အိမ်ရှေ့ရောက်လာတဲ့ ဈေးများ

0
839

အိမ်ရှင်မ(သို့မဟုတ်) ထမင်း ဟင်းချက်ရန် တာဝန်ယူထားသည့် အမျိုးသား အမျိုးသမီးတို့၏ နိစ္စဓူဝ အလုပ်များအနက် တစ်ခုမှာဈေးသို့ နေ့ တိုင်းနီးပါး ချီတက်ကြရခြင်း ဖြစ်သည်။
ဈေးကိုပတ်ကာ သားငါး၊ ဟင်း သီးဟင်းရွက်တို့ ရွေးဝယ်ကြမည်။ တစ် ချို့က တစ်ရက်စာမက နောက်ရက် အတွက်ပါ ဝယ်မည်။
မြို့တွင်လည်း မြို့အလျှောက်၊ နယ်၊ ကျေးရွာများတွင်လည်း ကျေးရွာအလျှောက် အနီးဆုံးဈေးများသို့ ထမင်းဟင်းချက် ရန်အမီ စောစောပြေးကြရသည်က ခေတ် အဆက်ဆက်ကတည်းက ဖြစ်သည်။
ယခု ထိုခေတ်ကို ရိုက်ချိုးသူတို့ ပေါ်လာသည်။

အိမ်ရှင်မ(သို့မဟုတ်) ထမင်းဟင်း ချက်ရန် တာဝန်ယူထားသည့် အမျိုးသား အမျိုးသမီးတို့၏ အိမ်ရှေ့သို့အရောက် ဈေးဆိုင် ရွှေ့လာသည်။
သူတို့ကို တနင်္သာရီတိုင်းသား များက ‘ဈေးကား’ ဟု ခေါ်ကြသည်။
ထိုဈေးကားများက ဟင်းချက်ရန် အချိန်မီ အိမ်ရှေ့ရောက်လာကြမည်။ ကြက်၊ ဝက်သား ငါးမှအစ၊ ငရုပ်သီးစိမ်း၊ ချည်ပေါင်၊ ကန်စွန်း၊ ဂေါ်ဖီထုပ်၊ ခရမ်း ချည်သီးနှင့် ရာသီပေါ် ဟင်းသီးဟင်း ရွက်များအလယ်၊ ဟင်းချက်ရာတွင် ပါသင့်သည့်ပါရမည့် တိုလီမုတ်စ အသေး အမွှားလေးများအဆုံး ကားပေါ်တင် ရောင်းချကြမည်။

ထိုဈေးကားတို့ ရောက်လာ သောအခါ ဟွန်းတီး၍သော်လည်း ကောင်း၊ ဖွင့်နေကျ သီချင်းတစ်ပုဒ်ပုဒ် ဖွင့်၍သော်လည်းကောင်း အိမ်ရှင်မတို့ကို အသံပြုပါသည်။
ထိုအခါ အိမ်ရှင်မတို့က ကားအနီး စုဝေးသွားရောက်ကြကာ ချက်လိုသည် ကို မေးကြမြန်းကြ၊ ရွေးချယ်ကြ၊ ဈေး ဆစ်ကြ..။
ထိုသို့ ဈေးကို ကားဖြင့် တင်ရောင်း ခြင်းက ယခုနှစ်များအတွင်းသာ ခေတ် စားလာသော်လည်း ဆိုင်ကယ်၊ ဘေးတွဲ၊ (မြို့များတွင်) တွန်းလှည်းတို့ဖြင့် ဈေးဆိုင်များ အိမ်ရှေ့ ရောက်လာခဲ့ သည်မှာ တနင်္သာရီတိုင်းတွင် ဆယ်စု နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။
မြိတ်တွင်ကား မြိတ်မြို့၊ မြို့သစ် ရပ်နေ အသက် ၄၀ ရှိ မခင်စန္ဒာသည် လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော် ကတည်းက အိမ်ရှေ့ရောက် ဈေးဆိုင် များတွင် အားပေးခဲ့ကြောင်း ပြောသည်။

