အုတ်ဖိုလုပ်ငန်းများ လိုင်စင် အမြန်ဆုံးထုတ်ပေးမည်ဟုဆို

0
515

ထားဝယ်ခရိုင်အတွင်းရှိ အုတ်ဖိုလုပ်ငန်းများ လိုင်စင်လာရောက် လျှောက်ထားပါက အမြန်ဆုံးထုတ်ပေး မည်ဖြစ်
ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။အုတ်ဖိုလိုင်စင်လျှောက်ထားလိုပါက ခရိုင်ထွေအုပ်ရုံးတွင် လာရောက်စုံစမ်း
လျှောက်ထားနိုင်ပြီး လိုအပ်သည့် အချက်အလက်များပြည့်စုံပါက အမြန်ဆုံးထုတ်
ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။”နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမြန်
ဆုံးလုပ်ပေးမှာ”ဟု ဦးအောင်စိုးမိုးကပြောသည်။

ထားဝယ်ခရိုင်အတွင်း အုတ်ဖိုလုပ်ငန်း ဆယ်ချီရှိပြီး အုတ်ဖိုလုပ်ငန်း အားလုးတွင်
နီးပါးတွင် လိုင်စင်မရှိကြပေ။အုတ်ဖိုလိုင်စင်လျှောက်ကြရန်
နိုဝင်ဘာလ လကုန်ပိုင်းတွင် အုတ်ဖိုလုပ်ငန်းရှင်များ ခေါ်ယူအသိပေးထားကြောင်း
လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်သူက ဆိုသည်။အုတ်ဖိုလုပ်ငန်းရှင်အချို့က လယ်မြေကွက်များကို ငှားရမ်းလုပ်ကိုင်နေရ
သည့်အတွက် လိုင်စင်လျှောက်ထားချိန်တွင် မြေနေရာပိုင်ဆိုင်မှုအခက်အခဲရှိကြောင်း လောင်းလုံးမြို့နယ်အတွင်းဆယ်နှစ်ကျော် လုပ်ကိုင်လာသည့် အုတ်ဖိုလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လျှောက်ဖို့ ပြောထားပေမဲ့ တကယ်တမ်းလျှောက်ဖို့က အခက်အခဲရှိတယ်”ဟု အထက်ပါ အုတ်ဖိုလုပ်ငန်း ရှင်ကပြောသည်။
အုတ်ဖိုလိုင်စင်ရပြီးပါက အုတ်တစ်ချပ်လျှင် ပျှမ်းမျှ တစ်ကျပ်နှုန်းဖြင့်အခွန်ဆောင်ရမည်ဖြစ်ပြီး လိုင်စင်သက်
တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း ခရိုင်ထွေအုပ်ရုံးထံမှ သိရသည်။