ထားဝယ်ပါတီ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်

0
647

အမြဲတစေ ဖော်ပြလေ့ရှိသည့် အတိုင်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု မှာ ထားဝယ်တွေ မျက်နှာမငယ်ဖို့၊ ထားဝယ်ဆိုသည့် လူမျိုးတစ်မျိုး နိုင်ငံရေး သိက္ခာရှိစွာ နေထိုင်နိုင်ဖို့ ထားဝယ်တိုင်း ရင်းသားများ ပါတီကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။
ထားဝယ်သမိုင်းတွင် ပထမဆုံး တည်ထောင်သော လူမျိုးအခြေပြုနိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်နှင့်အညီ ပါတီစတင် တည်ထောင်ခါစကတည်းက အခက်အခဲ အမျိုးမျိုးကိုရင်ဆိုင် ကျော်လွှားခဲ့ရသည်။
မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်မှု ပေါင်းစုံ၊ နိုင်ငံရေး အောက်လုံးများဖြင့် ထိုးနှက်မှုပေါင်းစုံကို ကြုံခဲ့ရသည်။ သို့ သော်လည်း ထားဝယ်တိုင်းရင်းသားများ ပါတီအနေနှင့် “လူကြီးလူကောင်းနိုင်ငံ ရေး”ကို ယုံကြည်သည့် အားလျော်စွာ ပြန်လည် တိုက်ခိုက်ခြင်းမရှိဘဲ ပါတီလုပ် ငန်းများကိုသာ ဦးမှိတ်မသုန်သည်းခံ လုပ်ဆောင်ခဲ့သည်။

ထားဝယ်လူမျိုးသမိုင်းတွင် အရေး ကြီးသော လှုပ်ရှားမှုဖြစ်သည့် သန်းခေါင် စာရင်းတွင် ထားဝယ်လူမျိုးအဖြစ် ထည့် သွင်းဖော်ပြရေး လုပ်ဆောင်ခြင်း၊ လျှပ်စစ် မီတာခနှုန်းထား ကျဆင်းရေး သက်ဆိုင် ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း လှုပ်ရှားခြင်း၊ ဦးဆောင်ဆန္ဒပြခြင်းတို့မှာ ထင်ရှားသော လုပ်ဆောင်ချက်များ ဖြစ်ခဲ့ သည်။
၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ်တွင် ပါတီကို ပြန်လည်ဖွဲ့ စည်းပြီး လုပ်ငန်းပေါင်းများစွာကို ဆက် တိုက် လုပ်ဆောင်ခဲ့သည်။
ရွေးကောက်ပွဲတွင် အနိုင်မရခဲ့သော် လည်း ပါတီလုပ်ငန်းများကို အားလျော့သွား ခြင်း မရှိဘဲ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ မူဝါဒအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ခြင်း၊ သွေးလှူဒါန်းခြင်း ကဲ့သို့သော ပုံမှန် လူမှုရေးဆောင်ရွက်ချက်များ၊ မြေယာ အရေး ဆောင်ရွက်ချက်များကဲ့သို့သော ပါတီပုံမှန်လုပ်ငန်းစဉ်များအနက် ထင် ရှားသော အချက်များကို တင်ပြလိုပါသည်။

