ထားဝယ်စကားစာပေ ခရီးဘယ်လောက်ရောက်နေပြီလဲ

0
1037

“ထားဝယ်စာ ဘယ်လိုရေးရမလဲ”ဆိုတဲ့ခေါင်းစဉ်နဲ့ တနင်္သာရီဂျာနယ် ကနေ ဆောင်းပါးရှင် သည်မွန်က မေးထုတ်လာ တာ တွေ့ပါတယ်။ ထားဝယ်တွေ သိချင် နေကြပြီလို့လည်း ဆိုလာတော့ ထားဝယ် တွေအပြင် ဘာသာစကား လေ့လာနေကြ သူတွေလည်း သိနိုင်အောင် ယနေ့အထိ လုပ်ဆောင်ပြီးစီးချက်ကို သဘောလောက် အကျဉ်းတော့ နည်းနည်းချပြဖို့ လိုအပ် တယ် ယူဆလို့ အခုအကျဉ်းမျှ ပြောပြပြီး အဖြေပေးပါမယ်။

ဂျာနယ်ဆောင်းပါးမှာ ပထမအနေနဲ့ ပြောတာက ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းစာအုပ် ကိစ္စနဲ့ ဒီပြဋ္ဌာန်းစာအုပ်နေပြည်တော်မှာ သောင်တင်နေတဲ့ကိစ္စကိုလည်း ထည့် ပြောထားပါတယ်။ အဲဒီအကြောင်းကို တော့ ဂဃနဏ ထည့်မပြောတော့ပါ။ အဲဒီတုန်းက ကျွန်တော့်အနေနဲ့ ထားဝယ် စာပေကိစ္စထဲ ဝင်မပါသေးတဲ့အတွက် တစ်ဆင့်ပြောလောက်ကလွဲရင် သေသေချာ ချာလည်း မသိပါ။ အဲဒီ ပြဋ္ဌာန်းစာအုပ်ဆို ပြီး ရေးသားထားတဲ့ စာအုပ်တွေကတော့ ကျွန်တော့်ဆီမှာလည်း ရှိပါတယ်။ အခြေအနေ အရပ်ရပ်ကို ပြန်လေ့လာ ကြည့်တော့ အဲဒီကာလ တိုင်းအစိုးရရဲ့ မူဝါဒအရ အလောတကြီး လုပ်ခဲ့ကြသည်။ နေပြည်တော်ကို ပို့ထားတယ်။ အဲဒီမှာ ဂိတ်ဆုံးနေတယ်။ အဲဒီစာအုပ်လုပ်တဲ့ အချိန်မှာ ကျွန်တော်တို့ဆီမှာ ဘယ်အက္ခ ရာသုံးမယ်ဆိုတာကို ဘုံအတည်ပြုချက် မရသေးတဲ့ ကာလလည်း ဖြစ်ပါတယ်။

၂၀၁၇ ထားဝယ်တိုင်းရင်းသား ညီ လာခံကျင်းပတော့ စာပေဖော်ဆောင်ရေး ကော်မတီမှာ ကျွန်တော် ပါဝင်ဆောင်ရွက် ခဲ့ပါတယ်။ ညီလာခံအတွင်း ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးကြရာ စာပေကိစ္စ ဆွေးနွေးမှုအပြီး ညီလာခံတက်ရောက် ကြသူ စာပေပညာရှင်များနဲ့ စာပေကိစ္စ စိတ်ဝင်စားကြသူ အားလုံးရဲ့ ဘုံသဘော တူညီချက်က ရှေးဟောင်းမြန်မာဗျည်း ၃၅ လုံး သရ ၈ လုံး စတာတွေကိုပဲ ပြန် သုံးပြီး ရေးသားကြမယ်လို့ အတည်ပြုခဲ့ ကြပါတယ်။ အဲဒီနောက်မှာ စာပေနဲ့ ပတ်သက်လို့ လုပ်ရမယ့် သုတေသနတွေ ဆက်တိုက်လုပ်ဆောင် နေခဲ့ပါတယ်။

