အတု

0
1242

အတုဟုဆိုလိုက်သည်နှင့် အများစု က နှာခေါင်းရှုံ့ကြပေလိမ့်မည်။ လက် တွန့်သွားပေလိမ့်မည်။ ဝေးဝေးက ရှောင်ကြပေလိမ့်မည်။ သို့သော် လက် တွေ့ဘ၀တွင်မူ ကျွန်တော်တို့သည် အတု နှင့်မကင်းနိုင်ကြ။ သင့်အနေဖြင့် အနည်း ဆုံး အပြုံးတုတစ်စုံကိုတော့ သင်၏နှုတ် ခမ်းဖျားတွင် နေ့စဉ်ဝတ်ဆင်ရပေလိမ့် မည်။ ထိုအပြုံးတုသည်ပင်လျှင် သင့်ကို ကြားခံပစ္စည်းအဖြစ် အသုံးတော်ခံပေးပေ လိမ့်မည်။ ဆိုရလျှင် အတုကို မုန်းတီးသူ များကိုယ်တိုင်ပင်လျှင် တစ်ခါတစ်ရံ အတုကို မက်မက်မောမောဖြင့် တောင့်တ ကြရသည်။

အတုသည်မကောင်းသည် မှန်သော် လည်း တစ်ခါတစ်ရံအတုကပဲ ကျွန်တော် တို့အတွက် မရှိမဖြစ်လိုအပ်နေတတ် ပြန် သည်။ အတုတွင် အကျိုးမပြုသောအတု၊ ဘေးဥပုဒ်ဖြစ်စေသောအတုနှင့် အကျိုးပြု သောအတုဟူ၍ ခွဲခြားမြင်တတ်ဖို့ လိုလာ သည်။ အကျိုးပြုသောအတုဟုဆိုသော်ငြားလည်း အတုသည် အစစ်လောက်တော့ မကောင်း။ အတုတွင် အတု၏ဂုဏ်သတ္တိ များကိုသာ တွေ့ရဖို့ရှိသည်။ သို့သော် ထိုအတုကို လုံးဝဥဿုံဥပေက္ခာပြုထား ၍တော့မရ။ အစစ်မရနိုင်တော့သည့် အချိန်မျိုးတွင် အတုကို အစားထိုးကုန်စည် အဖြစ် သုံးစွဲကြ ရသည်မဟုတ်ပါလား။
တစ်ခါတစ်ရံ အတုသည် အစစ် ထက်ပိုမိုဆွဲဆောင်မှု ကောင်းနေတတ် သည်။ ဥပမာ ခွဲစိတ်ပြုပြင်ထားသော မျက်နှာအတုများ၊ ဆီလီကွန်ထည့်ထား သော ရင်သားအတုများ၊ တင်အတုများ၊ မျက်ခုံးမွှေးအတုများ စသည်တို့သည် အတုဖြစ်နေသည့်တိုင် အစစ်ကိုစိန်ခေါ် နိုင်စွမ်း ရှိနေတတ်ပြန်သည်။ တချို့ သောသူများသည် အစစ်ထက်အတုကို ပိုမိုတပ်မက် နေနိုင်ပြန်သည်။

ကျွန်တော်တို့ အားကိုးအားထားပြု ရသည့်အတုများလည်း ရှိနေပြန်သေး သည်။ လက်အတု၊ ခြေအတု၊ နှလုံးအတု စသည့် လူ၏ခန္ဓာကိုယ်အတွက် အစားထိုး တပ်ဆင်ရသည့်အတုများမှာ ကျွန်တော် တို့အတွက် မရှိမဖြစ်လိုအပ်သော အတု များပင် ဖြစ်တော့သည်။
ရေတံခွန်အတု၊ ပင်လယ်ကမ်းခြေ အတု၊ ကျွန်းအတု၊ ရေအောက်ကမ္ဘာအတု၊ မိုးအတု စသည်ဖြင့် သဘာဝတရားကိုပင် အတုလိုက်လုပ်နိုင်စွမ်းကို လူသားတို့ပိုင် ဆိုင်ထားသည်။ အတုလုပ်ရာတွင် ပါရဂူ မြောက်သည့် စိနတိုင်းသားတို့ကတော့ လကိုပင်အတုပြုလုပ်ရန် ကြိုးစားနေပြီ ဖြစ်သည်။ ဆိုရလျှင် အစားအသောက် အတု၊ လူ့အသုံးအဆောင်ပစ္စည်းအတုတို့ ဆိုသည်မှာ သူတို့အတွက် စာမဖွဲ့လောက် တော့ပေ။
ပိုက်ဆံအတု၊ အရက်အတု၊ ကြက်ဥ အတု၊ ဂေါ်ဖီထုပ်အတု၊ ဆန်အတု၊ အချို ရည်အတု၊ ပုဇွန်အတု၊ မိတ်ကပ်အတု၊ နှုတ်ခမ်းနီဆိုးဆေးအတု၊ ရေမွှေးအတု စသည်ဖြင့် အတုအမျိုးအစားစုံလင်လှ သည်။ ထိုအတုများမှာ ဒြပ်ရှိသော အတု များ ဖြစ်သည်။ အချစ်အတု၊ မေတ္တာအတု၊ အမုန်းအတု၊ သံယောဇဉ်အတု စသည်ဖြင့် ဒြပ်မဲ့အတုများလည်း ရှိနေပြန်သေးသည်။ ယခု နည်းပညာခေတ်တွင် ခေတ်စားလာ သည်ကတော့ အကောင့်အတု။ ဖေ့စ်ဘွတ် (ခ်)တွင် အကောင့်အတုများဖွင့်ပြီး လူတွေကို ဒုက္ခပေးကြခြင်းဖြစ်သည်။ ဖော်ပြပါအတုများသည် ကျွန်တော်တို့ အတွက် အကောင်းထက် အဆိုးကိုသာ ဖြစ်စေဖို့များသည်ဟု ဆိုချင်သည်။