တိမ်မြုပ်နေသလို ဖြစ်ခဲ့သော ဗိုလ် မှူးကြီး ဗထူး၏ ပုံရိပ်မြှင့်တင်ရေး အထူး အလေးပေးကာ အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ထားဝယ်တိုင်းရင်းသားများ ပါတီက စာတမ်းတင်သွင်း၍ ထားဝယ် အရေး ပြည်ထောင်စု တစ်ခုလုံး ကြားနိုင် အောင် ဆောင်ရွက်ခဲ့သည်။ အစိုးရသစ် လက်ထက်တွင် အနိုင်မရပါတီများကို ညီလာခံတွင် ကိုယ်စားပြုခွင့် ကန့်သတ် ချက်အကြား ထားဝယ်လူမျိုးအရေး အတွက် တက်ရောက်ခွင့်ရရေး မဖြစ်ဖြစ်သည့် နည်းဖြင့် ကြိုးပမ်းတက်ရောက်စာတမ်း တင်သွင်းနိုင်ရန် ကြိုးပမ်းခဲ့ရခြင်း ဖြစ် သည်။
ယင်းနောက် ၂၀၁၆ ခုနှစ်အတွင်း တွင်ပင် သိသာထင်ရှားသော လှုပ်ရှားမှု တစ်ခု လုပ်ဆောင်ခဲ့သည်။
ယင်းမှာ လောင်းလုံးမြို့နယ် ဘူး ထောင့်ကမ်းခြေတွင် သစ်ခိုးထုတ်ခြင်း၊ ဒေသခံများကို သေနတ်ကိုင် ခြိမ်းခြောက် ခြင်းတို့နှင့် ပတ်သက်၍ ဖော်ထုတ်နိုင်ခဲ့ပြီး အစိုးရက တရားဥပဒေနှင့် အညီဆောင် ရွက်လာစေရန် လုပ်ဆောင်ခဲ့သည်။
ထို့အပြင် လောင်းလုံးမြို့နယ် ညော ပြင်ကျေးရွာအုပ်စု ထောင့်နန်းဒေသတွင် အာဏာပိုင်များက လွန်ခဲ့သည့် ၂ နှစ်က ရောင်းချထားသော သင်္ချိုင်းမြေ ပြန်လည် ရရှိရေး ဆောင်ရွက်ခဲ့သည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စုနေ့ နိုင်ငံ တော် အဆင့်အခမ်းအနားတွင် ထားဝယ် ရိုးရာ အကအဖွဲ့ မစေလွှတ်တော့ရန် ဆုံး ဖြတ်ခဲ့သော တနင်္သာရီတိုင်းဒေသကြီး အစိုးရ၏ ဆုံးဖြတ်ချက် အပေါ် ဝေဖန်ခဲ့ ပြီး အကအဖွဲ့ သွားရောက် ဖျော်ဖြေခွင့်ရ ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ၂၀၁၇ ခုနှစ် နှစ်လယ်တွင် ထားဝယ်ဒေသ၌ ဖြစ်ပွားခဲ့သော ကြက် ငှက်တုပ်ကွေး ရောဂါနှင့်ပတ်သက်၍ ပြည်သူများ မနစ်နာရန် အစိုးရအား တိုက်တွန်းခြင်း၊ ဒေသခံ အရပ်ဘက် အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ရောဂါကာ ကွယ်ရေး လှုံ့ဆော်ခြင်း၊ အလှူရှင်များ၏ အကူအညီဖြင့် လိုအပ်သော ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်းတို့ လုပ်ဆောင် ခဲ့သည်။
ထိုကြောင့် ထားဝယ်အမျိုးသားရေး အတွက် အရေးကြီးသော ထားဝယ်အမျိုး သားညီလာခံ ကျင်းပရေး ပါဝင်ဦးဆောင် လှုပ်ရှားခဲ့သည်။ ဒေသအသီးသီးသို့ သွား ရောက်စည်းရုံး လှုပ်ရှားခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ထားဝယ်အမျိုးသား ညီလာခံကို အောင် မြင်စွာ ကျင်းပနိုင်ခဲ့သည်။
ထိုနောက် ထားဝယ်တိုင်းရင်းသား များပါတီ၏ ပုံမှန်လှုပ်ရှားမှုများ၊ အစည်း အဝေးများ လုပ်ဆောင်နေခဲ့သော်လည်း လူထုမျက်ကွယ်တွင် ပျောက်ကွယ်သလို ဖြစ်သွားခဲ့သည်။
သက်ဆိုင်ရာ ခေါင်းဆောင်များ၊ အတွင်းရေးမှူး အဖွဲ့ဝင်များမှာ ဆိုင်ရာ ဆိုင်ရာ အရည်အချင်းမြှင့်တင်ရေး လုပ် ငန်းများ၊ အခြားတိုင်းပြည်ရေးရာ လုပ် ငန်းများတွင် အချိန်ပေး ပိုမိုအားစိုက်လုပ် ဆောင်နေသဖြင့် ပါတီလုပ်ငန်းများတွင် မထင်ပေါ်သလို ဖြစ်ခဲ့ရသည်။
ထိုကြောင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ လအတွင်း တန်ဆောင်တိုင်ပွဲတော်တွင် ထားဝယ်စကားဖြင့် ဖော်ပြရေး တနင်္သာရီ တိုင်းဒေသကြီး အစိုးရအပေါ် ဝေဖန် တိုက်တွန်းချက်သည် ယခုနှစ်အတွင်း ထင်ရှားသည့်၊ အများမြင်သာသည့် လုပ် ဆောင်မှုအဖြစ် ယူဆခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အများမြင်ကွင်းတွင် ပျောက် ကွယ်နေမှုကြောင့် ဆွေမျိုးသားချင်းစိတ် ဓာတ်ဖြင့် သတင်းမေးသူ ပူပန်သူများကို ကျေးဇူးအထူးတင်ရှိပါသည်။
အထူးသဖြင့် ဆောင်းပါးရှင် သည်မွန် ၏ တနင်္သာရီဂျာနယ်တွင် “ထားဝယ် ပါတီ ဘာလုပ်နေလဲ” ဆောင်းပါးဖြင့် ဝေဖန်ထောက်ပြ သတိပေးမှုအတွက် လည်း ကျေးဇူးတင်ရှိပါသည်။

