ကော့သောင်းမြို့ခံ လူငယ်တစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ဒုရဲအုပ်၊ မီးသတ်တပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တရားစွဲ

0
438

ကော့သောင်းမြို့နယ်တွင် ဒီဇင် ဘာ ၂ ရက်က ကော့သောင်းမြို့ခံ လူငယ် တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူး လွန်ခဲ့သည် ဒုရဲအုပ်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ရပ်ကွက်အရန်မီးသတ် ဒုတပ် ကြပ်တို့အား ကော့သောင်းမြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၃ရက်နေ့က အမှုဖွင့်ထားကြောင်း ကိုယ်ထိလက် ရောက်ကျူးလွန်ခံရသည့် ကိုကျော်စွာဝင်း က ပြောသည်။

ကိုကျော်စွာဝင်း၏ ဦးတိုက်လျှောက် ထားမှုနှင့်ပတ်သက်၍ ယင်းအမှုအား စုံစမ်းစစ်ဆေးရန် ဒီဇင်ဘာ ၅ ရက်က ရဲတပ်ဖွဲ့အား အကြောင်းကြားထား ကြောင်း ကော့သောင်းမြို့နယ် တရားရုံး တရားသူကြီး ဦးကိုကိုက ပြောသည်။
ကိုကျော်စွာဝင်းသည် ကော့သောင်း မြို့ ဧရာဝတီဘဏ်မှ ယာဉ်မောင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်သည် တာဝန်ထမ်း ဆောင်နေချိန် မဟုတ်ပေ။

ယင်းနေ့ ည ၁၂နာရီကျော်အချိန် တွင် အပေါင်းအသင်း ၆ ဦးနှင့်အတူ မွေးနေ့ပွဲမှအပြန် ငွေသွားထုတ်ရာ လိုင်း ကျနေသဖြင့် ဧရာဝတီဘဏ်ရှေ့တွင် အသင့်ပါလာသည့် ဘီယာများနှင့် ဝိုင်း ဖွဲ့သောက်ကာ ATMစက်မှ ငွေထုတ်ရန် စောင့်နေစဉ် ရပ်ကွက် အုပ်ချုပ်ရေးမှူးက အရင်ဆုံး ပါးဝင်ရိုက်ခဲ့ပြီး နယ်ထိန်းနှင့် မီးသတ်ဒုတပ်ကြပ်တို့ကပါ ဝင်ရိုက်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း ကိုကျော်စွာဝင်းက ရှင်းပြသည်။

“အာဏာရှိသူတွေက သူတို့ရဲ့ ရာထူး တာဝန်မှအားမနာ ပြည်သူလူထု ကို ကာကွယ်ရမယ့်အစား ကိုယ်ထိလက် ရောက် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တာ ကြောင့် ဥပဒေအရ တရားမျှတမူရှိအောင် တိုင်တန်းတာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဒုရဲအုပ်ကို ရဲစည်းကမ်း ဥပဒေအရ စုံခုံဖွဲ့ ကာ ကနဦးစတင်စစ်ဆေးနေပြီး တရား ရုံးက စစ်ဆေးခိုင်းထားချက်အရလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးထွန်းဦးက ဆိုသည်။

ယင်းနေ့တွင် တရားခံပြေးတစ်ဦး အား ဖမ်းဆီးရန် အဏ္ဏဝါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အရန်မီးသတ်များ နှင့်အတူ လူစုနေစဉ် ရုံး၏ မျက်စောင်း ထိုးရှိ ဧရာဝတီဘဏ်အရှေ့တွင် ယင်းလူ ငယ်တစ်စု အချင်းချင်း အော်ဟစ်စနောက် နေသည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက မဆူကြရန် လှမ်းအော်သော်လည်း မကြားသဖြင့် အနီးနားသွားကာ ပြောဆို စဉ် ယင်းလူငယ်အား ရိုက်နှက် ခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်ဟု ယင်းနေ့ညက တရားခံပြေးဖမ်းရန် ရောက် ရှိနေသည့် မျက်မြင်သက်သေ ရပ်ကွက် အရန်မီးသတ်တစ်ဦးက ဆိုသည်။
လက်ရှိတွင်လည်း မြို့နယ် ထွေ/ အုပ်က ရပ်ကျေးအုပ်ချုပ်ရေး စည်ကမ်း အရ အရေးယူရန် စုံခုံဖွဲ့ကာ စစ်ဆေးခံနေ ရပြီး တရားရုံးတွင် အမှုဖွင့်ထားသည် ကိုလည်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အဏ္ဏဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇော်မြင့်က ဆိုသည်။

ထို့အပြင် အခင်းဖြစ်စဉ်တွင် ပါဝင် ခဲ့သည့် အရန်မီးသတ် ဒုတပ်ကြပ်ကို လည်း မီးသတ်စည်းကမ်းအရ အရေးယူ နိုင်ရန် ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင် ပြီး ဒီဇင်ဘာ ၇ရက်က စုံခုံဖွဲ့ပြီး စစ်ဆေး နေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီဘဏ်၏ လုံခြုံရေးကင်မရာမှ ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာ များတွင် ပျံ့နှံ့ လျက်ရှိပြီး လတ်တလော တွင် ဝေဖန်မူများ မြင့်တက်လျက်ရှိသည်။