ဒီနောက် နိုင်ငံတော်မူဝါဒအရ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့ ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူး ပေါင်းဆောင်ရွက်ချက်အနေနဲ့ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စံပြအချက်အလက် များဆိုတဲ့ စာအုပ်ကို တိုင်းရင်းသားစာပေ ဘာသာပြန်ဖို့ ညွှန်ကြားချက်ထဲမှာ ထားဝယ်စာပေ အနေနဲ့လည်း ပါဝင်ခဲ့ပါ တယ်။ အဲဒီစာအုပ်ကို ထားဝယ်စာပေ အနေနဲ့ ဘာသာပြန်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ရတယ်။ ပထမဆုံး တိုင်းအစိုး ရအဖွဲ့နဲ့ ကျွန်တော်တို့ စာပေဖော်ဆောင် ရေး ကော်မတီ တွေ့ဆုံစည်းဝေးခဲ့ပါတယ်။ တိုင်းအစိုးရအဖွဲ့က ဝန်ကြီးဦးဟိုပင် တက်ရောက်ခဲ့ပါတယ်။
၎င်းကိစ္စကို ၆လ အပြီး ဆောင်ရွက် ဖို့ ခွင့်ပြုထားတဲ့ ကာလအတွင်း စာပေ ကော်မတီအနေနဲ့ ဗဟိုသို့တိုက်ရိုက်ချိတ် ဆက်ပြီး ဆောင်ရွက်ခဲ့ရပါတယ်။ ကျွန် တော်တို့ အဆင်ပြေပြေပဲ အောင်မြင်ပြီးစီး ခဲ့ပါတယ်။

အဲဒီ အစည်းအဝေး နောက်ဆက်တွဲ အနေနဲ့ အဲဒီနေရာမှာပဲ ထားဝယ်စကား စာပေကော်မတီက စာပေကိစ္စ ဆောင်ရွက် ဖို့မှာ သက်ကြီးပိုင်းကများနေလို့ ဖိဖိစီးစီး အားသွန်ခွန်စိုက်ဆောင်ရွက်ဖို့ ကျန်းမာ ရေးအရရော အခြားအကြောင်း များအရ ပါ အဆင်မပြေတာတွေ ရှိတဲ့အတွက် ကော်မတီဝင်တစ်ဦးလည်းဖြစ် အသက် အငယ်ဆုံးလည်းဖြစ်တဲ့ စာရေးသူကျွန် တော့်ကို တာဝန်ပေးလာခဲ့ပါတယ်။ လုပ်ဆောင်မှုအပိုင်းကို ကျွန်တော်တစ်ဦး တည်းသဘောနဲ့ ထင်ရာလုပ်တာမျိုး မဖြစ်စေဖို့အတွက် “ကျွန်တော်လုပ်ပါ မယ်၊ လုပ်ပြီးတာကို ကော်မတီကို တင်ပြ ပေးပါမယ်။ ဦးလေးတို့အနေနဲ့ ထပ်ဆင့် တည်းဖြတ်တာ ညှိနှိုင်း အတည်ပြုတာ လုပ်ကြပါ”လို့ ကျွန်တော်ကိုယ်တိုင်ပဲ အကြံပြုတော့ ဒီအတိုင်းပဲ ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘော တူခဲ့ကြပါတယ်။
ကျွန်တော်တာဝန်ယူထားတဲ့အပိုင်း မှာ ဘာတွေပြီးပြီလဲဆိုတဲ့ အကြောင်းပြော ရာမှာ ကျွန်တော်အပေါ်က နေပြည်တော် မှာ သောင်တင်နေတယ်ဆိုတဲ့ သင်ရိုးစာ အုပ်ကိစ္စကို ပြန်ဆက်ပြီး ဘာကြောင့် အဲဒါကို ဆက်မလုပ်တော့တာလဲဆိုတာကို သဘောပေါက်မိရုံမျှ အကျဉ်းပြောပြပါ မယ်။

ကျွန်တော်တို့ ထားဝယ်စကားစာပေ ကို ဆောင်ရွက်ရာမှာ စာပေကိစ္စဖြစ်တဲ့ အတွက် စနစ်ကျဖို့ လိုပါတယ်။ ကျွန်တော် တို့ဆီမှာ စာပေအတွက် ပထမအရေးကြီး ဆုံးဖြစ်တဲ့ စာလုံးပေါင်းသတ်ပုံ ခွဲထား လုပ်ပြီး ထားဝယ် စာပေအဖွဲ့က အတည် ပြုထားတာ မရှိသေးပါဘူး။ သတ်ပုံခွဲ ထား မရှိရင် အဘိဓာန်လည်းရေးလို့ မရ သလို သင်ရိုးပြဋ္ဌာန်းစာလည်း ရေးလို့မရ ပါ။ ဆိုလိုတာက အဖြစ်အပြ လုပ်တာမျိုး မဟုတ်ဘဲ စနစ်တကျလုပ်တဲ့အခါ သတ် ပုံခွဲထားမရှိရင် “သူရေးတော့သူ့စာ” “ငါရေးတော့ငါ့စာ”ဆိုပြီး ဖြစ်ချင်တိုင်း ဖြစ်နေ မှာ ဖြစ်ပါတယ်။

