တောဆင်ရိုင်းများ မျိုးမတုန်းစေရေး ဆီအုန်းထပ်စိုက်ခွင့်မပြုသင့်ဟုဆို

0
411

တောဆင်ရိုင်းအပါအဝင် တော ရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ် နိုင်ရေးအတွက် ဆီအုန်းစိုက်ပျိုးရေး ကုမ္ပဏီများအား မြေဧကအမြောက်အများ ထပ်မံလုပ်ပိုင်ခွင့် ချထားမပေးရန်လိုအပ် ကြောင်းကို တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက ပြောသည်။

နိုဝင်ဘာလ ၅ ရက်က ပြုလုပ် သည့် အမျိုးသားလွှတ်တော်တွင် မွန်ပြည် နယ် မဲဆန္ဒနယ်အမှတ် ၁၂ မှ ဒေါ်သီရိရတနာ တင်သွင်းသည့် ဆင် အပါအဝင် တောရိုင်းတိရိစ္ဆာန်များ မျိုးတုန်း ခြင်းကာကွယ်နိုင်ရေး အသိပညာပေး အရေးယူမှုများ လုပ်ဆောင်ရန် တိုက်တွန်း ကြောင်း အဆိုအား လွှတ်တော်ကိုယ်စား လှယ် ဦးခင်မျိုးဝင်းက အထက်ပါအတိုင်း အကြုံပြုဆွေးနွေး ပြောကြားခဲ့ခြင်းဖြစ် သည်။
ဆီအုန်းစီမံကိန်းကြီးများက အပြောင် ရှင်းစနစ်ဖြင့် ကြိုးဝိုင်းကြိုးပြင် သစ် တောအပါအဝင် သစ်တောကြီးများအား ဧကသိန်းသန်းချီပြီး လုပ်ပိုင်ခွင့်ချပေး ခြင်းကြောင့် သစ်တောအမြောက်အများ ပျက်ဆီးဆုံးရှုံးကြသဖြင့် ဆင်များ နေထိုင် ရာ စားကျက်များ ပျောက်ဆုံးခဲ့ရပြီး လူများ နေထိုင်ရာ မြို့၊ ရွာ၊ ကုမ္ပဏီလမ်းမပေါ်သို့ ဖြတ်သန်းသွားလာနေကြောင်း လွှတ် တော်ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက ဆွေးနွေးခဲ့သည်။

ဘုတ်ပြင်းမြို့နယ်ရှိ မဏ္ဍိုင်-လေ ညာ-ဘုတ်ပြင်း-ကော့သောင်း ပြည် ထောင်စုကားလမ်းမကြီးပေါ်တွင် ည ၆ နာရီအချိန်ခန့်မှ မနက် ၆ နာရီချိန်ခန့် အထိ ဆင်များဖြတ်သန်းသွားလာနေ သည်ကို ခရီးသွားယာဉ်များနှင့်ပြည်သူ တို့မှ ကြုံတွေ့နေရသဖြင့် အန္တရာယ်ရှိနေ ရကြောင်း ၎င်းက ပြောသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့၏ အစီရင်ခံစာများအရ ၁၉၇၉ ခုနှစ်က မြန်မာနိုင်ငံတွင် တောဆင်ရိုင်း ခြောက် ထောင်ရှိခဲ့သော်လည်း လက်ရှိတွင် တစ် ထောင့်ခြောက်ရာမှ နှစ်ထောင်ကြားသာ ကျန်ရှိတော့သဖြင့် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုကို အချိန်မီကာကွယ် ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့လျှင် လာမည့် ဆယ်စုနှစ်များအတွင်း မျိုးတုန်းပျောက် ကွယ်သွားမည့် အန္တရာယ်ရှိနေကြောင်းကို ဦးခင်မျိုးဝင်းက အကြံပြုဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်က ဘုတ်ပြင်းမြို့နယ်ရှိ ဆီအုန်းခြံတစ်ခုတွင်း မှ အသက် ၁၀ နှစ်ရှိ တောဆင်ရိုင်းတစ် ကောင်မှာ သေဆုံးလျက်ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဘုတ်ပြင်းမြို့နယ်သစ် တောဦးစီးဌာနမှ သိရသည်။