သရက်ချောင်း နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အလှူငွေ ကျပ်သိန်းလေးဆယ်ကျော် ရရှိ

0
474

သရက်ချောင်းမြို့နယ်တွင် ၁၆ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အလှူငွေ ကျပ်သိန်းလေးဆယ်ကျော်ရရှိခဲ့ကြောင်း နှစ်ကျပ်ရှစ်ဆူဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ယခင်နှစ်က အလှူငွေ ၃၇ သိန်း ကျပ်ခန့် ရရှိခဲ့ပြီး ယခုနှစ်တွင် ၄၅ သိန်း ကျပ်ခန့် ရရှိခဲ့ကြောင်း ယင်းဂေါပက အဖွဲ့၏ အတွင်းရေးမှူး ဦးသစ်လွင်က ပြောသည်။

“စည်းကမ်းတွေ ပြန်သတ်မှတ် တယ်။ ဆုချီးမြှင့်တာတွေကို ဆရာတော် တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်လာတဲ့ အတွက် တဖြည်းဖြည်းနဲ့ အလှူငွေလည်း တိုးလာသလို လူလည်း ပိုစည်ကားလာ တယ်”ဟု ဦးသစ်လွင် ဆိုသည်။

ရရှိလာသည့် အလှူငွေများကို ဆုချီးမြှင့်ခြင်း၊ ဘုရားဒေသစာရီလှည့်လည်ပူဇော်ရာတွင် အသုံးပြုခြင်း၊ ဘုရား မုခ်ဦးဆောက်လုပ်ခြင်း၊ ဘုရားပွဲကျင်းပ နိုင်ရေးအတွက် ယာယီစံကျောင်းများတွင် အသုံးပြုခြင်း အစသဖြင့် ဘုရားကိစ္စနှင့် သက်ဆိုင်သည့် နေရာများတွင်သာ အသုံးပြုကြောင်း ၎င်းက ဆိုသည်။
သရက်ချောင်းမြို့နယ်တွင် နှစ် ကျိပ်ရှစ်ဆူဘုရားများကို တန်ဆောင်မုန်း လဆန်း ၉ ရက်မှ ၁၁ ရက်အထိ ယာယီစံကျောင်းတော်တွင် အပူဇော်ခံ ထားရှိပြီး လဆန်း ၁၂ ရက်တွင် ဒေသစာရီလှည့်လည်အပူဇော်ခံခဲ့ကြောင်း သရက်ချောင်းမြို့နယ် နှစ်ကျိပ်ရှစ်ဆူဘုရားဂေါပကအဖွဲ့မှ သိရသည်။