ဒါအပြင် အစကောင်းမှအနှောင်း သေချာဆိုတာ ဖြစ်ရအောင် စာပေအတွက် ရေးထုံးတည်ငြိမ်ရေးကိုလည်း ကျွန်တော် တို့ ကြည့်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီအတွက် သတ်ပုံခွဲထား လိုလာပါတယ်။ သတ်ပုံခွဲထား အတည်မပြုခင် သူများတွေ မှာရှိနေပြီ ကိုယ်လည်းရှိရမယ်ဆိုတဲ့သဘော ဖြစ်ချင်ဇောနဲ့ ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းစာ ကို အတည်ပြုလိုက်ရင် စာသင်ပေးတဲ့ အဆင့် မရောက်မီ စာအုပ်ရိုက်ထုတ်တဲ့ ငွေကြေးကုန်ကျစရိတ် ဆုံးရှုံးမှာ ဖြစ်သလို အမှားအလွဲတွေကို ထပ်မံစိစစ်ပြင် ဆင်ရ တော့ နှစ်ခါမောမှာ ဖြစ်ပါတယ်။ ဒါတွေ မဖြစ်ရအောင် ကျွန်တော့်အနေနဲ့ စာပေ ကိစ္စ ဆောင်ရွက်ရာမှာ ဂရုစိုက်ပြီး တခြားစာပေစကားပြုစုသူများ ကြုံခဲ့ဖူးတဲ့ အမှားတွေကို လေ့လာရင်း အတတ်နိုင်ဆုံး အမှားအယွင်း နည်းအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါတွေကြောင့် ဘဲ အဲဒီ သင်ရိုးစာအုပ်ကိစ္စ အရေးမဆို တော့ဘဲ သူ့ဟာသူ ရှိနေတဲ့ နေရာမှာပဲ ထားလိုက်ရတာ ဖြစ်ပါတယ်။

ပထမအနေနဲ့ အရေးကြီးတဲ့ ထားဝယ်စာလုံးပေါင်းသတ်ပုံ ခွဲထားကို အရင်ပြုစုခဲ့ပါတယ်။ နောက် ဒီသတ်ပုံ ခွဲထားတွေ ဘာကြောင့်ဖြစ်လာသလဲ ဘယ်လိုဖြစ်လာတာလဲဆိုတဲ့ မြန်မာစာ ပေအခေါ်ကတော့ ဝေါဟာရပြောင်းထုံး ကျမ်း ခေါ်ပါတယ်။ သတ်ပုံခွဲထားတွေကို မူကြမ်းအနေနဲ့ ပြီးစီးပါပြီ။ ကော်မတီကို မတင်ပြရသေးပါ။ မတင်ပြရသေးတာက ဝေါဟာရပြောင်းထုံးစနစ် ဖြစ်ပေါ်လာပုံ စနစ် ဘာကြောင့် ဒီသတ်ပုံရေးရတယ်ဆို တဲ့ အကြောင်းအရာတွေ ဖော်ပြရာဖြစ်တဲ့ ဝေါဟာရပြောင်းထုံးစာအုပ်ကို ရေးနေဆဲ ဖြစ်နေတာမို့ပါ။ တပူးတည်း မတင်ပြရင် ကော်မတီမှာကိုပဲ အငြင်းပွားစရာများ နေပြီး ရှုပ်ထွေးတာတွေ ဖြစ်လာမှာ စိုးလို့ ထိန်းထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ပြီး ရင် ကော်မတီကို တင်ပြပြီး ညှိနှိုင်းတည်း ဖြတ် အတည်ပြုတဲ့ လုပ်ငန်းစဉ်ကို လုပ် ဆောင်မှာ ဖြစ်ပါတယ်။

