မွန်၊ ကရင် တိုင်းရင်းသားဘာသာ ကျွမ်းကျင်သူ ဆရာ/ဆရာမများ ခေါ်၊ ထားဝယ်၊ ဆလုံ မပါသေး

0
512

အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြား ရန်အတွက်တိုင်းရင်းသားဘာသာ ကျွမ်း ကျင်သူများ ဆရာ/ဆရာမအဖြစ် လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာနက ထုတ်ပြန် ကြေညာလိုက်သည်။
တိုင်းရင်းသားဘာသာသင်ဆရာ (Language Teacher) နှင့် သင် ထောက်ကူဆရာ (Teaching Assistant ) ရာထူးများအတွက် ခေါ်ယူနေခြင်း ဖြစ်သည်။

သက်ဆိုင်ရာ တိုင်းရင်းသားဘာ သာစကားကို အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်စွာ သင်ကြားနိုင်သူများက တိုင်းရင်းသား ဘာသာသင်ဆရာ(Teaching Assistant)အဖြစ် လျှောက်ထားနိုင် မည်ဖြစ်ကာ ၎င်းရာထူးအတွက် ပညာ အရည်အချင်း ကန့်သတ်ချက်မရှိပေ။
အနိမ့်ဆုံး ၉ တန်းအောင်ပြီး မြန်မာဘာသာစကားနှင့် ပြဋ္ဌာန်းထား သည့် သက်ဆိုင်ရာတိုင်းရင်းသားဘာသာ စကားကို ကျွမ်းကျင်စွာ အရေး၊ အဖတ်၊ အပြောသင်ကြားနိုင်ကာ KG၊ ပထမ တန်း၊ ဒုတိယတန်း၊ ကျောင်းသင်ခန်းစာ ပြဋ္ဌာန်းချက်များကိုပါ သင်ကြားနိုင်သူ များက နေ့စားလပေး ဆရာ^ဆရာမ (Teaching Assistant) ရာထူးကို လျှောက်ထားနိုင်မည် ဖြစ်သည်။
အထက်ပါ ဆရာ/ဆရာမ ရာထူး နေရာများ လျှောက်ထားရာတွင် ပြည် ထောင်စုမှ သင်ရိုးအတည်ပြု ပြဋ္ဌာန်းပြီး သော တိုင်းရင်းသားဘာသာများအတွက် သာ လျှောက်ထားနိုင်မည်ဟု တနင်္သာရီ တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ထံမှ သိရသည်။
တနင်္သာရီတိုင်းတွင် ထားဝယ်၊ မြိတ်၊ ကရင်၊ မွန်၊ ဆလုံ တိုင်းရင်းသား များနေထိုင်ကြရာ စကောကရင်၊ ပိုးက ရင်နှင့် မွန်တိုင်းရင်းသားဘာသာစကား သင်ရိုးများသာ ပြည်ထောင်စုမှ အတည် ပြုပြဌာန်းထားသေးသည်။
ထို့ကြောင့် လက်ရှိတွင် စကော ကရင်၊ ပိုးကရင်နှင့် မွန်တိုင်းရင်းသားဘာ သာစကား အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်သူများသာ လျှောက်ထားနိုင်ဦး မည် ဖြစ်သည်။

ထားဝယ်ဘာသာစကားသင်ရိုးနှင့် ဆလုံဘာသာစကားသင်ရိုးတို့မှာ တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အတည်ပြုပြီး ဖြစ်သော်လည်း သင်ရိုးပြဌာန်းရန် ပြည် ထောင်စုသို့ ပေးပို့ထားဆဲဖြစ်သည်။
သို့ကြောင့် ထားဝယ်နှင့် ဆလုံ ဘာသာစကားကျွမ်းကျင်သူများ ဆရာ/ ဆရာမအဖြင့် လျှောက်ထားနိုင်ဦးမည် မဟုတ်ပေ။
တိုင်းရင်းသားဘာသာသင်ဆရာ (Language Teacher) ၏ လစာမှာ ၃ သောင်းကျပ်ဖြစ်ပြီး တစ်ရက်လျှင် အနည်းဆုံး စာသင်ချိန် တစ်နာရီ၊ တစ် ပတ် အနည်းဆုံး ၅ နာရီသင်ကြားရမည်ဟု တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဦးစီး အရာရှိ ဒေါ်သံယောဇဉ်မိုးက ပြောသည်။
“ဒေသခံကို အဓိက ဦးစားပေး ခန့် ထားမှာပါ” ဟု ဦးစီးအရာရှိက ပြောသည်။
ယင်းရာထူးအတွက် လျှောက်ထား သူများကို မိမိရွာတွင်သာ ပြန်လည်ချ ထားပေးမည်ဆိုပါက ပိုမိုသင့်တော်မည် ဖြစ်ကြောင်း ကရင်တိုင်းရင်းသားအချို့က ပြောကြသည်။