ထိုသို့ ကား၊ဆိုင်ကယ်၊ ဘေးတွဲ ဖြင့် လည်ပတ်ရောင်းသော ဈေးသည်တို့ ကို မြိတ်သူတို့က ‘ဈေးပြေးသည်’ ဟု ခေါ်ကြသည်။
“ဈေးသွားရတာ အချိန်လည်းကုန် ပြီး ဈေးနှုန်းက အတှုတူပဲဆိုတော့ ဒီဈေး ပြေးသယ်တွေဆီမှာပဲ ဝယ်စားဖြစ်တာ များတယ်။ သူတို့မှာလည်း ဈေးလိုပဲ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ စုံစီနဖာ အကုန်ပါတယ်၊ ဈေးကတော့ တစ်ပတ် တစ်ကြိမ်တောင် မသွားဖြစ်တော့ဘူး၊ ဈေးထဲမှာ လူတိုးတာရယ် အချိန်ကုန် တာရယ်ကြောင့်”ဟု မခင်စန္ဒာက ဆို သည်။
ပုလောမြို့နယ် ဇရပ်ဆိပ် ကျေးရွာ သို့လည်း ရွှေ့လျားဈေးဆိုင်တို့ ရောက် ပါသည်။
“လိုချင်တာတွေ အကုန်ရတယ် ရွာ ကလူတွေလည်း ဝယ်စားနေကြတာပေါ့” ဟု ဇရပ်ဆိပ်ရွာသူ မအိချောက ပြော သည်။
ထားဝယ်ခရိုင်အတွင်း၌ကား ဆိုင်ကယ်၊ စက်ဘီးတို့ဖြင့် ဈေးလည် ရောင်းချခြင်းတို့ ရှိနေခဲ့ရာမှ လွန်ခဲ့သည့် ၅ နှစ်ခန့်မှအစ ကားဖြင့် လှည့်လည် ရောင်းချလာကြသည်။

ထားဝယ်တွင် ထိုဈေးကားသမား တို့ ဈေးရောင်းကုန်ပစ္စည်းများ ဝယ်ယူ သည့် အဓိကနေရာက သားငါးနှင့် ဟင်း သီးဟင်း ရွက်ပေါင်းစုံသည့် ထားဝယ် ကမ်းနားဈေး ဖြစ်သည်။
ကမ်းနာဈေးက ည ၁၂ နာရီခန့် ဆိုလျှင် စတင်အရောင်းအဝယ် ပြုသည့် အတွက် ဈေးကားသမားတို့ ဝယ်ယူပြီး လှည့်လည် ရောင်းချရန် အချိန်ကိုက် ဖြစ်စေသည်။
ဈေးကားဖြင့် သား၊ ငါး၊ ဟင်း သီးဟင်းရွက် အစုံလှည့်လည်ရောင်းချ နေသည်မှာ သက်တမ်း ၂ နှစ်ရှိပြီဆိုသော လောင်းလုံးမြို့နယ် အင်းဝန်းကျေးရွာ ဈေးကားပိုင်ရှင် ကိုအေးမင်းသည်လည်း ကမ်းနားဈေးတွင် ဝယ်ရောင်းသည်။
ည ၁၂ နာရီခန့်တွင် ကမ်းနာဈေး၌ ဈေးအစုံဝယ်ပြီး မနက် ၄ နာရီခွဲခန့် တွင် စထွက်ကာ ရွာများတွင် လှည့် ရောင်းရအိမ်သို့ နေ့လယ် ၁၂ နာရီ ခန့်တွင် ပြန်ရောက်လေ့ရှိကြောင်း ကိုအေးမင်းက ပြောသည်။

ကိုအေးမင်း၏ အခက်အခဲမှာ အိပ်ရေးပျက်ခြင်း မဟုတ်ပါ။ လူပေါင်း စုံ၊ စရိုက်ပိုင်းစုံကို ပြေလည်အောင် ဆက်ဆံပြောဆို ရောင်းချရခြင်းနှင့် မိမိလုပ်ရန် မစွမ်းသော ကားဆီဈေး တက်ခြင်းဟု ပြောပါသည်။
စက်ဆီဈေးတက်၍ တွက်ခြေ မကိုက်သော်လည်း အိမ်ရှေ့ရောက် ရွှေ့လျားဈေးကားက နား၍ မဖြစ်။ ဈေးကားက အပြိုင်အဆိုင်။
“အဆင်မပြေပေမဲ့လည်း ကျွန်တော် တို့မှာက သွားမရောင်းလို့ မရဘူး။ ကိုယ့်ဖောက်သည်တွေ သူများယူသွားမှာ စိုးရသေးတယ်။ သွားနေကျအချိန် သွားနေမှ အဆင်ပြေတယ်။ နောက်ကျ ပြီးမှ ရောက်သွားရင်လည်း အဆင် မပြေဘူး။ ရောင်းနေရတာက အပြိုင် အဆိုင်ရောင်းနေရတယ်”ဟု ကိုအေးမင်း က ပြောသည်။