ရာထူးတိုး၊ အပြောင်းအရွှေ့ကိစ္စ ထားဝယ်နည်းပညာဆရာများသမဂ္ဂ အချက်သုံးချက် တောင်းဆို

0
453

ရာထူးတိုး၊ အပြောင်းအရွေ့ကိစ္စနှင့် ပတ်သက်ပြီး နည်းပညာတက္ကသိုလ် (ထားဝယ်) ဆရာများသမဂ္ဂက အချက် သုံးချက်ကို လုပ်ဆောင်ပေးရန် ပညာရေး ဝန်ကြီးဌာနအား တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၇ ရက်က ထုတ်ပြန် ချက်တစ်စောင် ထုတ်ပြန်ပြီး တောင်းဆို လိုက်ခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် ရာထူးတိုး ရန် ကျန်နေသေးသည့် ဆရာ၊ ဆရာမ များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး ရာထူးတိုးမြှင့်ခန့်ထားပေးရန်၊ စာမေး ပွဲမဖြေဆိုဘဲ ရာထူးတိုးမြှင့်ပေးရန်နှင့် ယင်းတက္ကသိုလ်တွင် လစ်လပ်နေသော ဆရာ၊ ဆရာမများကို ပြန်လည်ခန့်ထား ပေးရန် တောင်းဆိုထားသည်။

ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ လ ၃၀ ရက်မှ ဒီဇင်ဘာ ၄ ရက်အတွင်း ပါမောက္ခရာထူးမှ လက်ထောက်ကထိက ရာထူးအထိ ဆရာ၊ ဆရာများ၏ ရာထူး တိုး၊ အပြောင်းအရွှေ့များကို သုံးကြိမ် ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ရာထူးတိုး၊ အပြောင်း အရွှေ့များ ထုတ်ပြန်ခဲ့သော်လည်း လုပ် သက်ရင့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ များ၏ ရာထူးတိုးမပါဝင်ခြင်း၊ ရာထူး တိုးရာတွင် စာမေးပွဲဖြေဆိုရသည့်စနစ်ကို မလုပ်ဆောင်နိုင်ခြင်း တို့ကြောင့် ယင်း ကဲ့သို့တောင်းဆိုခြင်းဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရာထူးတိုးကြောင့် လစ် လပ်သွားသည့် ဆရာ၊ ဆရာမ နှစ်ဦး နေရာတွင် အစားထိုးခန့်အပ်ခြင်း မရှိသေး သဖြင့် သင်ကြားရေး အခက်အခဲဖြစ်ပေါ်နိုင် သောကြောင့် လစ်လပ်ဆရာများ ပြန်လည် ခန့်ထားရန် တောင်းဆိုခြင်းဖြစ်ကြောင်း ကိုလည်း ဖော်ပြထားသည်။
ထားဝယ်နည်းပညာတက္ကသိုလ် တွင်လည်း အနည်းဆုံး ၈ နှစ်မှ အများ ဆုံး ၁၅ နှစ် လုပ်သက်ရှိသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမခြောက်ဦး ရာထူး တိုးရန် ကျန်ရှိနေသေးကြောင်း ယင်း တက္ကသိုလ် ဆရာများ သမဂ္ဂအဖွဲ့ဝင် ဦးအောင်ပြည့်ဖြိုးက ပြောသည်။
“ရာထူးတိုး၊ ပြောင်းတွေနဲ့ပတ် သက်ပြီး နစ်နာတဲ့သူက နစ်နာနေတယ် လို့ ခံစားရတယ်။ဒါတစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူး ကျန်တဲ့ဆရာ၊ ဆရာမ တွေလည်း ဒီအတိုင်းပဲ ခံစားနေရ တာ”ဟု ဦးအောင်ပြည့်ဖြိုးက ဆိုသည်။

ယင်းထုတ်ပြန်ချက်ကို နည်းပညာ ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ထံ တင်ပြသွားရန်ရှိပြီး လိုအပ်ပါက ပညာရေး ဝန်ကြီးဌာနထံ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ဆရာများ သမဂ္ဂထံမှ သိရသည်။