက်စွန့်ပစ်သူများအနေဖြင့်
လည်း အမှိုက်ကို ပလပ်စတစ်အိတ်ကဲ့သို့
အိတ်များဖြင့် ထုပ်ပိုးရန်လိုအပ်ကြောင်း၎င်းက ဆိုသည်။
ထားဝယ်မြို့ အမှိုက်ကန်သို့သွားရာ ရေးလမ်းတစ်လျှောက်တွင် ပုဂ္ဂလိက
အမှိုက်သိမ်းလုပ်ငန်းအချို့၏ အမှိုက်သိမ်းယာဉ်ပေါ်မှ အမှိုက်များ လမ်းမပေါ်ဖိတ်ကျန်ခဲ့သည့် ဖြစ်စဉ်များလည်းရှိနေ
ကြောင်း ဝဲကျွန်းထိန်သစ်ရပ်ကွက် ရေးလမ်းမပေါ်တွင် ဆိုင်ရောင်းချနေသူတစ်
ဦးက ပြောသည်။”အမှိုက်တွေကျန်ခဲ့တော့ ပတ်ဝန်းကျင်မှာ မြင်လို့မကောင်းဘူး၊ အမှိုက်
ကားတွေအနေနဲ့ လုံလုံခြုံခြုံသယ်သင့်တယ်” ဟု ၎င်းက ဆိုသည်။

အမှိုက်ကားများ ရပ်ကွက်များအတွင်း အမှိုက်သိမ်းချိန်တွင် ဖုံးအုပ်ရန်
မလိုဘဲ အမှိုက်ကန်သို့ သွားပစ်ချိန်တွင်မူတာလပတ်ပိုင်းကဲ့သို့သော အပိုင်းများဖုံးအုပ်သယ်ဆောင်ရန် ပြောဆိုထားကြောင်း
ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။
“ပုဂ္ဂလိက ကားတွေရော စည်ပင်ကားတွေရော (အမှိုက်ကိစ္စ) ထပ်ညှိဖို့
ရှိပာတယ်”ဟု အမှုဆောင်အ၇ာရှိက ပြောသည်။

အမှိုက်ကန်သို့ သွားရာလမ်းတစ်လျှောက်တွင် အမှိုက်များ လမ်းမပေါ်ကျကျန်ခဲ့ပါက ဖုန်းနံပါတ် ၀၉၂၅၄၃၀၃၉၀၀၊ ၀၉၈၅၉၁၃၂၄၊ ၀၉၄၅၀၉၉၀၃၅၅
ထံ ဖုန်းဆက်အကြောင်း ကြားနိုင်ပြီးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း၎င်းက ဆိုသည်
ထားဝယ်မြို့အတွင်း သဲကျောက်တင်ကား၊ မြေကားနှင့် အမှိုက်ကားများလမ်းမပေါ်ဖိတ်စဉ်ပါက အနည်းဆုံး
ငွေကျပ် ငါးသောင်း ဒဏ်ရိုက်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယခုနှစ် ဇူလိုင်လအတွင်းကကြေညာထားသည်။ထားဝယ်မြို့အတွင်းရှိ အမှိုက်များကို စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်
သိမ်း ယာဉ် ၅စီးနှင့် ပုဂ္ဂလိက အမှိုက်သိမ်း ယာဉ် ၇ စီးတို့ဖြင့် နေ့စဉ်သိမ်းဆည်းနေကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။