ထားဝယ်ဈေးကြီးတစ်ဝိုက် သောင်းကျန်းလာသည့် ကလေးသူတောင်းစားများကိစ္စ ဘယ်လိုကိုင်တွယ်မလဲ

0
488

ထားဝယ်မြို့ စည်ပင်သာယာဈေး ကြီးအနီးပတ်ဝန်းကျင်တွင် ကျက်စားနေ သည့် ကလေးသူတောင်းစားများ ပြီးခဲ့ သည့်နှစ်လခန့်မှစကာ တကြော့ပြန် ခေါင်းထောင်လာသည်။
တစ်ဦးချင်း တောင်းရမ်းနေခြင်းမျိုး မဟုတ်ဘဲ အစုအဖွဲ့ပုံစံဖြင့် ငွေကြေး တောင်းရမ်းနေခြင်းဖြစ်ပြီး ဈေးဝယ်သူ များကို အနှောင့်အယှက်ပေးသည့်အဆင့် ဖြစ်လာသည်။
ပြီးခဲ့သည့်ရက်က ရွှေဆိုင်သို့လာ သည့် အမျိုးသမီးငယ်တစ်ဦးထံမှ ပိုက်ဆံ တောင်းရာမှ အင်္ကျီကို ဆွဲလိုက်ရာ အမျိုး သမီးငယ်၏ အင်္ကျီပြဲသွားခဲ့ကြောင်း ဈေးကြီးအနောက်ဖက်ရှိ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ပြုမူသဖြင့် ဆိုင်ပိုင်ရှင် က ယင်းသို့မလုပ်ရန် ပြောဆိုဆုံးမရာ တောင်းရမ်းနေသည့် ကလေးငယ်က ၎င်းတို့အုပ်စုကို သွားခေါ်ကာ အုပ်စု လိုက်လာရောက်ဆဲဆိုသွားကြောင်း အထက်ပါ ဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။
“အခုက အုပ်စုဖွဲ့ပြီး မိုက်ကြေးခွဲ သလိုဖြစ်နေတယ်၊ အရှက်မကွဲခံချင်ရင် ပေးလိုက်ရမယ့် သဘောရှိတယ်”ဟု ၎င်း က ဆိုသည်။
ယင်းကဲ့သို့ အုပ်စုလိုက် ဆဲဆိုနေ ကြသည့်အတွက် ထားဝယ်ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ ဝင်များ ရောက်ရှိလာချိန်တွင်မူ အဆိုပါ ကလေးများ မရှိတော့ကြောင်း အထက်ပါ ဆိုင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ဈေးဝယ်သူများကို လိုက်ဆွဲပြီး တောင်းနေကြသည့်အတွက် ဈေးဝယ် သူများနှင့် ဈေးဆိုင်ပိုင်ရှင်များလည်း အနှောင့်အယှက် ဖြစ်ရကြောင်း စည်ပင် သာယာဈေးကြီးအတွင်း ကုန်စုံရောင်း ချနေသည့် ဈေးသည်တစ်ဦးက ပြော သည်။
တောင်းစားနေသည့် ကလေးများ ၏ နောက်ကွယ်တွင် ခိုင်းစေနေသူများ ရှိနိုင်ပြီး တာဝန်ရှိသူများအနေဖြင့် စစ် ဆေးဖော်ထုတ်သင့်ကြောင်း စည်ပင် သာယာဈေးကြီးတွင် ဆိုင်ကယ်ကယ်ရီ မောင်းနေသည့် ဦးသူရအောင်က ဆို သည်။
“တာဝန်ရှိသူတွေက ထိထိရောက် ရောက် ကိုင်တွယ်သင့်တယ်၊ စီးပွားဖြစ် လုပ်နေတာလား၊ တစ်ကယ်ဒုက္ခရောက် လို့ တောင်းနေတာလားဆိုတာ”ဟု ဦးသူရအောင်က ပြောသည်။

