တနင်္သာရီဂျာနယ်အမှု တရားခံပြသက်သေများကို ယခုနှစ် အပြီးစစ်မည်

0
937

တနင်္သာရီဂျာနယ်တွင် သရော်စာ ရေးသား ဖော်ပြမှုကြောင့် တနင်္သာရီတိုင်း အစိုးရက တရား စွဲဆိုထားသည့်အမှုတွင် တရားခံပြ သက်သေများကို ယခုနှစ်အပြီး စစ်ဆေးမည်ဖြစ်ကြောင်း ထားဝယ်မြို့ နယ် တရားရုံးထံမှ သိရသည်။
ယင်းအမှုတွင် စွပ်စွဲခံရပြီး စွဲချက် တင်ခံ ထားရသည့် တနင်္သာရီဂျာနယ် ဘက်က တရားခံပြ သက်သေ ၈ ဦး တင်သွင်းထားပြီး ဒီဇင်ဘာလ ၃ ရက် အထိ ခံပြသက်သေ ၄ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။

တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး ၏ မဲဆွယ်အပြုံးခေါင်းစဉ်ဖြင့် ရေးသား သည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟုဆိုကာ အရေးယူပေးရန် အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တိုင်းအစိုး ရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးတွင် တရားစွဲ ဆိုခဲ့သည့်အမှု ဖြစ်သည်။
မဲဆွယ်အပြုံး သရော်စာအမှု၏ ၂၅ ကြိမ် မြောက်ရုံးချိန်းဖြစ်သည့် ယခု နှစ် အောက်တိုဘာ လ ၁ ရက်တွင် တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် အမိန့်ချခဲ့ သည်။
လက်ရှိ အကြိမ် ၃၀ မြောက်ရုံးချိန်း ဖြစ်သည့် ဒီဇင်ဘာလ ၃ ရက်တွင် တရားခံပြသက်သေများအနက် ၂ ဦးကို ထပ်မံစစ်ဆေးခဲ့သည်။
နောက်ထပ်စစ်ဆေးရန် ကျန်နေ သည့် တရားခံပြသက်သေ ၄ ဦးကို ယခု နှစ် ဒီဇင်ဘာလအတွင်း စစ်ဆေးမည်ဖြစ် ကြောင်း ထားဝယ် မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။
“ဆက်လက်စစ်ဆေးဖို့အတွက် မှု ခင်းစီမံခန့်ခွဲမှု အစီအစဉ်အရလည်း ညှိနှိုင်း ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်”ဟု ဦးကျော်မြင့်က ပြောသည်။

ကျန်ရှိနေသည့် တရားခံပြသက် သေ လေးဦးအနက် ဒီဇင်ဘာလ ၁၇ ရက်တွင် နှစ်ဦးနှင့် ဒီဇင်ဘာလ ၂၇ ရက်တွင် နောက်ဆုံးနှစ်ဦးကို ထပ်မံစစ် ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သတင်းမီဒီယာက ပြည်သူများ၏ နား၊ မျက်စိဖြစ်ပြီး ယခုကဲ့သို့ တရားစွဲ ဆိုခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်း တရားခံပြသက်သေအဖြစ် လာရောက် ထွက်ဆိုခဲ့သည့် ဦးဇော်သူရက ပြောသည်။
“သတင်းမီဒီယာဆိုတာ ပြည်သူရဲ့ နားနဲ့ မျက်လုံးပဲလေ၊ အရေးကြီးတယ်၊ ခေတ်အဆက်ဆက် အမှောင်ချခံထားရတာ မို့လို့ ပြန်ပြီးမမှောင် ဖို့ပေါ့နော်၊ ဒါကြောင့် မို့လို့ မီဒီယာဘက်က ရပ်တည်ပြီးတော့ ဒီနေ့လာပြော(သက်သေလာထွက်ဆို)တာပေါ့”ဟု ဦးဇော်သူရက ဆိုသည်။

၎င်းသည် ထားဝယ်သုတေသန အသင်း၏ ဥက္ကဋ္ဌအဖြစ်လည်ကောင်း၊ သစ်တောဥပဒေစိုးမိုး မှု၊ စီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အစီအစဉ်တွင် အမျိုးသားအဆင့်ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ထားဝယ်ခရိုင် ငါးလုပ် ငန်းအဖွဲ့ချုပ်၏ အကြံပေးအဖြစ် လည်း ကောင်း တာဝန်ယူလုပ်ကိုင်နေသူ ဖြစ် သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လူတစ်ဖက်သား အပေါ် ဂုဏ်သိက္ခာမထိခိုက်စေဘဲ လွတ် လပ်စွာ ထုတ်ဖော် ရေးသားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပြီး ယခုကဲ့သို့ တရားစွဲဆို ခြင်းက လွတ်လပ်စွာရေးသားဖော် ပြခွင့် ကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် ပြည်သူတစ်ဦးအနေဖြင့် သက်သေလာ ထွက်ခြင်းဖြစ်ကြောင်း နောက်ထပ် သက်သေတစ်ဦးဖြစ်သည့် ဒေါ်မာလာက ဆိုသည်။

“ဒီသရော်စာအရ ဆိုလို့ရှိရင် ဒေါက်တာ လဲ့လဲ့မော်ဆိုတဲ့ နာမည်လည်း ပါမနေဘူး၊ ဝန်ကြီးချုပ်ဆိုတဲ့ နာမည် လည်း ပါမနေတော့ ဒါကတော့ သက် သက်မဲ့ ပုဂ္ဂိုလ်ရေးအရ personal emo-tion (ပုဂ္ဂိုလ်ရေးအရ စိတ်ခံစားမှု)နဲ့ လုပ်တယ်လို့ပဲ ကျွန်မကတော့ အဲလိုပဲ မြင်တယ်”ဟု ဒေါ်မာလာက ပြောသည်။
ဒေါ်မာလာသည် ထားဝယ်အမျိုး သမီး သမဂ္ဂတွင် အထွေအထွေအတွင်းရေး မှူးတာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။
မြို့နယ်တရားရုံးတွင် ၁၅ ကြိမ် မြောက် ရုံးချိန်းစစ်ဆေးပြီးချိန်၌ အမှုပယ် ဖျက်ပေးရန် စွပ်စွဲခံရသည့် တနင်္သာရီ ဂျာနယ်ဘက်က တနင်္သာရီတိုင်းဒေသ ကြီး တရားလွှတ်တော် ထံလျှောက်ထားခဲ့ ရာ တိုင်းတရားရုံးက ဇူလိုင်လ ၃၁ ရက် တွင် အမှုအား မပယ်ဖျက်ရန် “ပလပ်” အမိန့်ချမှတ်ခဲ့သည်။
ထို့အပြင် ပြည်ထောင်စု တရားလွှတ် တော်ချုပ်ထံ ချေဖျက်ပေးရန် ထပ်မံလျှောက် ထားရာ အောက်တိုဘာလ ၂၆ ရက်တွင် လျှောက်ထားမှုကို လက်မခံဘဲ ပလပ်ခဲ့ သည်။