ကော့သောင်း-ရနောင်း ချစ်ကြည်ရေး စက်ဘီးစီးမည်

0
563

မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး စက်ဘီးစီး ပွဲတော်ကို ဒီဇင်ဘာ ၂၃ရက် တွင် ကော့သောင်းမြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စက်ဘီး အသင်းထံမှ သိရသည်။

ယင်းပွဲတော်တွင် ထိုင်းနိုင်ငံမှ စက် ဘီးစီး အားကစားသမားများနှင့်အတူ မြိတ်၊ ကော့သောင်းမှ စက်ဘီးစီး အားက စားသမားများ ပူပေါင်းကာ အတူတကွ စက်ဘီးစီးနင်းကြမည်ဖြစ်ကြောင်း အထက်ပါ စက်ဘီးအသင်းက ဆိုသည်။
မြို့လယ်ရှိ နာရီစင်မှစတင်ကာ ၂၂မိုင် ရှိ မလိဝမ်းကျေးရွာ ရွှေတောင် ဦးဘုန်း ကြီးကျောင်းတွင် လမ်းဆုံးမည် ဖြစ် ကြောင်း ကော့သောင်းမြို့နယ် စက်ဘီး အသင်း ခေါင်းဆောင်ဦးမင်းအောင်က ဆိုသည်။

ဒီဇင်ဘာ ၂၂ရက်တွင် မြန်မာဘက် မှ စက်ဘီးစီးသမားတွေ ရနောင်းမှာသွား စီးကြမည်ဖြစ်ကြောင်း သိရသည်။
ချစ်ကြည်ရေး စက်ဘီးစီးခြင်းကို ကော့သောင်းမြို့တွင် ယခုနှစ်တွင် ငါး ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယင်းနေ့ တွင် မြိတ်မြို့မှ ၃၈ စီး၊ ကော့သောင်းမှ ၁၇ စီး ထိုင်းဘက်က စက်ဘီးအစီးရေ ၆၀၀ကျော် လာရောက် စီးနှင်းမည်ဖြစ် ကြောင်း ကော့သောင်းမြို့နယ် စက်ဘီး အသင်းထံမှ သိရသည်။