ယခုနှစ် ဇူလိုင်လ နောက်ဆုံးအပတ် ထွက်ရှိသည့် တနင်္သာရီအပတ်စဉ်တွင် “ကလေးအသုံးချ သူတောင်းစားလုပ်ငန်း အမြစ်စတွယ်လာပြီလား” ဆိုသည့် သတင်းဆောင်းပါးကို ရေးသားဖော်ပြခဲ့ ပြီးဖြစ်သည်။
ယင်းသတင်းဆောင်းပါးဖော်ပြပြီး နောက်ပိုင်းတွင် တောင်းရမ်းစားသောက် သည့် ကလေးများ ခေတ္တပျောက်ကွယ် သွားပြီးနောက် ယခုတဖန် ပြန်ပေါ်လာ ခြင်းဖြစ်သည်။
တောင်းရမ်းသည့် ကလေးများ အနက် အသက် ၁၀ နှစ်အထက် ရှိသည့် မိန်းကလေးအချို့ကမူ လသားအရွယ် ကလေးများကို ရင်ခွင်ပိုက်ကာတောင်း ရမ်းကြသည်။
တောင်းရမ်းနေသည့် ကလေးများ မှာ ယခင်က ဇလွန်းရွာတွင် အိမ်ငှားနေ ထိုင်ပြီး ယင်းအိမ်တွင်ပင် အမျိုးသားလူ လတ်ပိုင်းများ အပါအဝင် လူဦးရေ နှစ်ဆယ်ဝန်းကျင်အထိ စုပေါင်းနေထိုင် ကြသည်။

ယင်းအိမ်တွင် အုပ်စု ၅ စုခန့် စုပေါင်းနေထိုင်သည်ဟု ယူဆရပြီး ကလေးများနှင့်အတူ အသက် ၃၀ နှစ် အထက် အမျိုးသားအမျိုးသမီးများ ၁၀ ဦးထက်မနည်းရှိကာ ကလေးဦးရေမည် မျှနေထိုင်သည်ကိုမူ မသိရပေ။
၎င်းတို့နေထိုင်သည့်အိမ်ရှေ့တွင် ကုန်စုံဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး ယင်းအိမ်တွင် နေထိုင်သူများက ရောင်း ချနေသည်။
ယင်းကလေးအုပ်စုသည် ယခင်က ၎င်းတို့လုပ်ငန်းခွင်ဖြစ်သည့် စည်ပင်သာ ယာဈေးကြီးသို့ မနက်စောစောတွင် သုံးဘီးဆိုင်ကယ်ဖြင့် လာရောက်ကြပြီး နောက် ပျှမ်းမျှအားဖြင့် နှစ်ယောက်တစ် တွဲနှုန်း လူစုခွဲကာ လူစည်ကားသည့် နေရာအနှံ့တွင် လိုက်လံတောင်းရမ်း ကြ ခြင်းဖြစ်သည်။
ကလေးများကို တောင်းရမ်းစေ ခြင်းနှင့် ပတ်သက်၍ အရေးယူမှုများလုပ် ဆောင်ရန် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကော်မတီ များကို ဖွဲ့စည်းထားပြီး ပြည်သူများအနေဖြင့် တွေ့ရှိပါက တိုင် ကြားနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်စန်းရီက ပြောဆိုခဲ့ဖူးသည်။ ရိုးရိုးသားသား တောင်းရမ်းနေပါက အရေးယူရန် မရှိသော်လည်း လွန်လွန် ကျူးကျူး ရမ်းကားလာပါက အရေးယူ သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူးက ဆိုသည်။
“တောင်းတာကတော့ ပြဿနာ မရှိဘူး၊ ရမ်းရမ်းကားကားနဲ့ ဥပဒေကျူး လွန်လာရင်တော့ အရေးယူဖို့ပဲရှိတော့ တယ်”ဟု ထားဝယ်မြို့မ စခန်းမှူးက ပြောသည်။