ရေရှားနိုင်သည့် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်းတစ်ရာကျော်သုံးမည်

0
559

တနင်္သာရီတိုင်းအတွင်းရှိ ရေရှားနိုင် သည့်ကျေးရွာ တစ်ရွာလျှင် ပျမ်းမျှကျပ်သိန်း တစ်ရာကျော် သုံးစွဲရန် လျာထားကြောင်း တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
ယခုနှစ် နွေရာသီတွင် ထားဝယ်ခရိုင် ရှိ ကျေးရွာလေးရွာ၊ မြိတ်ခရိုင်ရှိကျေးရွာ ၁၁ ရွာနှင့် ကော့သောင်းခရိုင်ရှိ ကျေးရွာ ၁၅ ရွာ စုစုပေါင်း ကျေးရွာသုံးဆယ်တွင် ရေရှားပါးနိုင်ကြောင်း အထက်ပါဌာန လက် ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးစိုးဝေက ပြောသည်။

ယင်းရေရှားပါးနိုင်သည့် ကျေးရွာများ တွင် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ စိမ့်စမ်းရေတွင်း စသည့် ရေတွင်း ၃၁ တွင်း တူးဖော်နိုင်ရန်အတွက် စုစုပေါင်း ကျပ်သိန်း သုံးထောင်ကျော် အသုံးပြုရန် ကျေးလက်ရုံး ချုပ်ကို တင်ပြထားကြောင်း ဦးစိုးဝေက ပြောသည်။
“ဒီနှစ်နွေရာသီမှာ ရေရှားလာရင် ရေ ဖြန့်ဝေတဲ့စနစ်မဟုတ်တော့ဘဲနဲ့ တစ်နှစ် ပတ်လုံးရေရရှိနိုင်မယ့် နည်းလမ်းရှာဖွေပြီး တော့ ရုံးချုပ်ကို ဘတ်ဂျက် တင်ပြထားပါ တယ်” ဟု ၎င်းက ဆိုသည်။
ရုံးချုပ်မှ ခွင့်ပြုချက်ရရှိပါက ယင်းရေ ရှားပါးနိုင်သည့် ကျေးရွာများကို လာမည့် ဇန်နဝါရီလခန့်တွင် ရေတွင်းများ စတင်တူး ဖော်ပေးနိုင်ရန် ရည်မှန်းထားကြောင်း ၎င်း ကပြောသည်။

နွေရာသီတွင် ပုံမှန်အားဖြင့် မတ်လမှ မေလအထိ ရှားပါးလေ့ရှိပြီး ယင်းရေရှားပါး မှုကို ဖြေရှင်းရန်အတွက် ကိုယ်ထူကိုယ်ထ စနစ်၊ လွှတ်တော်၏ ဒေသဖွံ့ဖြိုးရေးရန်ပုံ ငွေများဖြင့် ဆောင်ရွက်နေသော်လည် ရေ လိုအပ်ချက်ရှိနေသေးကြောင်း လောင်းလုံး မြိုနယ် ပြင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှုး က ပြောသည်။
“အခုဆို ရွာတောင်ဘက်ပိုင်းကတွေ မြောက်ဘက်ပိုင်းကိုလာပြီး ရေလာခပ်နေ ရတာ။ တောင်ဘက်ပိုင်းမှာလည်း ရေတွင်း တစ်တွင်းတော့ လိုအပ်နေတာပေါ့” ဟု ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းတွင် ရေရှားပါးရ သည့်အကြောင်းမှာ တောတောင်များနေရာ တွင် ရော်ဘာ၊ ကွမ်းသီး စသည့် ဥယျာဉ်ခြံ များအစားထိုးဝင်ရောက်လာပြီး ယင်းအပင် များမှ မိုးရေကို တာရှည်ထိမ်းသိမ်းထားနိုင် ခြင်း မရှိသောကြောင့် ဖြစ်ကြောင်း တိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး(နည်းပညာ) ဦးစိုးဝေက ပြောသည်။