ကော့သောင်းခရိုင်အတွင်း ကျွန်းခရီးစဉ် လာရောက်လည်ပတ်သူ ပြည်တွင်းခရီးသွား သိသိသာသာလျော့နည်း

0
388

ကော့သောင်းခရိုင်အတွင်းရှိ ကျွန်း များသို့ လာရောက်လည်ပတ်သည့် ပြည် တွင်းခရီးသည် ယခုနှစ်ခရီးသွားရာသီ တွင် သိသိသာသာ လျော့နည်းသွား ကြောင်း ကျွန်းခရီးစဉ် ပို့ပေးနေသည့် ကော့သောင်းအခြေစိုက် ခရီးသွား ဝန် ဆောင်မှု လုပ်ငန်းတချို့ထံမှ သိရသည်။
တနင်္သာရီတိုင်း၏ စီးပွားရေး မူဝါဒ တွင် ခရီးသွားလုပ်ငန်းသည် အဓိက နေရာတွင် ပါဝင်ပြီး ထားဝယ်ခရိုင်တွင် စိုက်ပျိုးရေးနှင့် ခရီးသွား၊ မြိတ်တွင် ငါး လုပ်ငန်းနှင့် ခရီးသွား၊ ကော့သောင်းတွင် ကုန်သွယ်ရေးနှင့် ခရီးသွား ကဏ္ဍတို့ကို အဓိကထားပြီး လုပ်ဆောင်မည်ဟု တိုင်း အစိုးရက ချမှတ်ထားသည်။
ယခုနှစ်တွင် ကျွန်းခရီးစဉ်များကို စတင် ဝန်ဆောင်မှုပေးသည့် အောက်တို ဘာလမှစပြီး လက်ရှိအချိန်အထိ ခရီးသည် ၃၀ ဦးကျော်ခန့်သာ ပို့ဆောင်ပေးခဲ့ရပြီး ပြီးခဲ့သည့်နှစ်က ကာလတူအတွင်း ခရီး သည် ၁၀၀ ဦးခန့် ပို့ဆောင်ခဲ့ရကြောင်း မိုးထိပ်ထား ခရီးသွားဝန်ဆောင်မှုလုပ် ငန်းမှ သိရသည်။

“ထိုင်းကတော့ ပုံမှန်ဝင်နေပေမဲ့ ပြည်တွင်း ခရီးစဉ်ရောင်းအားတွေ ကျ သွားတယ်၊ လေကြောင်းခရီးတစ်ခုတည်း ဖြစ်လို့ လက်မှတ် အခက်အခဲရယ်၊ ဘတ် ဈေးတက်တာရယ်၊ အခုနှစ်ဆို ကိုယ်ပိုင် ကျွန်းတွေများလာတော့ ကျွန်းတက်ခ ထပ်ပိုလာတယ်၊ ခရီးသွား ဝန်ဆောင်မှု အေဂျင်စီဘက်က လက်မှတ်ရောင်းဈေး မှာ ခံစားခွင့်လျော့လာတယ်”ဟု မိုးထိပ် ထား ခရီးသွားဝန်ဆောင်မှု လုပ်ငန်းပိုင် ရှင် ဦးယဉ်ထွေးက ပြောသည်။
ယခင်က ကြက်မောက်ကျွန်း၊ ပန်း ကျွန်း၊ ဆေးတံ(ခ)စေတန်ကျွန်း၊ မြင်းခွာ ကျွန်း စသည့် ကျွန်း ၄ ကျွန်းလည်ပတ် သည့် ခရီးစဉ် အတွက် ကျွန်းတက်ခမှာ ခရီးသည်တစ်ဦးကို ဘတ် ၂၀၀ သာ ပေးရသော်လည်း လက်ရှိတွင် ဘတ် ၆၀၀ ဖြစ်သွားကြောင်း ဦးယဉ်ထွေးက ရှင်းပြသည်။

ကျွန်းတက်ခမှာ ကျွန်းပေါ်တွင် လုပ်ငန်း လုပ်ကိုင်ခွင့်ရသူများကို ခရီး သွား ကုမ္ပဏီများက ပေးရခြင်း ဖြစ်ပြီး ခရီးစဉ်မစခင် ကြိုပေးရကြောင်း သိရ သည်။
ပြီးခဲ့သည့်နှစ်က တစ်လလျှင် လက် ရှိအချိန်တွင် ခရီးစဉ် ၄ ခေါက်ခန့်ပို့ ဆောင်ရပြီးဖြစ်သော်လည်း ယခုနှစ်တွင် ကျွန်းခရီးစဉ် တစ်လ ၂ ခေါက်သာ ပို့ ဆောင်ရသေးကြောင်း Golden Mok-en ခရီးသွားဝန်ဆောင်မှုလုပ်ငန်း တာ ဝန်ရှိသူ ဦးဝင်းအောင်က ပြောသည်။
“နောက်ပိုင်း ရောင်းအားတွေ ကျ လာတယ်၊ ဒီနှစ် အလုပ်သိပ်မဖြစ်ဘူး”ဟု ဦးဝင်းအောင်က ဆိုသည်။
ကျွန်း ၄ ကျွန်း လည်ပတ်သည့် ခရီးစဉ်လက်မှတ်ရောင်းဈေးများမှာ ဘတ် ၃၅၀၀ မှ ဘတ် ၃၉၀၀ ကြား ရှိ သည်။
ယခင်နှစ်ဈေးနှုန်းအတိုင်း မပြောင်း လဲသော်လည်း ပြည်တွင်းခရီးသည်များ အား မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် အခါ ဘတ်ငွေဈေးတက်နေသောကြောင့် ဈေးနှုန်းမြင့်တက်သွားသည်။

ယင်းအခြေအနေကြောင့် ခရီးစဉ် ဈေးနှုန်းစုံစမ်းပြီး မသွားဖြစ်တော့သည့် ခရီးသည်များလည်းရှိကြောင်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။
ကျွန်းခရီးစဉ်လည်ပတ်မှုကာလမှာ နှစ်စဉ် အောက်တိုဘာမှစတင်လေ့ရှိပြီး ရာသီဥတုကောင်းလျှင် မေလထိ ပို့ ဆောင်ကြသည်။
ကော့သောင်းခရိုင်အတွင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ ၂၇ ခုရှိ ပြီး ပုံမှန် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း လည်ပတ်နေသည့် လုပ်ငန်းမှာ ၇ ခုခန့် သာရှိကြောင်း ကော့သောင်းဟိုတည်နှင့် ခရီးသွားညွှန်ကြားမှုးဦးစီးဌာနရုံးမှ သိရ သည်။