ရသည့်လစာအရ ရပ်ရွာအတွက် စေတနာပါသူများသာ လျှောက်ထား ကြမည်ဖြစ်ပြီး အခြားရွာတွင် သွား ရောက် တာဝန်ထမ်းဆောင်ရမည်ဆိုက မလွယ်ကူနိုင်ဟု ထားဝယ် ဘန်းချောင်း ဒေသခံ ကရင်တိုင်းရင်းသား စောတင်ဦး က ပြောသည်။
နေ့စားလပေး ဆရာ/ဆရာမ(Tea-ching Assistant)ရာထူးအတွက် လျှောက်ထားသူများမှာ ပြဌာန်းထား သည့် သက်ဆိုင်ရာ တိုင်းရင်းသား အရေး၊ အဖတ်၊ အပြောတို့ကိုသင်ကြားရ မည့်အပြင် မူလတန်းအဆင့် တိုင်းရင်း သားကလေးငယ်များ စာသင်ကြားရာ တွင် ဘာသာစကားအခက်အခဲမရှိစေရန် မိခင်ဘာသာစကားဖြင့် ကူညီရှင်းလင်း ပေးခြင်းနှင့် သင်ကြားမှု၊ သင်ယူမှုထိ ရောက်စေရေး ကူညီဆောင်ရွက်ပေးရ မည် ဖြစ်သည်။
လစာမှာ ပညာရေးဌာနမှ သတ် မှတ်ထားသည့် အခြား နေ့စားလပေး ဆရာ/ဆရာမများ၏ လစာအတိုင်း ခံစားရမည်ဖြစ်ပြီး ပညာအရည်အချင်း မြင်းမားသူများက ရာထူးအဆင့်ဆင့် တက်ရန် အခွင့်အလမ်းများရှိကြောင်း အထက်ပါ ဦးစီးအရာရှိက ပြောသည်။

