အဆင့်တိုင်းတွင် အမျိုးသမီး ပါဝင်အောင် ဖွဲ့စည်းရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

0
406

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်တိုင်းတွင် အမျိုးသမီးများပါဝင် အောင် ဖွဲ့စည်းသွားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက တိုက်တွန်းပြောကြားသည်။
ဒီဇင်ဘာလ ၈ ရက်က ထားဝယ်မြို့ မြို့တော်ခန်းမတွင်ပြုလုပ်သည့် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် တနင်္သာရီတိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ တွေ့ ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကော်မရှင်အဖွဲ့ခွဲ ဘယ်အဆင့်မှာ မဆို အမျိုးသမီး တစ်ယောက်တော့ ပါ အောင်လုပ်ပါ။ ဘာဖြစ်လို့လဲဆို အမျိုး သမီးတွေက သူ့ကဏ္ဍ၊ သူ့အသိုင်းအဝိုင်း မှာ သူတို့က ပိုသိတာပေါ့” ဟု ဦးလှသိန်း ကပြောသည်။
မြန်မာနိုင်ငံလူဦးရေး၏ ထက်ဝက် ကျော်မှာ အမျိုးသမီးများ ဖြစ်ကြပြီး အိမ်မှု ကိစ္စများကိုသာ လုပ်ဆောင်ရမည်၊ သိမ် မွေ့စွာ နေထိုင်ရမည်ဟူသည့် ရှေးရိုးအစဉ် အလာများကြောင့် အမျိုးသမီးများ ကန့်သတ်ခံနေရကြာင်း ၎င်းက ပြောသည်။

“အမျိုးသမီးတွေက အရည်အချင်း မရှိလို့ မပါကြတာ မဟုတ်ဘူး။ ဒီရှေးရိုး အယူအဆတွေက စွဲနေလို့သာဖြစ်တာ” ဟု ၎င်းက ဆိုသည်။
၂၀၁၅ ခုနှစ်တွင် တနင်္သာရီတိုင်းရှိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများအားလုံးတွင် အဖွဲ့ဝင် အမျိုးသမီး ၁၆၁ ဦးရှိခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးဦးရေ ၂၄၅ ဦးအထိ ပါဝင်လာစေရန် လျာထား ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ စာရင်းများအရ သိရ သည်။