ထားဝယ်အမျိုးသားနေ့ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ကာချုပ်နှင့် ဝန်ကြီးဌာန၊ အသင်းအဖွဲ့များက သဝဏ်လွှာ ခုနှစ်စောင်ပို့

0
869

ပထမဆုံးအကြိမ် ကျင်းပသည့် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဝန်ကြီးဌာန၊ အသင်းအဖွဲ့များက သဝဏ်လွှာ ၇ စောင် ပေးပို့ခဲ့ကြောင်း ထားဝယ်လူမျိုးစုစည်း မှုကော်မတီထံမှ သိရသည်။

ထားဝယ်အမျိုးသားနေ့ အခမ်းအနား ကို ဒီဇင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ထား ဝယ်အသင်း (မန္တလေး) ၊ ထားဝယ်အသင်း (မော်လမြိုင်) ၊ ထားဝယ်ဖွံ့ဖြိုးတိုးတက် ရေးအသင်း (ထိုင်းနိုင်ငံ)နှင့် ထားဝယ်တိုင်း ရင်းသားများ ပါတီတို့က သဝဏ်လွှာများ ပေးပို့ခဲ့ကြကြောင်း အထက်ပါကော်မတီ ၏ ညှိနှိုင်းရေးမှူး ဦးတင့်လွင်က ဆိုသည်။

ယမန်နှစ်က ကျင်းပခဲ့သည့် ထား ဝယ်အမျိုးသားညီလာခံတွင် နတ်တော် လဆန်း ၁ ရက်နေ့ကို ထားဝယ်အမျိုးသား နေ့အဖြစ် သတ်မှတ်ခဲ့သည်။
လာမည့်နှစ်တွင် ထားဝယ်အမျိုးသား နေ့ အခမ်းအနားကို ထားဝယ်မြို့တွင် ကျင်းပမည့်အပြင် အဝေးရောက်ထားဝယ် လူမျိုးများ နေထိုင်သည့် မန္တလေး၊ မော်လ မြိုင်၊ ထိုင်းနိုင်ငံ အစရှိ နေရာများတွင် လည်း ကျင်းပနိုင်ရန် လျာထားကြောင်း ဦးတင့်လွင်က ဆိုသည်။

ပထမဆုံးအကြိမ်ကျင်းပသည့် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ထားဝယ်မြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်အမျိုးသား အလံတင်အခမ်းအနားကိုပါ ကျင်းပခဲ့ သည်။