မီးသတ်တပ်သားသစ်ခေါ်၊ နေထိုင်ရာခရိုင်အတွင်း တာဝန်ထမ်းဆောင်ရမည်

0
785

တနင်္သာရီတိုင်းအတွင်း မီးသတ် တပ်သားအဖြစ် လုပ်ကိုင်လိုသူများကို ခေါ်ယူနေပြီး သင်တန်းပြီးဆုံးပါက မိမိ နေထိုင်ရာ ခရိုင်အတွင်းပင် တာဝန်ထမ်း ဆောင်ရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်ဇော်ဝင်းက ပြော သည်။

မီးသတ်တပ်သားအဖြစ် လျှောက် လိုပါက အသက် ၁၈ နှစ်မှ ၃၀ နှစ်ထက် မကျော်လွန်သူ ၊ မျက်မှန်တပ်ဆင်ထား ခြင်းမရှိသူ၊ အရပ် ၅ ပေ ၃ လက်မ အနိမ့်ဆုံးရှိသူ၊ ဆေးမင်ကြောင်မထိုးထား သူ အစရှိသည့် အချက်များနှင့် ကိုက်ညီ ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမျိုးသားဖြစ်ပါက ပညာရေး အရည်အချင်း ၈ တန်းအောင်ထားသူ ဖြစ်ရမည်ဖြစ်ပြီး အမျိုးသမီးဖြစ်ပါက ဘွဲ့ရဖြစ်ရမည်ဖြစ်ကာ အရပ် ၅ ပေ ရှိရမည်ဖြစ်သည်။
မီးသတ်တပ်သားသင်တန်းကို ဗဟိုမီးသတ်သင်တန်းကျောင်းတွင် ၃ လ တက်ရောက်သင်ကြားရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက မိမိနေထိုင်ရာ ခရိုင်အတွင်းရှိ မီးသတ်စခန်းများတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဦးသိန်းဇော်ဝင်းက ပြောသည်။

“အချိန်မရွေး လာလျှောက်လို့ရ တယ်၊ အိမ်ထောင်သည်လည်း လာ လျှောက်နိုင်တယ်”ဟု ၎င်းက ဆိုသည်။
မီးသတ်တပ်သားအဖြစ်လျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်မီးသတ်တပ်ဖွဲ့ရုံးများတွင် လျှောက်ထားနိုင်ကြောင်း ဦးသိန်း ဇော်ဝင်းက ပြောသည်။
မီးသတ်တပ်ဖွဲ့တွင် အနည်းဆုံး ၃ နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တစ်လလျှင် လစာနှင့် ရိက္ခာအတွက် စုစုပေါင်း နှစ်သိန်းနီးပါး (၁၉၀၅၀၀ ကျပ်) ရရှိမည်ဖြစ်ကြောင်း ခရိုင်မီးသတ် တပ်ဖွဲ့ထံမှ သိရသည်။

ယင်းအပြင် တာဝန်ထမ်းဆောင် စဉ်ကာလတွင် နေထိုင်မည့် အဆောင်ရ မည်ဖြစ်ပြီး မီးငြိမ်းသတ်ရေးဝတ်စုံများ အပါအဝင် အခြားပစ္စည်းများ၊ အိပ်ယာ၊ ခြင်ထောင်၊ စောင် အစရှိသည့် ပစ္စည်း များကိုလည်း ထောက်ပံ့ပေးမည်ဖြစ် ကြောင်း ဦးသိန်းဇော်ဝင်းက ဆိုသည်။
တနင်္သာရီတိုင်းအတွင်း မီးသတ် စခန်း ၂၄ ခုတွင် မီးသတ်တပ်ဖွဲ့ဝင် ၃၂၃ ဦး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရ သည်။