အဏ္ဏဝါပုလဲကုမ္ပဏီ ပတ်ဝန်းကျင်ထိခိုက်မှု အစီရင်ခံစာတွင် အဓိကလိုအပ်ချက်များ မပါဟုဆို

0
431

အဏ္ဏဝါပုလဲကုမ္ပဏီက ပြုလုပ်သည့် ပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက် မှုဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုအစီရင် ခံစာတွင် ဒေသခံများနှင့် ခရီးသွားလုပ် ငန်းများ၏ အဓိကလိုအပ်ချက်များ မပါ ဝင်ကြောင်း ခရီးသွားလုပ်ငန်းတစ်ချို့နှင့်အရပ်ဘက်အဖွဲ့အစည်းတစ်ချို့တို့ က ထောက်ပြခဲ့ကြသည်။
ဒီဇင်ဘာလ ၆ ရက်က ပြုလုပ်သည့် အဏ္ဏဝါပုလဲကုမ္ပဏီ၏ ပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှုဆိုင်ရာ ဆွေး နွေးပွဲတွင် ယင်းသို့ ထောက်ပြပြောဆိုခဲ့ ကြခြင်းဖြစ်သည်။

ပုလဲလုပ်ငန်းလုပ်ကိုင်နေသည့် ကျွန်းစုမြို့နယ်ရှိ နတ်သမီးရေတွင်းကျွန်း ဧရိယာတွင်းသို့ ခရီးသွားများအား ပို့ ဆောင်ပေးရာတွင် ပုလဲကုမ္ပဏီက စစ်ဆေး မေးမြန်းခြင်း၊ မှတ်တမ်းယူခြင်းတို့ပြုလုပ်လေ့ရှိကြပြီး ဒေသခံရေလုပ်သားများ က ကျွန်းပေါ်ရှိ ရေချိုခပ်ယူမရရန် တား မြစ်နယ်မြေများသတ်မှတ်ထားခြင်းတို့ ကြုံတွေ့နေရကြောင်း မားကွီးဆာကူရာ Travel & Tour  ကုမဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းဦးက ပြောသည်။
“ဒီလိုကြုံတွေ့နေရတဲ့ဟာတွေကို စီမံချက်ထဲမှာ မပါတာတွေ့ရတော့ အဲဒါ တွေကို ထပ်ဆွဲဖို့လိုမယ်” ဟု အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောသည်။

ထို့ပြင် ဆလုံတိုင်းရင်းသားတို့၏ ဝမ်းစာရေးအတွက် ပငိုကောင်များရှာဖွေ ရာ ကျွန်းအနီးနေရာတို့အား ကန့်သတ် နယ်မြေများအဖြစ် သတ်မှတ်မှုများရှိ သည်ကို ထည့်သွင်းစဉ်းစားပေးစေလို ကြောင်း ဒုံးညောင်မှိုင်းကျေးရွာနေသူတစ်ချို့က ဆိုသည်။
ခရီးသွားလုပ်ငန်းနှင့် အရပ်ဘက် အဖွဲ့အစည်းတစ်ချို့ ဒေသခံပြည်သူများ ၏ တင်ပြဆွေးနွေးချက်များအား ပတ်ဝန်းကျင်ထိခိုက်မှုအစီရင်ခံစာတွင် ထည့်သွင်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစီရင်ခံစာရေးဆွဲသည့်Neo Tech Myanmar Co.,Ltd   တာဝန်ရှိသူတစ်ဦးက ဆိုသည်။