သတ်မှတ်ဈေးထက် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးဖြင့် မီးပေးမည်ဟု မြိတ်အများပိုင်ဆို

0
517

မြိတ်တွင် လျှပ်စစ်တစ်ယူနစ်နှုန်း ထားကို ပုံမှန်သတ်မှတ်နှုန်းထားထက် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးဖြင့် လာ မည့် ဖေဖော်ဝါရီလတွင် စတင်ထုတ်လုပ် ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြိတ်အများ ပိုင်ကော်ပိုရေးရှင်း ဒါရိုက်တာ ဦးမျိုးအောင် က ပြောသည်။
မြိတ်တွင် ပုဂ္ဂလိက မီးလင်းရေးလုပ် ငန်း ၉ ခုရှိပြီး လစဉ် ဒီဇယ်ပေါက်ဈေး အပေါ်အခြေခံ၍ တွက်ချက်ကာ လျှပ်စစ် တစ်ယူနစ်နှုန်းထားကို တပြေးညီသတ် မှတ် ကောက်ခံလေ့ရှိသည်။

မြိတ်အများပိုင်းကော်ပိုရေးရှင်းအနေဖြင့် ပုဂ္ဂလိကမီးလင်းရေးလုပ်ငန်းများ လစဉ်တွက်ချက်နေသည့်ပုံစံအတိုင်း ဒီဇယ်ဈေးကို တွက်ချက်ကာ ယင်းနှုန်း ထားထက် ၂၀ ရာခိုင်နှုန်းလျှော့ပေးမည် ဖြစ်ကြောင်း ဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။
တွက်ချက်မှုအရ တစ်ယူနစ်လျှင် ၅၀၀ ကျပ် ကျသင့်ပါက ၄၀၀ ကျပ်သာ ကောက်ခံမည်ဖြစ်သည်။
“ဒီဇယ်ဈေးကျလာရင် လျော့ကျ မယ်။ တက်လာရင် တက်လာတဲ့အတိုင်း ပေါ့” ဟု ၎င်းက ပြောသည်။

ဒီဇယ်မီးစက်ဖြင့် လျှပ်စစ်ကို မြိတ် အများပိုင်က ထုတ်လုပ်မည်ဖြစ်ပြီး ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်းများက ဖြန့်ဖြူးမည်ဖြစ်ကြောင်း မြိတ်အများပိုင် နှင့် မီးလင်းရေးအဖွဲ့အချို့ထံမှ သိရသည်။
ယင်းသို့ ဒီဇယ်ဖြင့် ဖြန့်ဝေမည့် အစီအစဉ်မှာ မြိတ်အများပိုင် ကော်ပိုရေး ရှင်း၏ ရေနံမဲပျော်ဝင်ဆီ(FO) ဖြင့်လျှပ် စစ် ၃၀ မဂ္ဂါဝပ်ထုတ်လုပ်မည့် အစီအစဉ် မတိုင်မီ ကြားကာလတွင် အစားထိုးမည့် အစီအစဉ်ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။
မြိတ်မြို့အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးကိစ္စနှင့် ပတ်သက် ပြီး ဒီဇင်ဘာလ ၇ ရက်က ပုဂ္ဂလိက မီးလင်းရေးအဖွဲ့များ၊ မြို့နယ်^ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြရာမှ ယင်းသို့စီစဉ်ခဲ့ ခြင်းဖြစ်သည်။
မြိတ်တွင် နိုဝင်ဘာလအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၄၉၅ ကျပ်နှုန်း ကျသင့်ခဲ့သည်။