မြိတ်ဒေသထွက် ကွမ်းရွက် ထက်ဝက်နီးပါး ဈေးကျ

0
488

မြိတ်မြို့အတွင်း စိုက်ပျိုးရောင်း
ချနေသည့် ဒေသထွက်ကွမ်းရွက်များယခင်နှစ်ထက် ထက်ဝက်နီးပါး ဈေးကျ
ခဲ့ကြောင်း ကွမ်းရွက်စိုက်သူအချို့ ထံမှသိရသည်။

ယခင်နှစ်က အချပ်ရေ ၅၀ ပါဒေသထွက် ကွမ်းရွက်တစ်စည်းလျှင်ကျပ် ၈၀၀ မှ ကျပ် ၁၀၀၀ အထိ ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင်တစ်စည်းလျှင်ကျပ် ၅၀၀ သာကျန်တော့ကြောင်း ကွမ်းရွက်စိုက်သူအချို့က ပြောသည်။
“တဖြည်းဖြည်းချင်း ဈေးကျသွားတာ။ ခုဆိုရင် တွက်ခြေ မကိုက်တော့ဘူး “ဟု၇ှားတော၀၇ပ်ကွက်၇ှိကွမ်း၇ွက်စိုက်သူ ဦးအိုသိန်းက ပြောသည်။ပြီးခဲ့သည့် သီတင်းကျွတ်လအထိတစ်စည်းကျပ် ၇၀၀ ဖြင့် ရောင်းချခဲ့ရသော်လည်း ယခုအခါကျပ် ၅၀၀ သာကျန်တော့ကြောင်း ၎င်းက ဆိုသည်။ကွမ်းရွက်များကို မြိတ်မြို့ရှိကလွင်၊ ရေပုန်း၊ ဘုတ်ချောင်းနှင့် ရှမ်းချောင်းရပ်ကွက်တို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက် ရှိသည်။

ကွမ်းရွက်စိုက်သူများထံမှ ဒိုင်များက လာရောက်ဝယ်ယူကာ မြိတ်မြို့ရှိကွမ်းယာဆိုင်များနှင့် ကျွန်းစုမြို့ရှိပင်လယ်ရွာများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း ကွမ်းရွက်စိုက်ပျိုးသူအချို့ထံမှ သိရသည်။ကွမ်းရွက်များမှာ အထွက်များသည့်နွေရာသီတွင် ဈေးအနည်းငယ်ကျတတ်ပြီး မိုးရာသီအတွင်း ဈေးပြန်ကောင်းလေ့ရှိကြောင်း ကလွင်ကျေးရွာ၊စုံခေါင်းရပ်ရှိ ကွမ်းရွက်စိုက်သူ ကိုရန်နိုင်ကျော်က ပြောသည်။

“ဒီနှစ်ဈေးက ပိုကျသွားတယ်ပေါ့”ဟု ၎င်းက ဆိုသည်။
မြိတ်မြို့အတွင်း ကွမ်းရွက်လာရောက်ဝယ်ယူနေသည့် ဒိုင်အနည်းဆုံး၅ ဦးခန့်ရှိကြောင်း ကွမ်းရွက်စိုက်သူအချို့ထံမှ သိရသည်။