လွန်ခဲ့သောအပတ်က မိတ်ဆွေ တစ်ဦးထံမှ ကြားရသည့်အတုတစ်မျိုးမှာ နည်းနည်း ထူးဆန်းနေသည်။ အရင်က မထင်မှတ်ထားခဲ့၊ မကြားဖူးခဲ့သည့်အတု အသစ်တစ်မျိုးဖြစ်သည်။ WY ဆေးပြား အတု။ ရွာတစ်ရွာတွင် ထိုဆေးပြားဖြန့်ဖြူး နေသူတစ်ဦးမှာ ဆေးပြားအတုမိ၍ သိန်း နှစ်ဆယ်ကျော်ဖိုးလောက် ဆုံးရှုံးသွား သကဲ့သို့ ဖောက်သည်လည်းပျက်သွား သည်ဟု ဆိုသည်။ ဤသည်မှာလည်း သတင်းကောင်းတစ်ခုပင် ဖြစ်သည်။ ဥပဒေ ဘက်တော်သားများက မူးယစ် ဆေးဝါးဖြန့်ဖြူးသူများကို ထိထိရောက် ရောက်မနှိမ်နင်းနိုင်သေးခင် လူငယ်များ အနေဖြင့် အနည်းငယ်သက်သာရာ ရနေ ပေမည်။ သို့သော် မူးယစ်ဆေးသုံးစွဲသူများ ကတော့ တစ်နေရာမှမရနိုင်လျှင် တစ်ခြား ရနိုင်သည့်နေရာက ရှာဖွေဝယ်ယူသုံးစွဲ ကြပေလိမ့်မည်။

အတုတွေ ဗရပွဖြစ်နေသည့် ပတ် ဝန်းကျင်တွင် နေထိုင်ကြရသည့် အလျောက် အတုကိုရှောင်လွှဲဖို့ဆိုသည်မှာ မလွယ်။ တချို့သောအတုများကို ကျွန် တော်တို့အနေဖြင့် အစစ်အမှတ်ဖြင့် သုံးစွဲ လျက်ရှိကြသည်။ အဆိုးဆုံးမှာ အစား အသောက်အတုများ၊ ဆေးဝါးအတုများ ဖြစ်ပြီး ၎င်းတို့က ကျွန်တော်တို့၏ အသက်ဘေးကို ကြီးမားစွာ ခြိမ်းခြောက် လျက် ရှိပေသည်။ ကျွန်တော်တို့ကို အထူးသဖြင့် ယောက်ျားများကို ဆိုးဆိုး ရွားရွားဒုက္ခပေးနေသည့် နောက်ထပ်အတု တစ်မျိုးမှာ အရက်အတု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော အရက်များ၏ ၇၀ ရာခိုင်နှုန်းလောက်မှာ အတုများ ဖြစ်သည်ဟု ဆောင်းပါးတစ်ခု တွင်ဖတ်ဖူးသည်။ မှန်ကန်မှုရှိမရှိဆိုသည် ကိုတော့ ကျွန်တော်လည်းမသိပါ။ ထိုမျှမ က ပြည်ပကတင်သွင်းသော အရက်များ သည်လည်း အတုများဖြင့် ရောပြွမ်းနေပေ သည်။ အထူးသဖြင့် တရားမဝင်တင်သွင်း သော အရက်များဖြစ်ဖို့များသည်။

အတုဆိုလျှင်တော့ မည်သည့် အတုကိုမျှ ကျွန်တော်မထိတွေ့လိုပါ။ ကုန်ကုန်ပြောရလျှင် အပြုံးအတုတစ်ခု ကိုပင်လျှင် ကျွန်တော်မလိုချင်ပါ။ ကျွန် တော့ခန္ဓာကိုယ်တွင်လည်း မည်သည့် ကိုယ်အင်္ဂါအတု တစ်ခုခုကိုမျှ ကျွန်တော် အစားမထိုးလိုပါ။ တစ်ပါးသူတစ်ဦးတစ် ယောက်ကိုမျှလည်း အတုများနှင့်ပတ် သက်မှုမရှိစေချင်ပါ။
ထိုအတုအတုများစွားထဲတွင် ကျွန် တော်မလိုချင်ဆုံးသော အတုမှာ မိတ်ဆွေ အတုဖြစ်သည်။ ကျွန်တော့အတွက် မိတ်ဆွေဆိုသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်သောကြောင့်တည်း။