စာပေကော်မတီက အတည်ပြုချက် ရပြီးနောက်မှာ သင်ရိုးစာဖြစ်စေ အဘိ ဓာန်ဖြစ်စေ ဆက်လုပ်လို့ ရပါပြီ။ ကျွန် တော်ကတော့ အဘိဓာန်ဘက်ကို အရင်ဦး စားပေး လုပ်လိုတဲ့ ဆန္ဒရှိပါတယ်။ ပထမ ဆုံး ဆရာကိုင်အတွက် အိတ်ဆောင် အဘိဓာန်ငယ်တစ်ခု ဆက်ပြုစုပြီး သင်ရိုး ပြဋ္ဌာန်းစာ ရေးခဲ့သည်ရှိသော် စာသင်ပေး မယ့် ဆရာများနဲ့ မိဘများ အလွယ်ကြည့် ရှုနိုင်စေဖို့ ဒီအတွက် ရည်ရွယ်ပြီး အဘိ ဓာန်ငယ်တစ်ခု ဆက်ရေးပါမယ်။ ထားဝယ် စာစကားစာပေနဲ့ ပတ်သက်ပြီး သိချင်နေ ကြတဲ့ ထားဝယ်တွေ အနေနဲ့ ဒီလောက် ပြောရင် ဘယ်အခြေအနေရောက်နေပြီလဲ ဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်။
ထားဝယ်စကားစာပေအရေး စိတ် ဝင်စားကြသူများ ဘယ်လိုကူညီပေးနိုင် သလဲ။
စာပေကိစ္စကို ဒေါက်တာဘွဲ့ရတွေ ဘာဘွဲ့ရတွေဆိုတိုင်းလည်း စာနဲ့ ပတ် သက်လာရင် ကူညီပေးနိုင်ကြတဲ့ အရာ မျိုး မဟုတ်တော့ ဘယ်လိုကူနိုင်သလဲဆို တဲ့ ကူနိုင်တဲ့ နည်းလမ်းကို တင်ပြပေးပါ မယ်။

ထားဝယ်စာကိစ္စ သုတေသန လုပ် တာ၊ ရေးတာတွေ လုပ်တဲ့အခါ တန်ဖိုး မြင့်လှတဲ့ ရှားပါး စာအုပ်တွေဝယ်ရတယ်။ ဖတ်ရတယ်။ ဝယ်ရတော့ ကျွန်တော့်မှာ ငွေပိုလေးရှိချိန်မှ ဝယ်နိုင်ပါတယ်။ ဒါ တွေကြောင့် မြန်မြန်ဆန်ဆန် မပြီးနိုင်ပါ ဘူး။ ကော်မတီအနေနဲ့ လည်း ငွေကြေး မရှိပါဘူး။ လုပ်စရာရှိတာတွေကို တကယ် လုပ်နေကြသူတိုင်းက ကိုယ့်အိတ်စိုက် ကိုယ်လုပ်နေရတာဖြစ်တော့ ဒီဟာလေး လိုအပ်တယ် ဝယ်ပေးပါ ပြောလို့တောင်း လို့ မဖြစ်။ အဓိကအားဖြင့် ငွေကြေး အခက် အခဲက အချိန်တွေ မကြာသင့်ဘဲ ကြာနေ ရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စာပြုစုတဲ့ အဆင့်ပဲ ရှိနေပါသေးတယ်။ ကျွန်တော့် အနေနဲ့ ဒီအခက်အခဲအတွက် တတ်နိုင်ပါ သေးတယ်။ နောက်တစ်ဆင့်အနေနဲ့ ဒီထက်ငွေများများ ကုန်ကျမယ့် စာအုပ် ထုတ်ဝေရေးကိစ္စလို အနိမ့်ဆုံး သိန်းနှစ် ဆယ်လောက် ကုန်ကြမယ့် အရေးမှာတော့ ကျွန်တော်လည်း အိတ်စိုက်လုပ်ပေးဖို့ မတတ်နိုင်တော့သလို ကော်မတီဝင်တွေ အနေနဲ့လည်း မတတ်သာပါ။

