ကျိုက်မရောက အုန်းမွှေးစိုက်စီမံကိန်းမြေ ပြန်လည်စွန့်လွှတ်ပေးရန် မူလမြေပိုင်ရှင်များ တောင်းဆို

0
509

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်းက ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အကောင်းအထည်ဖော် နေသည့် အုန်းမွှေးစိုက်ပျိုးရေး စီမံကိန်း မြေများကို ပြန်လည်စွန့်လွှတ်ပေးရန် မူလမြေပိုင်ရှင်များက တောင်းဆိုလိုက် သည်။
စီမံကိန်း အကောင်အထည်ဖော်နေ သည့် မြေနေရာသည် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့သည့် မြေများ ဖြစ်ပြီး သိမ်းဆည်းခံထားခဲ့ရာမှ ယခု အခါ အုန်းမွှေးစိုက်ပျိုးရန် အကောင် အထည်ဖော်နေသည်။ ထို့ကြောင့် ယင်းသို့ အကောင်အထည်ဖော် နေသည် ကို ရပ်တန့်ပြီး မြေကို မူလမြေပိုင်ရှင် တို့ထံ ပြန်လည်စွန့်လွှတ်ပေးရန် ဒီဇင်ဘာလ ၅ ရက် မူလမြေပိုင်ရှင်များ သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ခြင်း ဖြစ် သည်။

“လယ်ယာမြေပဲပြန်ပေးပါ၊ အစား ထိုး ပေးခြင်းလည်း မပြုလုပ်ကြပါနဲ ” ဟု မူလမြေပိုင်ရှင် နိုင်မောင်တင့်က ပြောသည်။
အဆိုပါလယ်မြေများသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် သိမ်းဆည်းခံထား ရပြီး ၁၉၉၄ ခုနှစ်ထိ လယ်ခွန်၊ မြေခွန် ပေးဆောင်ထားခဲ့ကြောင်း မူလမြေပိုင် ရှင်များက ပြောသည်။
သိမ်းဆည်းခံထားရသည့် လယ်ယာ မြေများ ပြန်လည်ရရှိရန်အတွက် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် မွန်ပြည် နယ် လွှတ်တော်မှတဆင့် တင်ပြတောင်း ဆိုခဲ့ရာမှ သိမ်းဆည်းခံထားရသည့် လယ်မြေဧက ၁၅၀၀ အနက်မှ ဧက ၅၀၀ ကျော်ကို မူလမြေပိုင်ရှင်ထံ ပြန် လည်ပေးအပ်ခဲ့သည်ဟု မူလလယ်ပိုင် ရှင်တို့က သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းခဲ့သည်။

ကျန်ရှိနေသည့် လယ်မြေဧက တစ်ထောင်ကျော်ကို ပြန်ပေးမည်ဟု သတင်းများကြားထားသော်လည်း ယနေ့ထိ ပြန်လည်ရရှိခဲ့ခြင်းမရှိဘဲ ယခုအခါ အဆိုပါမြေများပေါ်၌ အုန်းမွှေးစိုက် စီမံကိန်းအကောင် အထည်ဖော်နေသည်ဟုလည်း မူလ မြေပိုင်ရှင်တို့က ပြောသည်။
သို့သော်လည်း အုန်းမွှေးစိုက်ပျိုးရေ စီမံကိန်း အကောင်အထည် ဖော်နေသည့် မြေများသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးပိုင် လယ်ယာ မြေများ ဖြစ်ပြီး အုန်းမွှေးများစိုက်ပျိုးရန် တစ်ဧက ကို ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ငှား ရမ်းခဲ့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောခဲ့သည်။