နေ့စားလပေး ဆရာ/ဆရာမ(Tea-ching Assistant) လျှောက်ထားသူများ က သက်ဆိုင်ရာတိုင်းဒေသကြီး တိုင်း ရင်းသားလူမျိုးရေး ရာဝန်ကြီးတစ်ဦးဦး (သို့မဟုတ်) အစိုးရအဖွဲ့မှတာဝန်ပေးအပ် ထားသည့် ဝန်ကြီးတစ်ဦးဦး၏ ထောက် ခံချက်ရယူရမည်ဖြစ်သည်။ ဒေသခံတိုင်း ရင်းသားများအနေဖြင့် အစိုးရအဖွဲ့ဝန် ကြီးတစ်ဦးဦး၏ ထောက်ခံချက်ယူရမည် ဆိုပါက အခက်အခဲရှိနိုင်သည်ဟု ဒေသ ခံတိုင်းရင်းသားအချို့က ဆိုသည်။
ထားဝယ်စာ သင်ကြားခွင့်ရခဲ့ပါက နေ့စားလပေးဆရာမ(Tea-ching Assistant- တိုင်းရင်းသားဘာသာ သင်ကြားရေး အထောက် အကူပြု)ရာထူး လျှောက်ထားရန် စိတ်ဝင်စားသည်ဆို သော လောင်းလုံးမြို့နယ်မှ မဟာသပ္ပံဘွဲ့ ရ ထားဝယ်လူမျိုး အမျိုးသမီး တစ်ဦးက မူ လျှောက်ထားသူများအနေဖြင့် ဝန်ကြီး ၏ ထောက်ခံချက်ယူရန် အခက်အခဲရှိနိုင် ကြောင်း ပြောသည်။
“ရပ်ကွက်၊ ရဲစခန်းလောက်က အဆင်ပြေတယ်၊ ဝန်ကြီးထောက်ခံချက် ယူဖို့ဆိုတာ အချို့ဆို ဝန်ကြီး ဘယ်မှာနေ မှန်းတောင် မသိဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယင်းသို့ထောက်ခံချက်ပေးနိုင်ရန် တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေး ရာဝန်ကြီး စောလုကာက ပြောသည်။
“ဦးစီးဌာနနဲ့ ပြန်တိုင်ပင်ရမယ်၊ ဝန်ကြီးထောက်ခံချက်လက်မှတ်ထိုးပေး မှ ရမယ်ဆို ထိုးပေးရမှာပေါ့” ဟု ဝန်ကြီး စောလုကာက ပြောသည်။
ဆရာ/ဆရာမ ရာထူး ၂ မျိုးစလုံး အတွက် ဆရာဆရာမဦးရေ ကန့်သတ် ထားခြင်း မရှိပေ။
အခြေခံပညာသင်ကျောင်းများတွင် သက်ဆိုင်ရာ တိုင်းရင်းသားစာပေကို သင်ယူလိုသူ မူလတန်းကျောင်းသား။ကျောင်းသူ (၁၀)ဦးမှ (၁၀၀)ဦးထိရှိပါက ဆရာ/ဆရာမ (၁)ဦးနှုန်းစီ၊ (၁၀၁)ဦးမှ (၂၀၀) ထိရှိပါက ဆရာ/ဆရာမ(၂)ဦး နှုန်းစီဖြင့် ခန့်ထားပေးမည်ဖြစ်သည်။
တနင်္သာရီတိုင်းတွင် တိုင်းရင်းသား ဘာသာစကားများကို ၂၀၁၄ ခုနှစ်မှ စတင်သင်ကြားခဲ့သည်။

တိုင်းအတွင်း၌ ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွင်း အတွင်း မွန်၊ ပိုးက ရင် နှင့် စကောကရင် ဘာသာစာပေများ ကို သင်ကြား နေသည့် ကျောင်းသားဦးရေ စုစုပေါင်း တစ်သောင်းခြောက်ထောင် ကျော် (၁၆၁၈၂ ဦး) ရှိပြီး ၎င်းကျောင်း သားများကို တိုင်းရင်းသားဘာသာရပ် သင် ဆရာ^ဆရာမ ၄၃၆ ဦးက သင် ကြားပေးနေကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။
အထက်ပါရာထူးများအတွက် လျှောက်ထားသူသည် တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးရုံးသို့ ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ(၃)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့အတွင်း နောက် ဆုံးထား၍ လျှောက်လွှာများ ပေးပို့ရမည် ဖြစ်ပါသည်။
“လျှောက်ထားဖို့အတွက် လိုအပ် တဲ့အချက်အလက်တွေကို ကျွန်မတို့ရုံးကို ဆက်သွယ်မေးမြန်နိုင်ပါတယ်”ဟု ဦးစီး အရာရှိက ပြောသည်။
လျှောက်လွှာပုံစံများကို MOEA facebook page တွင်လည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေး မှူးရုံးတွင်လည်းကောင်း ရယူရမည်ဖြစ် သည်။

တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှာ ထားဝယ်မြို့၊ ဆန်းချီရပ်၊ ထားဝယ်မြို့နယ်စုပေါင်းရုံး အောက်ထပ်တွင်ဖွင့်လှစ်ထားပြီး ဆက် သွယ်မေးမြန်းနိုင်သော ရုံးဖုန်းနံပါတ် များမှာ ၀၉- ၄၂၀၇၃၄၆၉၂၊ ၀၅၉- ၂၀၂၁၆၅၅ တို့ ဖြစ်သည်။