တကယ်လို့များ ထားဝယ်စကား စာပေကို အမှန်တကယ်စိတ်ဝင်စားပြီး မြန်မြန်ဖြစ်မြောက် ခရီးပေါက်စေလိုကြတဲ့ ထားဝယ်တွေ အနေနဲ့ ငွေကြေးတတ်နိုင် သူများက စပွန်ဆာပေးတာမျိုး၊ အများက နည်းနည်းစီ ထည့်ဝင်လှူဒါန်းကြတာမျိုး ဆိုရင် မြန်မြန်နဲ့ တွင်တွင်ကျယ်ကျယ် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါသည်။ စေတနာ မှန်နဲ့ တကယ်ဖြစ်စေချင်သူ ဘယ်လောက် များများ ရှိလေမလဲဆိုတာကိုလည်း မျှော်ငေးကြည့်မိပါတယ်။ အတွေ့အကြုံ အရတော့ လေချည်း သက်သက် သာသာ များနေတာ တွေ့ရတာမို့ ကျွန်တော်တို့ ဆောင်ရွက်ကြသူများအပိုင်းက ထုတ်ပြန် နိုင်မှု ကြန့်ကြာနေရတာကိုလည်း အပြစ် မမြင်ကြဖို့ ပြောလိုပါတယ်။ စုပေါင်းအား နဲ့သာ လုပ်လို့ရတာပါ။ ပညာရပ်ပိုင်း ဆိုင်ရာအရ အခမဲ့ စေတနာအလျောက် ထားဝယ်စကားစာပေ ကိစ္စ ကျွန်တော်တို့ ဆောက်ရွက်ပေးပါတယ်။ အားလုံး အိတ် စိုက်လုပ်ကြဖို့ ဆိုတာတော့ မတတ်သာ ပါ။ ဒါကြောင့် ဘယ်လို ကူညီနိုင်တယ်ဆို တာကို တင်ပြပေးတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က တစ်နေ့က တနင်္သာရီဂျာနယ်ပါ “ထားဝယ်ပါတီ ဘာလုပ်နေလဲ”ဆိုတဲ့ ဆောင်းပါးပါ စာအရ ဆောင်းပါးရှင်ဟာ စာပေကော် မတီနဲ့ ထားဝယ်ပါတီဟာ အတူတူ အဖွဲ့ အစည်းတစ်ခုတည်းလို့ ထင်မြင်နေပုံ ရပါတယ်။ သူ့လိုပဲ အခြားသူ တွေအနေ နဲ့လည်း အတူတူလို့မြင်နေကြသူတွေ ဘယ်လောက်ရှိမလဲ မပြောတတ်ပါ။ ဒါလေးကိုလည်း တစ်ခါတည်း အသိရှင်း ရအောင် တင်ပြပေးပါမယ်။

ထားဝယ်တိုင်းရင်းသားပါတီနဲ့ စာပေကော်မတီဟာ မတူပါ။ အဖွဲ့ အစည်း တစ်ခုတည်းလည်း မဟုတ်ပါ။ ရပ်တည်မှု ပုံစံ အဖွဲ့အစည်း တစ်ခုတည်း လည်း မဟုတ်ပါ။ ရပ်တည်မှု ပုံစံလည်း ခြားနားကြပါတယ်။ လွယ်လွယ်ခွဲပြရင် ထားဝယ်ပါတီဟာ နိုင်ငံရေးပါတီဖြစ်ပြီး စာပေကော်မတီက နိုင်ငံရေး မလုပ်ပါ။ မိမိတို့စကား ယဉ်ကျေးမှုတွေ တစစ ပျောက်ကွယ်လာနေတာကို ထိန်းသိမ်းဖို့ ပြန်ဖော်ထုတ်ဖို့ လုပ်တာသာ ဖြစ်ပါ တယ်။ နိုင်ငံရေးဘက်ကို ကျွန်တော့်တို့ အနေနဲ့ ဘာမှမလုပ်ဘဲ စာပေကိစ္စ သက် သက်ကိုသာ ဆောင်ရွက်တာ ဖြစ်ပါ တယ်။ အဖွဲ့အစည်း ပါဝင်တဲ လူပုဂ္ဂိုလ် တွေလည်း မတူကြပါ။ ယုတ်စွအဆုံး ပြောရရင် စာပေကော်မတီမှာ ထားဝယ် တိုင်းရင်းသား ပါတီဝင်တောင် မရှိပါ။

