တနင်္သာရီတိုင်း ပြေးခုန်ပစ်အသင်း မြိတ်ကစားသမား ထက်ဝက်ကျော် အရွေးခံရ

0
443

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းအသင်း အတွက် မြိတ်မြို့နယ်မှ ကစားသမား ထက်ဝက်ကျော်ကို ရွေးချယ်ထားကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီး ဌာနထံမှ သိရသည်။
ယင်းပြိုင်ပွဲအတွက် စုစုပေါင်း ကစားသမား ၂၁ ဦးရွေးချယ်ထားရာ မြိတ်မြို့နယ်မှ ၁၂ ဦးဖြင့် အများစုပါဝင် ပြီး ကျန်အားကစားသမားများမှာ ထား ဝယ်၊ လောင်းလုံးမြို့နယ်တို့မှ လေးဦးစီ နှင့် ဘုတ်ပြင်းမြို့နယ်မှ တစ်ဦးပါဝင် ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။

ယင်းအားကစားသမားများကို ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် မြို့နယ်ပေါင်းစုံ ပြေးခုန် ပစ်ပြိုင်ပွဲမှ အထူးချွန်ဆုံးကစားသမား များကို ရွေးချယ်ထားခြင်းဖြစ်ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။
“ပြိုင်ပွဲမှာ ပထမရတဲ့သူတွေက မြိတ်က အများဆုံးဆိုတော့ မြိတ်က များ များအရွေးခံရတာပေါ့”ဟု ၎င်းက ဆိုသည်။
မြို့နယ်ပေါင်းစုံပြိုင်ပွဲတွင် မြိတ် မြို့နယ်မှ အမျိုးသမီးတံခွန်စိုက်ဆုကို ရရှိခဲ့ပြီး အမျိုးသားပြိုင်ပွဲတွင် ထားဝယ် မြို့နယ်မှ စုပေါင်းတံခွန်စိုက်ဆု ရရှိခဲ့သည်။

တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲကို လာ မည့် ဇန်နဝါရီလတွင် နေပြည်တော်၌သွား ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ဦးမောင်မောင်မြင့်ကပြောသည်။
အသက် ၁၈ နှစ်အောက် ပြေးခုန် ပစ်ပြိုင်ပွဲတွင်မှု တနင်္သာရီတိုင်းအသင်း သည့် နှစ်နှစ်ဆက်တိုက် စုပေါင်းတံခွန် စိုက်ဆုရရှိထားသည်။