လူ့လောက သဘာဝ၊ အဖွဲ့အစည်း သဘာဝ ထုံးစံအတိုင်း အင်အားအနိမ့်အမြင့် အတက်အကျများ၊ တစ်ခါတစ်ရံ သွေးအေး သွားမှုများ ရှိတတ်ရာ ထိုသို့ ဖြစ်သွားရ ခြင်း အတွက်လည်း တောင်းပန်အပ်ပါ သည်။
ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် နေရာမရမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရကို ပင်မ နိုင်ငံရေးလမ်းကြောင်းမှ ထိန်းကျောင်းရန် များစွာ အခက်အခဲ ရှိလင့်ကစား၊ ထားဝယ် အရေး လွှတ်တော် နိုင်ငံရေးလမ်းကြောင်း ဖြင့် လုပ်ဆောင်ရန်များစွာ အခက်အခဲ ရှိလင့်ကစား ထားဝယ်ပါတီ ရှေ့ဆက် ချီနေပါသည်။
ကိုယ်တိုင် လမ်းရှာ၊ ကိုယ်တိုင် ဖောက်၊ ကိုယ်တိုင်မောင်းရမည့် လမ်း ဖြစ်မည်၊ ခက်ခဲကြမ်းတမ်းရှည်လျား သောလမ်း ဖြစ်မည်ကို ကောင်းစွာ သိလျက်နှင့်ပင် ထားဝယ်လူမျိုးတို့ အတွက် ရှေ့ဆက်လျှောက်ရဦးမည်။
အပယ်ခံ၊ အသိအမှတ်မပြုခံရသည် ဒုတိယတန်းစား နိုင်ငံသားများ အဖြစ် သတ်မှတ်ခံထားသလိုဖြစ်နေသော၊ နိုင်ငံ ရေးအရ အောက်ကျနောက်ကျ ဖြစ်နေသော ထားဝယ်လူမျိုးတို့ အတွက် ရှေ့ဆက် လျှောက်ရပါဦးမည်။
ထားဝယ်တိုင်းရင်းသား အားလုံး ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင် မြင်နိုင်မည်ဖြစ်သည်။ ဝေဖန်ထောက်ပြမှု များကိုလည်း ကြိုဆိုလျက်ရှိပါသည်။

ကျေးဇူးတင်ပါသည်။

ထားဝယ်လူမျိုးတို့၏ ဂုဏ်သိက္ခာ အတွက် လေးနက်မှန်ကန်စွာဖြင့်

သတင်းပြန်ကြား ဆက်သွယ်ရေးအဖွဲ့
ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို)
ထားဝယ်မြို့။