စာပေကော်မတီအနေနဲ့ ဘယ်အဖွဲ့ အစည်းကိုမဆို လိုအပ်ချက်အရ နိုင်ငံ တော်မူဝါဒအရ ပူးပေါင်ဆောင်ရွက်ဖို့ သာ ရှိပါတယ်။ အာဏာရပါတီနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့သာ ရှိပါတယ်။ အာဏာမရှိတဲ့ အဖွဲ့တွေနဲ့လည်း ပူး ပေါင်းရပါတယ်။ စာပေကိစ္စကို နိုင်ငံရေး ဘက်ကပြောဖို့ လိုလာတဲ့အခါ ကျွန် တော်တို့ဟာ လွှတ်တော်လမ်းကြောင်း ကနေ သွားရမယ့် နည်းလမ်းကို ရွေး ချယ်ခဲ့ရင် အာဏာရပါတီနဲ့ညှိနှိုင်းဆွေး နွေးပြီး လုပ်ရမှာပါ။ စာပေကော်မတီဝင် လူတစ်ဦးချင်းစီ အနေနဲ့ပြောရရင် ထား ဝယ်အမျိုးသားရေးမှလွဲ၍ ဘယ်အဖွဲ့ အစည်းဘက်မှ မယိမ်းပါ။ အမျိုးသား အကျိုးစီးပွားအတွက်သာ ဦးတည်ပါ တယ်။ ဒါကို ထားဝယ်တွင် နေကြသူ အားလုံးအမြင်ရှင်းဖို့ လိုအပ်ပါတယ်။

(တိုင်းအစိုးရအနေနဲ့ ဘာတွေအကူ အညီပေးနိုင်သလဲ။)
ဒီကိစ္စနဲ့ ပတ်သက်ပြီး အထက်က ဆိုခဲ့တဲ့ အစည်းအဝေးမှာပဲ ဝန်ကြီး ဦးဟိုပင်ကနေပြီး ” ကျွန်တော့်အနေနဲ့ စာပေကိစ္စကို မကျွမ်းကျင်လို့ မကူညီနိုင် ပါဘူး။ ကျွမ်းကျင်သူများက လုပ်ကြပါ။ စာကိစ္စမဟုတ်တဲ့ အခြားလိုအပ်တဲ့အကူ အညီရှိရင် ကျွန်တော့်ကို ပြောပါ။ ကူညီ ပေးပါ့မယ်” လို့ ပြောသွားခဲ့တာ ရှိပါ တယ်။ စာပေကော်မတီအနေနဲ့ အရေး တကြီး မလိုအပ်သေးတာကြောင့်ပဲ တိုင်းအစိုးရဆီ အကူအညီ တောင်းခံတာ မျိုးတော့ မပြုလုပ်ခဲ့သေးပါ။ တကယ် လိုအပ်လာရင်တော့ တိုင်းအစိုးရဆီမှာ တောင်းဆိုသင့်တာတွေကို တောင်းဆို အကူညီတောင်းခံရမှာပါ။

နိဂုံးချုပ်ပြောရရင် စာပေကော်မတီ အနေနဲ့ နိုင်ငံရေးမလုပ်ပါ။ စာပေကော် မတီက ဆောင်ရွက်နေမှုနဲ့ ပြီးစီးမှု အခြေ အနေတွေကိုလည်း အထက်မှာ ဖော်ပြခဲ့ ပြီး ဖြစ်ပါတယ်။ ထားဝယ်ပါတီနဲ့ စာပေ ကော်မတီ မတူတာကိုလည်း တင်ပြခဲ့ ပြီးပါပြီ။ တိုက်တွန်းနှိုးဆော်လိုတာက တော့ ထားဝယ်စကားစာပေကိစ္စကို အမှန်တကယ် စိတ်ဝင်စားပြီး မြန်မြန် ခရီးတွင်စေလိုတဲ့ စေတနာကောင်းရှိခဲ့ ကြပါရင် ပညာရပ်ပိုင်း မကူညီနိုင်ကြရင် တောင် ကူညီနိုင်တဲ့အပိုင်းဖြစ်ပြီး အမှန် လိုအပ်တဲ့ ငွေကြေးပါဝင် လှူဒါန်းခြင်း ဖြင့် ကူညီနိုင်ကြပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။ ။

အာကာဖြိုး(ကံပေါက်)
ထားဝယ်စာစကား ဖော်ဆောင်ရေးကော်မတီ